စက်ချို့ယွင်းမှုကြောင့် စင်ပေါ်မှာ အခက်အခဲတွေ ကြုံခဲ့ရတဲ့ အက်စတာ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ျမန္မာ အိုင္ေဒါလ္ Season 4 ၿပိုင္ပြဲကို က်င္းပခဲ့တာဆိုရင္ေတာ့ အခုဆိုရင္ အရိွအျမင္ဆံုးအပိုင္းကို ေရာက္ရိွလို႔လာပါၿပီ။ ၿပီးခဲ့တဲ့ ၾကာသပေတးညကေတာ့ ၿပိုင္ပြဲဝင္တစ္ဦးကို သီခ်င္းနွစ္ပုဒ္စီနဲ႕ သီဆိုယွဥ္ၿပိုင္ခဲ့ပါတယ္။ အဲ့ဒီမွာေတာ့ ပထမတစ္ပုဒ္ကို ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ ရုပ္ရွင္သီခ်င္းေတြကို ယွဥ္ၿပိုင္ခဲ့ရၿပီး ဒုတိယအပုဒ္အေနနဲ႔ကေတာ့ လူသားအက်ိဳးျပဳသီခ်င္းေတြကို သီဆိုယွဥ္ၿပိုင္ၾကရတာပဲ ျဖစ္ပါတယ္။ အဲ့ဒီလို ယွဥ္ၿပိုင္ရမႈအေပၚမွလည္း အက္စတာကေတာ့ သီဆိုယွဥ္ၿပိဳင္ေနစဥ္မွာ နည္းပညာ ခ်ို႕ယြင္းမႈတခ်ိဳ႕ျဖစ္ခဲ့ၾကတဲ့အေၾကာင္းကိုလည္း သီဆိုယွဥ္ၿပိုင္မႈအၿပီး မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ ေျပာျပသြားပါတယ္။

“ ဒီေန႔ညက်ေတာ့ ဘယ္လိုျဖစ္လည္းဆိုေတာ့ သမီးနည္းနည္းကံမေကာင္းတာလည္း ပါတာေပါ့ေလ ဒီညက်ေတာ့မွ Technical အရမ္း Error တက္သြားတာ သမီး ဆိုတဲ့အခ်ိန္မွာ ဘာျဖစ္သြားလဲ ဆိုေတာ့ သမီးတို႔ေနာက္မွာ တပ္ထားတဲ့ဟာေလးဆိုရင္ Wireless နဲ႔ဆိုေတာ့ လိုင္းေတြအမ်ားႀကီး နဲ႔လုပ္ရတာဆိုေတာ့ေလ ၿပီးေတာ့ ညီမေလး မိုးသိုဆိုတဲ့အခ်ိန္ဆိုရင္ၾကားမွာပဲ က်ီ … ဆိုၿပီး အသံေလး ျမည္လာတယ္ေလ ။ သမီးဆိုလိုက္တဲ့အခ်ိန္မွာ ဘာျဖစ္သြားလဲဆိုေတာ့ ဒီအေနာက္မွာတပ္ထားၿပီးေတာ့ နားမွာလည္းတပ္ထားေတာ့ နားထဲမွာ ဘာမွမၾကားရေတာ့ဘူး ။ အဲ့ဒီမွာ ဘာျဖစ္သြားလဲဆိုေတာ့ ေရဒီယိုအသံထဲကလို ျမည္လာတာ ဘာသံလဲေပါ့ ျပန္ထိန္းလိုက္တယ္ တစ္ေခါက္ေတာ့ အသံကျမည္လာေတာ့ ကိုယ္ေတြ တီးလံုးကို မၾကားရေတာ့ဘူး အဲ့ဒီလိုျဖစ္သြားတာ အဲ့ဒီလို ျဖစ္လည္း ျဖစ္သြားေရာ ။

သမီးတို႔ ျမန္မာသံစဥ္ ဆိုလို႔ရိွရင္ သမီးကလည္း ျမန္မာသံစဥ္နဲ႔ေဝးတာ ဆယ္ႏွစ္ေလာက္ရိွသြားၿပီဆိုေတာ့ ျမန္မာသံစဥ္ကို တီးလံုးက အတိအက်မွတ္ထားတာ တီးလံုးေလး ဝင္လာေရာ ဒါက ညီမဆိုမယ့္ေနရာပဲဆိုၿပီးေတာ့ ေကာက္ဆိုလိုက္တဲ့အခ်ိန္မွာ အလြဲႀကီးျဖစ္သြားတာဆိုေတာ့ အဲ့ဒီမွာ အရမ္းလည္း လန္႔သြားတာ ဒီStage ေပၚမွာက်င့္ခဲ့တာ အေခါက္ေခါက္ခါခါက်င့္ထားတာလည္း မနည္းဘူးဆိုေတာ့ေလ ။ ဒီဟာက မမွားသင့္တဲ့အရာလို႔ သမီးသိတယ္ ဒါေၾကာင့္မို႔လို႔ ဒီလိုမ်ိဳးဒီညမွားသြားတဲ့အခါမွာ အရမ္းလည္း လန္႔သြားတယ္

ဘာလုပ္ရမွန္းလည္းမသိဘူးေပါ့ေနာ္ ။ ဒါေပမယ့္ မ်က္လံုးပဲ ျပန္မွိတ္ၿပီးေတာ့ အမွန္ျပန္ဝင္ရမယ့္ အခ်ိန္မွာ ဆရာကလည္း အဲ့ဒီလိုျဖစ္သြားတဲ့အခါမွာ သူ႔ရဲ႕ တပည့္အေၾကာင္းကို အရမ္းသိထားေတာ့ ဆရာကလည္း အေနာက္ေန ျပန္တီးေပးတယ္။ အဲ့ဒီေတာ့ ဆရာျပန္တီးေပးထားတဲ့အတိုင္းပဲ သမီးရေအာင္ျပန္ဝင္တယ္ေပါ့ေနာ္ ။ အဓိကက ဒီညေျပာခ်င္တာက ဘယ္သူ႔အျပစ္မွလည္း မဟုတ္ဘူး ဒါက ေျခေခ်ာ္ လက္ေခ်ာ္ျဖစ္သြားတဲ့ အရာဆိုေတာ့ သမီးဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့ အမ်ားႀကီးလည္း စိတ္ဓာတ္လည္းမက်ပါဘူး ။ သမီးဒီည က်မွာ ဒီလိုျဖစ္သြားတယ္ဆိုေတာ့ သမီးကံမေကာင္းလို႔ပဲ ျဖစ္သြားတာေပါ့ ။”ဆိုၿပီးေျပာျပသြားပါတယ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

မြန်မာ အိုင်ဒေါလ် Season 4 ပြိုင်ပွဲကို ကျင်းပခဲ့တာဆိုရင်တော့ အခုဆိုရင် အရှိအမြင်ဆုံးအပိုင်းကို ရောက်ရှိလို့လာပါပြီ။ ပြီးခဲ့တဲ့ ကြာသပတေးညကတော့ ပြိုင်ပွဲဝင်တစ်ဦးကို သီချင်းနှစ်ပုဒ်စီနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ အဲ့ဒီမှာတော့ ပထမတစ်ပုဒ်ကို အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်သီချင်းတွေကို ယှဉ်ပြိုင်ခဲ့ရပြီး ဒုတိယအပုဒ်အနေနဲ့ကတော့ လူသားအကျိုးပြုသီချင်းတွေကို သီဆိုယှဉ်ပြိုင်ကြရတာပဲ ဖြစ်ပါတယ်။ အဲ့ဒီလို ယှဉ်ပြိုင်ရမှုအပေါ်မှလည်း အက်စတာကတော့ သီဆိုယှဉ်ပြိုင်နေစဉ်မှာ နည်းပညာ ချို့ယွင်းမှုတချို့ဖြစ်ခဲ့ကြတဲ့အကြောင်းကိုလည်း သီဆိုယှဉ်ပြိုင်မှုအပြီး မီဒီယာတွေနဲ့ အင်တာဗျူးမှာ ပြောပြသွားပါတယ်။

“ ဒီနေ့ညကျတော့ ဘယ်လိုဖြစ်လည်းဆိုတော့ သမီးနည်းနည်းကံမကောင်းတာလည်း ပါတာပေါ့လေ ဒီညကျတော့မှ Technical အရမ်း Error တက်သွားတာ သမီး ဆိုတဲ့အချိန်မှာ ဘာဖြစ်သွားလဲ ဆိုတော့ သမီးတို့နောက်မှာ တပ်ထားတဲ့ဟာလေးဆိုရင် Wireless နဲ့ဆိုတော့ လိုင်းတွေအများကြီး နဲ့လုပ်ရတာဆိုတော့လေ ပြီးတော့ ညီမလေး မိုးသိုဆိုတဲ့အချိန်ဆိုရင်ကြားမှာပဲ ကျီ … ဆိုပြီး အသံလေး မြည်လာတယ်လေ ။ သမီးဆိုလိုက်တဲ့အချိန်မှာ ဘာဖြစ်သွားလဲဆိုတော့ ဒီအနောက်မှာတပ်ထားပြီးတော့ နားမှာလည်းတပ်ထားတော့ နားထဲမှာ ဘာမှမကြားရတော့ဘူး ။ အဲ့ဒီမှာ ဘာဖြစ်သွားလဲဆိုတော့ ရေဒီယိုအသံထဲကလို မြည်လာတာ ဘာသံလဲပေါ့ ပြန်ထိန်းလိုက်တယ် တစ်ခေါက်တော့ အသံကမြည်လာတော့ ကိုယ်တွေ တီးလုံးကို မကြားရတော့ဘူး အဲ့ဒီလိုဖြစ်သွားတာ အဲ့ဒီလို ဖြစ်လည်း ဖြစ်သွားရော ။

သမီးတို့ မြန်မာသံစဉ် ဆိုလို့ရှိရင် သမီးကလည်း မြန်မာသံစဉ်နဲ့ဝေးတာ ဆယ်နှစ်လောက်ရှိသွားပြီဆိုတော့ မြန်မာသံစဉ်ကို တီးလုံးက အတိအကျမှတ်ထားတာ တီးလုံးလေး ဝင်လာရော ဒါက ညီမဆိုမယ့်နေရာပဲဆိုပြီးတော့ ကောက်ဆိုလိုက်တဲ့အချိန်မှာ အလွဲကြီးဖြစ်သွားတာဆိုတော့ အဲ့ဒီမှာ အရမ်းလည်း လန့်သွားတာ ဒီStage ပေါ်မှာကျင့်ခဲ့တာ အခေါက်ခေါက်ခါခါကျင့်ထားတာလည်း မနည်းဘူးဆိုတော့လေ ။

ဒီဟာက မမှားသင့်တဲ့အရာလို့ သမီးသိတယ် ဒါကြောင့်မို့လို့ ဒီလိုမျိုးဒီညမှားသွားတဲ့အခါမှာ အရမ်းလည်း လန့်သွားတယ် ဘာလုပ်ရမှန်းလည်းမသိဘူးပေါ့နော် ။ ဒါပေမယ့် မျက်လုံးပဲ ပြန်မှိတ်ပြီးတော့ အမှန်ပြန်ဝင်ရမယ့် အချိန်မှာ ဆရာကလည်း အဲ့ဒီလိုဖြစ်သွားတဲ့အခါမှာ သူ့ရဲ့ တပည့်အကြောင်းကို အရမ်းသိထားတော့ ဆရာကလည်း အနောက်နေ ပြန်တီးပေးတယ်။ အဲ့ဒီတော့ ဆရာပြန်တီးပေးထားတဲ့အတိုင်းပဲ သမီးရအောင်ပြန်ဝင်တယ်ပေါ့နော် ။ အဓိကက ဒီညပြောချင်တာက ဘယ်သူ့အပြစ်မှလည်း မဟုတ်ဘူး ဒါက ခြေချော် လက်ချော်ဖြစ်သွားတဲ့ အရာဆိုတော့ သမီးဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အများကြီးလည်း စိတ်ဓာတ်လည်းမကျပါဘူး ။ သမီးဒီည ကျမှာ ဒီလိုဖြစ်သွားတယ်ဆိုတော့ သမီးကံမကောင်းလို့ပဲ ဖြစ်သွားတာပေါ့ ။”ဆိုပြီးပြောပြသွားပါတယ်။

Credit : ygn-news