ခက်ခက်ခဲခဲ အသက်ရှင်ဖို့ ကြိုးစားခဲ့ရတဲ့ သမီးလေး ကျန်းမာလာလို့ ဝမ်းသာနေတဲ့ မေမေ ခိုင်နှင်းဝေ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






Myint Myat

Unicode ဖြင့်ဖတ်ပါ
★★★★★

မွန်မြတ်တဲ့စိတ်ထားနဲ့ အားနည်းသူတွေကို ဖေးမတတ်တဲ့ သရုပ်ဆောင်ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေကို ကိုယ်ကျိုးမကြည့်ပဲ လုပ်တတ်တာကြောင့် ပရိသတ်တွေ လေးစား ချစ်ခင်ကြသူတစ်ဦးပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ လတ်တလောမှာ သူမကိုယ်တိုင်မိခင်အဖြစ်ခံယူပြီးမွေးစားနေတဲ့ သားသမီးတွေထဲက အသက်ရှငဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့ သမီးလေးတစ်ယောက် ကျန်းမာလာလို့ ဝမ်းသာပီတိ ဖြစ်နေတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ချစ်ရတဲ့ သားသမီးတွေကို မိခင်အရင်းနဲ့မခြား စောင့်ရှောက်တဲ့ ခိုင်နှင်းဝေကတော့ တကယ့်ကို လေးစားစရာ အမျိုးသမီးပါပဲနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ခက်ခက်ခဲခဲ အသက်ရှင်ဖို့ ကြိုးစားခဲ့ရတဲ့ သမီးလေး ကျန်းမာလာလို့ ဝမ်းသာနေတဲ့ မေမေ ခိုင်နှင်းဝေရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခိုင်နှင်းဝေကတော့ “မွေးကတည်းက အသက်လုပြီး ကျန်းမာလာအောင်မနည်းကြိုးစားယူခဲ့ရတဲ့အထဲ သမီးလေးခိုင်တန်ခူးမေ ထိပ်ဆုံးကပါခဲ့တယ်…အသက်လေးက၈လဆေးရုံတက်ရတဲ့အကြိမ်ပေါင်းက၆ကြိမ် ,,,ဆေးရုံရောက်လို့ သမီးကိုတွေ့တာနဲ့ ဆရာဝန်တွေ သူနာပြုတွေက ဘာလုပ်ရမလဲတန်းသိတာပဲ…မွေးရာပါ အသက်ရူလမ်းကြောင်းဆိုင်ရာရောဂါပါလာတော့ သမီးလေးမှာ ကျမတို့သာမန်လူတွေလို အသက်ရူဖို့ခဲခဲယဉ်းယဉ်းကြိုးစားရရှာတာ , အမြဲတမ်းဆေးတွေရှုဆေးတွေသောက်,အဖျားတွေတက် ပိုးမွေးသလိုမွေးရတဲ့သမီးလေး အခုတော့ အရမ်းစိုးရိမ်ရတဲ့အခြေအနေကနေလွတ်မြောက်လာပြီ. သူ့အတွက်စောင့်ရှောက်ဖို့ ဝန်ထမ်းသီးသန့်ထားပေးရတာလေ.အားတင်းပြီး နေကောင်းအောင်နေပေးနော် သမီးလေး…သမီးရဲ့ကျန်းမာရေးအတွက် အကောင်းဆုံးကုသစောင့်ရှောက်ဖို့ မေမေ့တာဝန်ထား…ကလေးတို့ရဲ့မေမေ ခိုင်နှင်းဝေ” ဆိုပြီး ခက်ခက်ခဲခဲ ရှင်သန်ဖို့ ကြိုးစားခဲ့ရတဲ့ သမီးလေးကို ကျန်းမာလာအောင် စောင့်ရှောက်ခဲ့တဲ့အကြောင်း ပီတိဖြစ်စွာ ပြောလာတာပါ။

လုံးဝကို နေကောင်းသွားပြီဖြစ်တဲ့ သမီးလေး

ခိုင်နှင်းဝေကတော့ သူမမွေးစားထားတဲ့ သားသမီးတွေကို တကယ့်ရင်သွေးအရင်းအချာလိုစောင့်ရှောက်နေသူတစ်ဦးပါ။မွန်မြတ်တဲ့မေတ္တာတရားတွေ ပြည့်နှက်နေတဲ့ ခိုင်နှင်းဝေကတော့ သူမကိုယ်တိုင် ဉီးဆောင်ပြီး လုပ်ကိုင်နေတဲ့ ပရဟိတလုပ်ငန်းတွေအတွက်”ခိုင်နှင်းဝေ ပရဟိတလူငယ်များအသင်း”ကို တည်ထောင်ထားတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်းကျန်းမာရေးကောင်းလာပြီဖြစ်တဲ့ ခိုင်နှင်းဝေရဲ့သမီးလေး ကိုချစ်ရင်Share သွားခဲ့ကြပါဦးနော်။

Myint Myat
Source:Khine Hnin Wai’s Facebook