မိတ်ကပ်ပညာတွေ ဝါသနာပါလို့ လုပ်ဖြစ်တယ် ဆိုတဲ့ နေတိုး
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
ပရိသတ်တွေချစ်တဲ့ မင်းသားနေတိုးကတော့ သရုပ်ဆောင် ကောင်းသူမို့ မှတ်ချက်ကောင်းတွေပဲ အမြဲတမ်း သိမ်းပိုက်ထားသူဖြစ်ပြီး လက်ရှိမှာအနုပညာအလုပ်တွေဇယ်ဆက်သလိုလုပ်နေရတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ ပရိသတ်တွေသည်းသည်းလှုပ်အားပေးရတဲ့နေတိုးပါဝင်သရုပ်ဆောင်ထားတဲ့ “ချည်”ဆိုတဲ့ဇာတ်ကားကြီးဟာလည်းမကြာခင်မှာ ရုံတင်ပြသတော့မှာဖြစ်ပြီးပရိသတ်တွေက အားပေးဖို့အဆင်သင့်ဖြစ်နေပါပြီ။ နေတိုးက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ ကားရိုက်တွေမှာ special effect မိတ်ကပ်တွေပါဝင်ကူညီပေးဖြစ်တဲ့အကြောင်းနဲ့ပတ်သက်ပြီးပြောပြထားခဲ့ပါတယ်။
နေတိုးက မိတ်ကပ်ပညာတွေကိုလေ့လာဖြစ်တဲ့အကြောင်းရင်းကို “လေ့လာဖြစ်တာကတော့ စိတ်ထဲမှာ ဝါသနာပါနေတယ်။ ဒီအလုပ်တွေကိုအမြဲတမ်းလုပ်ချင်နေတယ်။ ကိုယ်လုပ်နေတဲ့အလုပ်တစ်ခုအပေါ်မှာ ကိုယ်လေ့လာထားတဲ့ဟာတွေကိုလည်း အကုန်လုံး share ပြီးတော့ ဒီထက်မကရုပ်ရှင်ကိုပိုပြီးတော့ မြင့်မားအောင်လုပ်ချင်တဲ့စိတ်လေးတွေရှိတယ်။ လိုအပ်ချက်တွေကို ဘာတွေလိုအပ်နေလဲဆိုပြီးတော့ လိုအပ်နေတဲ့ဟာတွေကို professional တွေနဲ့ပြန်ပြီးဖြည့်ဆည်းပြီးတော့မှ သူတို့နဲ့တိုင်ပင်ပြီးတော့မှ ဆွေးနွေးဖြစ်တယ်ပေါ့နော်။ အဓိကကတော့ ရုပ်ရှင်တစ်ကားကောင်းလာဖို့အတွက်ဘက်ပေါင်းစုံက လိုအပ်ချက်တွေကို သရုပ်ဆောင်ကောင်းရင်ပြီးပြီဆိုပြီးမဟုတ်ပဲနဲ့ ပါဝင်ချင်တဲ့စိတ်လေးတွေရှိတယ်ပေ့ါနော်။ မိတ်ကပ်ဆိုလည်းမိတ်ကပ်အလျောက်ပေါ့နော်”လို့ ပြောပြထားပါတယ်။
မိတ်ကပ်ပညာကိုဝါသနာလည်းပါလို့ အဓိက လေ့လာပြီးပါဝင်ကူညီဖြစ်တာဖြစ်ကြောင်းလည်း “အဓိကကတော့ ဗီဇကတော့ ဝါသနာပါတယ်။ ပန်းချီအပေါ်မှာ အခြေခံတဲ့အရာတွေလည်းဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့ဒီ special effects, special make up တွေအပေါ်မှာလည်း ဝါသနာပါတဲ့အတွက်ကြောင့်မို့ လုပ်ပေးနေတာပေါ့။ အဓိကကတော့ ဝါသနာကြောင့်ပါ”လို့ ဖြေကြားထားတာလည်းတွေ့ရပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော နေတိုးကိုချစ်ကြလား။နေတိုးရဲ့ ကြောက်ကြောက်ကြောက် ၂ နဲ့ ချည် ဇာတ်ကားကြီးတွေကိုရောသွားရောက်ကြည့်ရှုအားပေးကြမှာလား။ပြောခဲ့ကြပါဦး။
Credit : ygn-news