ဘာရောဂါပဲ ဖြစ်ဖြစ် ရောဂါ မျိုးစုံအတွက် ရှေးကရေးသားခဲ့သော ဆေးနည်းများ (၂)

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ေရာဂါ ေပါင္းစံုအတြက္ ေရွးကေရးသား ေဆးနည္းမ်ား ေပါင္းခ်ဳပ္…။

ေရွးကေရးသား ေဆးနည္းမ်ား (၂)

ေရဖ်ဥ္းေရာဂါေပ်ာက္ ေဆးနည္း

– ယမေနျမစ္ကို ေသြး၍ေသာက္ပါ၊ ကိုယ္ကိုလည္း လိမ္းေပးပါ။ (တစ္နည္း)

– ေပြးကိုင္းရြက္ႏွင့္ ဆီးျဖဴသီးကိုၾကိတ္၍ အရည္ကို တုိက္ေပးပါ။ (တစ္နည္း)

– ပုနး္ရည္တစ္က်ပ္သား၊ ဆီႏွစ္က်ပ္သား၊ ဆားငါးပဲသား၊ ၎ေဆးသံုးပါးအား ေၾကးနီခြက္တြင္ထည့္၍ ေနလွမ္းျပီး သံုးၾကိမ္ေသာက္ေပးပါ။ (တစ္နည္း)

– ကုကၠိဳေခါက္ကို သံုးခြက္တစ္ခြက္တင္ က်ိဳ၍ေသာက္ေပးပါ။ (တစ္နည္း)

ေရေက်ာက္ေပ်ာက္ ေဆးနည္း

– ေစာင္းလ်ားသီးအရည္ကို ညွစ္၍တုိက္ပါ၊ ေရကို တစ္ေန႕ ႏွစ္ၾကိမ္ သံုးၾကိမ္ ခ်ိဳးေပးပါ။

လိပ္ေခါင္းေပ်ာက္ ေဆးနည္း

– တရုတ္စံကားပင္ အျမစ္ကို က်ိဳ၍ေသာက္ပါ။ (တစ္နည္း)

– ၀က္သားတစ္ဆယ္က်ပ္သားႏွင့္ ဖန္ခါးသီး တစ္ဆယ္က်ပ္သားအားေရာခ်က္၍ တစ္ထုိင္တည္း ၀ေအာင္စားပါ။ သံုးၾကိမ္ေလာက္ အနည္းဆံုး ခ်က္စားပါ။ (တစ္နည္း)

ေလထိုးေလေအာင့္ေပ်ာက္ ေဆးနည္း

– ေခြးေတာက္ရြက္ကို ဟင္းခါးခ်က္၍ ေသာက္ေပးပါ။

လည္ပင္းၾကီးေရာဂါေပ်ာက္ ေဆးနည္း

– ၾကက္သြန္ျဖဴအဆီကို တစ္ေန႕ ႏွစ္ၾကိမ္သံုးၾကိမ္ တုိက္ေကြ်းျခင္း၊ အနာကို လိမ္းေပးျခင္းမ်ားကို ျပဳလုပ္ေပးပါ။ (တစ္နည္း)

– ဟင္းဂလားအရုိင္းပင္၏ အရြက္ကို ၾကက္သြန္ျဖဴဥတစ္လံုးႏွင့္ ၾကိတ္ျပီး အျပားလုပ္ပါ၊ ၎အျပားကို အနားမွာ ကပ္ေပးပါ။ နံနက္ ကပ္လွ်င္ ညခြာပါ၊ ညကပ္လွ်င္ နံနက္ခြာပါ၊ ေန႕စဥ္ျပဳလုပ္ေပး၍ ရက္အနည္းငယ္ ၾကာေသာအခါ ႏုလွ်င္ပိန္ျပီး၊ ရင့္လွ်င္ျပည္ေပါက္၍ ေပ်ာက္ကင္းပါသည္။

၀ဲေပ်ာက္ ေဆးနည္း

– ၾကက္သြန္ျဖဴကိုၾကိတ္၍ အုန္းဆီႏွင့္ေဖ်ာ္ျပီး လိမ္းေပးပါ။ (တစ္နည္း)

– ဘုမၼရာဇာျမစ္ကိုေသြး၍ အုန္းဆီႏွင့္ေဖ်ာ္ျပီး လိမ္းေပးပါ။ (တစ္နည္း)

– တမာရြက္ကိုၾကိတ္၍ ဒိန္ခ်ဥ္ႏွင့္ ေရာစပ္၍ လိမ္းေပးပါ။ (တစ္နည္း)

– ကင္ပြန္းသီး ေလးပဲသား၊ ကြမ္းသီးၾကက္ေခ်း တစ္က်ပ္သား၊ ေလးညွင္း တစ္က်ပ္သား၊ ေဆးဒါန္း တစ္က်ပ္သား၊ ကင္ပြန္းသီး၊ ကြမ္းသီး၊ ေလးညွင္း ၎ ေဆးသံုးပါးအား ကြ်မ္းေအာင္ေလွာ္ျပီး အမူန္႕ျပဳလုပ္ပါ။ ၎ေဆးအားလံုးကို ေရာစပ္၍ အုန္းဆီႏွင့္ ေဖ်ာ္ျပီး လိမ္းေပးပါက ၀ဲစို၀ဲေျခာက္ကို ေပ်ာက္ကင္း၏။ (တစ္နည္း)

– ထိကရုံး ပဥၥငါးပါးအား အေျခာက္လွန္း၍ျပာခ်ျပီး ၎ျပာကို ေရနံေခ်းျဖင့္ ေရာစပ္၍ လိမ္းေပးပါ။ (တစ္နည္း)

– ခရမ္းခ်ဥ္ပင္ ပဥၥငါးပါးအား အေျခာက္လွန္း ျပာခ်၍ ၎ျပာကို ေရနံေခ်းျဖင့္ ေရာစပ္၍ လိမ္းေပးပါ။ (တစ္နည္း)

၀က္ျခံေပ်ာက္ ေဆးနည္း

– ကြမ္းစားထံုးကို အံုေပးပါ။ ေရာင္လွ်င္ ဇာတိပၸိဳလ္သီးကို ေသြး၍လိမ္းေပးပါ။ (တစ္နည္း)

– ေဆးျမင္းခြာကို ဆန္ေဆးရည္ျဖင့္ ၾကိတ္၍ တစ္ေန႕သံုးၾကိမ္ လိမ္းေပးပါ။ (တစ္နည္း)

– ကြမ္းစားထံုးကို ၾသဇာေစ့ႏွင့္ၾကိတ္၍ အနာထိပိကို အံုေပးပါ။ (တစ္နည္း)

– ငရုတ္ေကာင္းေဂၚရဇင္းႏွင့္ ၾကိတ္၍ ၀က္ျခံရွိေသာ ေနရာတြင္ လိမ္းေပးပါ။ (တစ္နည္း)

– သံပရာရည္ႏွင့္ ဇ၀က္သားကုိေရာစပ္၍ ၀က္ျခံရွိေသာ ေနရာတြင္ လိမး္က်ံေပးပါ။ (တစ္နည္း)

– ကသစ္ဆူးကို ေသြး၍ ၀က္ျခံရွိေသာေနရာကို လိမ္းေပးပါ။ (တစ္နည္း)

– လက္ပံပင္၏ဆူးကို ႏုိ႕ရည္ႏွင့္ေသြး၍ လိမ္းေပးပါက ၀က္ျခံ၊ တင္းတိတ္တုိ႔ ေပ်ာက္ကင္း၏။ (တစ္နည္း)

– ေညာင္ၾကပ္ညႊန္႕ကို ပဲပိစပ္ႏွင့္ ၾကိတ္၍ လိမ္းေပးပါ။ (တစ္နည္း)

– ၾကက္ဆူရြက္အရည္ကို ဘူးေစ့ႏွင့္ၾကိတ္၍ လိမ္းေပးပါ၊ ၀က္ျခံ၊ တင္းတိတ္ ေပ်ာက္ကင္း၏။ (တစ္နည္း)

– ေရႊဖရုံသီးအည်ာကို ဆန္ေဆးရည္ႏွင့္ေသြး၍ လိမ္းေပးပါ။ (တစ္နည္း)

၀မ္းကိုက္ေပ်ာက္ ေဆးနည္း

– ငုရြက္ကို ဟင္းခ်က္စားပါ။ ေၾကာ္စားပါ။ (တစ္နည္း)

– ခ်င့္ခ်ိန္၍ ေသာက္ပါ။ (တစ္နည္း)

– ခ်င့္ခ်ိန္၍ စားပါ။ (တစ္နည္း)

– ဆားပုတ္တစ္က်ပ္သား၊ ဆားခါးတစ္က်ပ္သား၊ မနက်ည္းမွည့္ ငါးက်ပ္သား ၎ေဆးသံုးပါးအား ေရာနယ္၍စားပါ။ (တစ္နည္း)

– ငရုတ္ေကာင္း တစ္ဆ၊ ခ်င္းေျခာက္ ႏွစ္ဆ၊ လက္ထုပ္ ေခါက္ေလးဆ ၎ေဆးမ်ားကို တင္လဲေဟာင္းႏွင့္ ေရာႏုယ္၍စားပါ။ (တစ္နည္း)

– ရွားေစး တစ္ပဲသား၊ ကြမး္ရြက္ ဆယ္ရြက္၊ ေၾကာင္ပန္းရြက္ လက္တစ္ဆုပ္ ၎ေဆးသံုးပါးအား သံုးခြက္တစ္ခြက္တင္က်ိဳ၍ ေသာက္ပါ။ (တစ္နည္း)

– ျမန္မာလက္ဖက္ေျခာက္ တစ္က်ပ္သား၊ သၾကားတစ္က်ပ္သား၊ ဆီးျဖဴသီး တစ္က်ပ္သား ၎ေဆးသံုးပါးအား ၾကိတ္၍ ကိုးလုး လံုးပါ။ တစ္ေန႕သံုးလံုး ေသာက္ပါ။ သံုးရက္ၾကာလွ်င္လည္း ေပ်ာက္ကင္း၏။ (တစ္နည္း)

ေသြး၀မ္းသြားေပ်ာက္ ေဆးနည္း

– ဗာဒံရြက္ကို ၾကက္သြန္ျဖဴႏွင့္ ေၾကာ္၍စားပါ။ (တစ္နည္း)

– မန္က်ည္းပြင့္ႏွင့္ ထန္းလ်က္ကို ေရာ၍စားပါ။ (တစ္နည္း)

– ယမေနသီးကို ျပဳတ္၍ေသာက္ပါ။ (တစ္နည္း)

ေသြးသန္႕၍ အားရွိေစေသာ ေဆးနည္း

– တမာေစးကို ေသာက္ျခင္းအားျဖင့္ ေသြးမ်ားသန္႕ရွင္းေစျပီး ရက္အနည္းငယ္ စြဲေသာက္ပါက ကိုယ္အားရွိ၍ လာ၏။

ေသြးမစင္ၾကယ္မူေပ်ာက္ ေဆးနည္း

– တမာေခါက္ကို ေရစိမ္၍ ေသာက္ပါ။ ေသြးမစင္ၾကယ္မူ ကင္းေ၀းျပီး အဖုအနာမ်ားလည္း ေပ်ာက္ကင္းေစသည္။

သြက္ခ်ာပါဒေရာဂါ ေပ်ာက္ေဆးနည္း

– တမာဆီကို သြက္ခ်ာပါဒ ရွိသူ၏ အဂၤါၾကီးငယ္တုိ႔အား လိမ္းက်ံေပးျခင္းအားျဖင့္ တျဖည္းျဖည္းေပ်ာက္ကင္း၏။

သြားခုိင္ ေဆးနည္း

– ရွားေစးကို အမူန္႕ျပဳလုပ္ျပီး သြားတုိက္ပါ။

သြားနာသြားကိုက္ေပ်ာက္ ေဆးနည္း

– ေခြးေသးပန္းရြက္ အပင္ ပဥၥငါးပါးကို က်ိဳက္က်ိဳက္ဆူေအာင္ျပဳတ္၍ ခပ္ေႏြးေႏြးကို ငံုေပးပါ။ ပိုကိုက္လွ်င္ မေၾကာက္ပါႏွင့္၊ မၾကာခဏ ငံုေပးပါက ေပ်ာက္ကင္း၏။ (တစ္နည္း)

– လက္ပံေစးႏွင့္ ရွားေစးကို ဆတူေရာျပီး အမူန္႕ျပဳလုပ္၍ သြားနာ၊ သြားကိုက္ေသာေနရာအား သိပ္ေပးပါ။ (တစ္နည္း)

– တမာရြက္၊ တမာေခါက္တုိ႔ကို ဆူေအာင္ျပဳတ္ျပီး ခပ္ေႏြးေႏြး ငံုေပးပါ။ (တစ္နည္း)

– တမာရြက္အေၾကမ္းကို ကြ်မ္းေအာင္ေလွာ္ျပီး အမူန္႕ျပဳုလပ္ပါ။ ၎ကို သြားနာ သြားကိုက္ေသာ ေနရာမ်ားတြင္ သိပ္ေပးပါ။ (တစ္နည္း)

– မရုိးေစႏွင့္ ႏွမ္းဆီေရာစပ္၍ သြားကို သိပ္ေပး လိမ္းေပးပါ။ (တစ္နည္း)

– ၾကက္ဥခြံ၊ ခဲပုတ္ ၎ႏွစ္မ်ိဳးကို ေထာင္း၍ သြားနာ၊ သြားကိုက္ သိပ္ေပးပါ။ (တစ္နည္း)

– ကြမ္းသီးၾကက္ေခ်းကိုျပာခ်၍ ေက်ာက္ခ်ဥ္ရွားေစးတုိ႔ျဖင့္ အမူန္႕ျပဳလုပ္ျပီး သိပ္ေပးပါ။ (တစ္နည္း)

– ထေနာင္းေခါက္ကို ျပဳတ္၍ ၎အရည္ကို မပူမေႏြး ငံုေပးပါ။ (တစ္နည္း)

– ခေရပြင့္အစုိကိုၾကိတ္၍ သိပ္ေပးပါ။ (တစ္နည္း)

– ကုကၠိဳေစ့သံုးမတ္၊ ငရုတ္ေကာင္းေစ့ သံုးမူး ၎ေဆးႏွစ္ပါးကို ေရာစပ္ၾကိတ္၍ သိပ္ေပးပါ။ (တစ္နည္း)

– ေလးညွင္းပြင့္၊ ေလးညွင္းဆီ ရရာကို သြားနာ သြားကိုက္ေသာေနရာတြင္ သိပ္ေပးပါ။ (တစ္နည္း)

– ပိေတာက္ရြက္ကို ျပဳတ္၍ ခပ္ေႏြးေႏြး ငံုေပးပါ။ (တစ္နည္း)

– ခရမ္းကေဆာ့ပင္ျမစ္ကို ေသြး၍ သိပ္ေပးပါ။ (တစ္နည္း)

– လင္းလ၊ ငရုတ္ေကာင္း၊ ခ်ီးသီးအမွ်စီၾကိတ္၍ လိမ္းေပးပါ။ (တစ္နည္း)

– သံပရာရြက္ကိုျပဳတ္၍ ကိုက္ေသာေနရာကို သိပ္ေပးပါ။ (တစ္နည္း)

– ကနစိုအဆံကိုၾကိတ္၍ ကိုက္ေသာေနရာကို သိပ္ေပးပါ။ (တစ္နည္း)

– စမုန္နက္ႏွင္ ယမ္းစိမ္းကို အမွ်စီၾကိတ္၍ သိပ္ေပးပါ။ ေရေႏြးျဖင့့္ ပလုပ္က်င္းပါ။ (တစ္နည္း)

– ကြမ္းစားထံုးႏွင့္ အိမ္သံုးနႏြင္းကို သမေအာင္ေရာစပ္၍ ကိုက္ေသာ သြားေပါက္ထဲသို႔ သိပ္ထည့္ေပးပါ။(တစ္နည္း)

ေသြးဖ်င္းဖုနာ ေဆးနည္း

– တမာေခါက္ကိုေသြး၍ အနာေပၚတြင္ ထူထူလိမ္းက်ံေပးပါ။

သားဖြားျမန္ေစရန္ ေဆးနည္း

– တမာျမစ္ကို သားဖြားေသာမိန္းမ၏ ခါး၌ခ်ည္ထားေပးျခင္းျဖင့္ လြယ္ကူစြာသားဖြားေစႏုိင္သည္။ သားဖြားျပီးလွ်င္ ျပီးခ်င္း ျဖဳတ္ေပးပါ။

ေသြးထြက္သံယိုေပ်ာက္ ေဆးနည္း

– ထံုးကိုနႏြင္းႏွင့္ေရာစပ္၍ ေသြးထြက္ေသာဒဏ္ရာကို သိပ္ေပးပါ။ (တစ္နည္း)

– ကုကၠိဳရြက္ကို ၾကိတ္၍ ေသြးထြက္၍ ဒဏ္ရာရရွိေသာ ေနရာတြင္ သိပ္ေပးပါ။ (တစ္နည္း)

– ေခြးေသးပန္းရြက္ကို ၾကိတ္၍ ေသြးထြက္ေသာ ဒဏ္ရာကို သိပ္ေပးပါ။ (တစ္နည္း)

– ၾကိတ္မွန္ရြက္ကိုၾကိတ္၍ ေသြးထြက္ေသာဒဏ္ရာကို သိပ္ေပးပါ။ (တစ္နည္း)

ေသြးအန္ေရာဂါေပ်ာက္ ေဆးနည္း

– ေက်ာက္ဖရုံသီးကိုၾကိတ္၍ အရည္ညွစ္ျပီး ေသာက္ေပးပါ။

ေသြးတက္ေရာဂါေပ်ာက္ ေဆးနည္း

– သားသည္မိခင္မ်ား ေသြးထြက္လွ်င္ နႏြင္းမူိင္းကို ရူေပးပါ။

သံက် ေဆးနည္း

– လင္းေလးႏွင့္ ရွိန္ခိုးကိုေရာၾကိတ္ျပီး ၀မ္းဗုိက္ကိုသုတ္လိမ္းေပးပါ။ ေအာက္သို႔ သပ္ခ်၍ လိမ္းေပးပါ။ (တစ္နည္း)

– နက်ယ္ေကာင္ေနေသာ နက်ယ္အံုကိုေရစိမ္၍ အေပၚေရၾကည္စစ္၍ တုိက္ပါ။ (တစ္နည္း)

– မေဖာက္ထံုး၊ ေဆးရြက္ၾကီး၊ ရွိန္ခိုး ၎ေဆးသံုးပါးကို ၾကိတ္၍ အုန္းဆီႏွင့္ေဖ်ာ္ျပီး ၀မ္းဗုိက္ေပၚမ်ာ လိမ္းေပးပါ။ (တစ္နည္း)

– သေဘၤာသီအေစ့ကို ထန္းလ်က္ႏွင့္နယ္ျပီး စားပါ။ (တစ္နည္း)

– နာနတ္သီးကို ပ်ားရည္ႏွင့္လူး၍ စားပါ။ (တစ္နည္း)

– ၾကက္ဟင္းခါးရြက္ အရည္ကို ညွစ္၍ေသာက္ပါ။ (တစ္နည္း)

– နာနတ္ရြက္ သတၱဳရည္ကို ေသာက္ပါ။ (တစ္နည္း)

– ဂန္႕ဂလာပင္ကိုၾကိတ္၍ သတၱဳရည္ကိုေသာက္ပါ။ (တစ္နည္း)

– ေဘာစကိုင္းရြက္ကိုျပဳတ္၍ ပါးပါးလွီးျပီး လက္သုပ္လုပ္၍ စားပါ။ (တစ္နည္း)

သမင္ျဖဴနာေပ်ာက္္ ေဆးနည္း

– ၾကက္သြန္ျဖဴကို ေန႕စဥ္ စားသံုးေပးပါ။ (တစ္နည္း)

– နႏြင္းခါးႏွင့္ ပ်ားရည္ကို ေရာစပ္၍ လက္ဖက္ရည္တစ္ဇြန္းခန္႕ ေန႕စဥ္သံုးေပးပါ။ (တစ္နည္း)

– ေတာင္ဆီးျဖဴပင္ ပဥၥငါးပါးကို သံးခြက္တစ္ခြက္တင္က်ိဳ၍ ေသာက္ေပးပါ။ (တစ္နည္း)

– ခရာျမစ္ကိုေသြးျပီး ဆားအနည္းငယ္ထည့္၍ ေသာက္ပါ။ (တစ္နည္း)

– ျမန္မာႏွင္းဆီပန္း၏ ပြင့္ဖတ္မ်ားကိုေျခြ၍ ေရေႏြးပူပူတြင္ ခပ္၍ေသာက္ပါ။ ေန႕စဥ္ ေသာက္ျခင္းျဖင့္ ရက္မၾကာခင္ ေပ်ာက္ကင္း ေစ၏။ (တစ္နည္း)

ေသြးစုနာေပ်ာက္ ေဆးနည္း

– ပ်ားရည္ႏွင့္ သံပုရာရည္ဆတူေရာ၍ ေသာက္ေပးပါ။

အဖ်ားျဖတ္ေဆးနည္း

– ၾကက္သြန္နီကိုခြဲျပီး ရွိန္းခိုးသြပ္၍ မီးိကပင္စားပါ၊ အဖ်ားျပတ္၏။(တစ္နည္း)

– ၾကိတ္မွန္ရြက္ သံုးဇြန္း၊ ေရေႏြး သံုးဇြႏ္း၊ ပ်ားရည္ ႏွစ္ဇြန္း ၎ေဆးသံုးပါးကို သမေအာင္ေမႊျပီး အဖ်ားမတက္မီ ၾကိဳတင္တုိက္ပါ။

အဖ်ား၀မ္းသက္ ေဆးနည္း

– နာတာရွည္အဖ်ား ၀မ္းသက္ရွိသူကို တမာေခါက္ကိုျပဳတ္၍ ၎အရည္ကို တုိက္ပါ။

အဖ်ားနာတာရွည္ေပ်ာက္ ေဆးနည္း

– နာတာရွည္အဖ်ားရွိသူသည္ အဖ်ားတေငြ႕ေငြ႕ တက္ေနပါက တမာရြက္ျပဳတ္ရည္ကို တုိက္ေပးျခင္း၊ တမာပင္ေအာက္မွာေနျခင္းမ်ား ျပဳလုပ္ေပးပါ။

အနာပဆုပ္ေပ်ာက္ ေဆးနည္း

– ပဆုပ္ပနီအံုကို မီးႏွင့္ ကြ်မ္းေအာင္ေလွာ္၍ ဆီႏွင့္ျပန္ခ်က္ပါ။ ၎ကို လိမ္းေပးပါ။ (တစ္နည္း)

– သနပ္ခါး၏ အျမစ္ကို ေသြး၍ လိမ္းေပးပါ။ (တစ္နည္း)

– ဆီးျဖဴသီးကို ၾကိတ္၍ အံုေပးပါ။ (တစ္နည္း)

– ထိကရုံးပဥၥငါးပါးကို ၾကိတ္၍ အံုေပးပါ။ (တစ္နည္း)

အနာ၀င္ေပ်ာက္ ေဆးနည္း

– ထန္းလ်က္၊ ၾကက္ေခ်းေျခာက္၊ ေဆးတံေဆး ၎ေဆးသံုးပါးအား အညီအမွ်ၾကိတ္၍ အနာ၀ခ်န္ျပီး ကြင္း၍ အနာကို လိမ္းေပးပါ။ (တစ္နည္း)

– ၾကိတ္မွန္ရြက္ကို ထန္းလ်က္ႏွင့္ ဂံုညင္းဆံ သင့္ရုံထည့္ျပီး ေသာက္ပါ။ (တစ္နည္း)

အနာပ်က္ေရာဂါေပ်ာက္ ေဆးနည္း

– ေဆးကုသ၍မရေသာ အနာေဟာင္း အနာပ်က္မ်ားကို တမာရြက္ကိုၾကိတ္ျပီး အနာကိုကပ္၍ ပတ္တီးစည္းထားေပးပါက ေပ်ာက္၏။ (တစ္နည္း)

– အနာေရာဂါရွိသူမ်ား်၏ အိမ္တံခါး၊ အိမ္ေပါက္၀မ်ားတြင္ တမာရြက္၊ တာမကိုင္းမ်ား ခ်ိတ္ဆြဲထားေပးပါ။ (တစ္နည္း)

အနာစက္ေရာဂါေပ်ာက္ ေဆးနည္း

– တမာရြက္ တမာေခါက္မ်ားကို ျပဳတ္၍ အနာကို ဖန္ရည္ မၾကာခဏ ေဆးေပးပါ။

အနာႏွင့္ အရုိးပုပ္ေပ်ာက္ ေဆးနည္း

– တမာရြက္ကို ေထာပတ္ႏွင့္ေရာျပီး ေၾကာ္၍ၾကိတ္ပါ။ ၀ါဂြမး္ႏုႏုျဖင့္တုိ႔ျပီး အနာႏွင့္ အရုိးပုပ္နာမ်ားကို ထည့္ေပးပါ။ (တစ္နည္း)

အနာစိမ္းေပ်ာက္ ေဆးနည္း

– တမာရြက္ျပဳတ္ရည္ႏွင့္ အနာကို ဖန္ရည္ေဆးျပီး တမာဆီကို ထည့္ေပးပါ။ (တစ္နည္း)

– ေခြးေထာက္ရြက္ကို မီးကင္၍ မၾကာခဏ ကပ္ေပးပါ။ (တစ္နည္း)

အနာေပါက္ေပ်ာက္ ေဆးနည္း

– ထံုးႏွင့္ နႏြင္းကို ေရာစပ္၍ လိမ္းေပးပါ။ (တစ္နည္း)

– ဖလံေတာင္ေ၀ွးအရြက္ကို မီးကင္ျပီး ကပ္ထားေပးပါက အနာႏုလွ်င္ ပိန္သြားျပီး ရင့္လွ်င္ ျပည္မ်ားေပါက္၍ ေပ်ာက္ကင္းပါမည္။ (တစ္နည္း)

အနာက်က္ ေဆးနည္း

– ရွားေစးကို ပ်ားဖေယာင္းႏွင့္ေရာ၍ အနာေပၚသို႔ ကပ္ထားေပးျခင္းျဖင့္ အနာ အျမန္က်က္ေစသည္။ (တစ္နည္း)

– တမာရြက္ျပဳတ္ရည္ကို ပ်ားရည္ႏွင့္ ေရာစပ္၍ လိမ္းေပးပါက လ်င္ျမန္စြာ အက်က္ျမန္သည္။

အရူးေရာဂါေပ်ာက္ ေဆးနည္း

– ေန႕စဥ္ နံနက္ေစာေစာ တမာေစ့ ႏွစ္က်ပ္ေလးပဲသားကို ေရစိမ္ေသာက္ျခင္းအားျဖင့္ အရူးေရာဂါ ေပ်ာက္ကင္းေစပါသည္။

အေရျပားေရာဂါ ေပ်ာက္ေဆးနည္း

– တမာရြက္နုႏု ဆယ့္ႏွစ္ပဲသားကို ၾကိတ္၍ ရွာလပတ္ရည္ ျပဳလုပ္၍ ေန႕စဥ္ေသာက္ပါ။ ႏွစ္ပတ္ၾကာေသာ္ ထူးျခားစြာ သက္သာေပ်ာက္ကင္း၏။ (တစ္နည္း)

– တမာဆီကို ကိုယ္တြင္ လိမ္းက်ံေပးပါ။ (တစ္နည္း)

အနာျပည္ယိုေပ်ာက္ ေဆးနည္း

– အနာမ်ား၌ ျပည္မ်ားထြက္၍ ယိုစီးျပီး မေပ်ာက္ရွိခဲ့ေသာ္ တမာေခါက္ကို ျပာခ်၍ လိမ္းေပးပါ။ (တစ္နည္း)

– ထန္းႏုိ႕ေျခာက္ကို ျပာခ်၍ အုန္းဆီႏွင့္ေဖ်ာ္၍ လိမ္းက်ံေပးပါ။

အနာျပည္ေပါက္ ေဆးနည္း

– ႏြားေခ်းႏွင့္ ထန္းလ်က္ကိုၾကိတ္၍ အံုေပးပါ။ (တစ္နည္း)

– သေဘၤာကုကၠိဳေခါက္ကို ေသြး၍ အနာေပၚသို႔ လိမ္းေပးပါ။ (တစ္နည္း)

– ကြမ္းရြက္ကို မီးကင္၍ အနာေပၚ ကပ္ထားေပးပါ။ (တစ္နည္း)

အဆိပ္မမိရန္ ေဆးနည္း

– ေန႕စဥ္ နံနက္ေစာေစာ တမာရြက္ လက္တစ္ဆုပ္ကို ၀ါးေပးပါက ကိုယ္၌ အဆိပ္ေရာဂါ မမိႏုိင္။

အဆိပ္ေျဖ ေဆးနည္း

– ၾကြက္၊ ကင္း၊ ပုရြက္ဆိန္နီမ်ား စသည့္ အဆိပ္ရွိေသာ သတၱ၀ါးမ်ားကိုက္ပါက ကိုက္ေသာေနရာကို သလဲရြက္ၾကိတ္၍ ပြတ္ေပးပါ။ (တစ္နည္း)

– သေဘၤာမယ္ဇလီရြက္ကို အဆိပ္ရွိေသာ သတၱ၀ါကိုက္သည့္ ေနရာတြင္ ပြတ္ပြတ္ေပးပါ။ (တစ္နည္း)

– သံပုရာသီးအရည္ကို သၾကားအနည္းငယ္ ထည့္၍ေသာက္ပါက ဘိန္း၊ အရက္မွျဖစ္ေသာ အဆိပ္၊ အစာမွျဖစ္ေသာ အဆိပ္၊ ေျမြဆိပ္-ကင္းဆိပ္တုိ႔ ေပ်ာက္ကင္း၏။ (တစ္နည္း)

– တမာရြက္ရည္၊ မုန္ညင္းဆီ၊ ေရ-၎ေဆးသံုးပါးကိုခ်က္၍ အဆိပ္ရွိေသာ အနာကို လိမ္းေပးပါ။ (တစ္နည္း)

– ကုကၠိဳရြက္အပြင့္၊ အသီး၊ အေခါက္၊ အျမစ္ ပဥၥငါးပါးကို ၾကိတ္၍ေသာက္ပါ၊ မ်က္စဥ္းခတ္ပါ။ ရူပါ၊ အဆိပ္ရွိေသာအနာကို လိမ္းပါ။ (တစ္နည္း)

– ေက်ာက္ခ်ဥ္ကို ေသြး၍လိမး္ပါ။ (တစ္နည္း)

– ခ်င္းေျခာက္ကို အမူန္႕ျပဳလုပ္၍ စားပါ။ (တစ္နည္း)

အၾကိတ္နာေပ်ာက္ ေဆးနည္း

– အၾကိတ္နာမ်ား ေပၚထြက္လာပါက နႏြင္းႏွင့္ ထံဳးကို ေရာစပ္၍ လိမ္းပါ။

အကြက္ထျခငး္ေပ်ာက္ ေဆးနည္း

– ကိုယ္တြင္း အကြက္ထျခင္းႏွင့္အျခား ကိုယ္ေရျပားေရာဂါမ်ားျဖစ္ပါက တမာရြက္ကိုၾကိတ္၍ အရည္ကိုပြတ္လိမ္းပါ။

အဖုအက်ိတ္ေရာင္ေပ်ာက္ ေဆးနည္း

– ကိုယ္တြင္ အဖုအက်ိတ္မ်ား ေရာင္တင္းေနပါက တမာဆီကို လိမ္ေပးပါ။

အဆစ္အျမစ္ကိုက္ေပ်ာက္ ေဆးနည္း

– တမာအတြင္းသားအေခါက္ကို ေရႏွင့္ပ်စ္ပ်စ္ေသြး၍ လိမ္းေပးပါက မၾကာခဏ လိမ္းေပးျခင္းအားျဖင့္ ေပ်ာက္ကင္း၏။ (တစ္နည္း)

– ပင္လယ္ကသစ္ပင္ ပဥၥငါးပါးကို ႏုပ္ႏုပ္စဥ္း၍ ေတာအရက္ႏွင့္ စိမ္ျပီးလိမ္းပါ။ (တစ္နည္း)

– ေရွာက္ရည္ႏွင့္ ဓာတ္ဆီ ေရာစပ္၍ လိမ္းပါ။ (တစ္နည္း)

အေဖာအေရာင္ေပ်ာက္ ေဆးနည္း

– ေၾကာင္ပန္းရြက္၊ သက္ရင္းၾကီးရြက္၊ သက္ရင္းၾကီးျမစ္ ၎ေဆးသံုးပါးကိုၾကိတ္၍ အရည္ကိုေသာက္ပါ။ (တစ္နည္း)

– သေဘၤာကုကၠိဳေခါက္ႏ်င့္ နႏြင္းတက္ကို ေသြး၍ လိမ္းေပးပါ။ (တစ္နည္း)

– ဒါန္းၾကီးရြက္ကို အရည္ညွစ္၍ လိမ္းေပးပါ။ (တစ္နည္း)

– သက္ရင္းၾကီးျမစ္ကို ေသြးပါ။ ရေသာအရည္ႏွင့္ ေၾကာင္ပန္းရြက္အရည္ ေရာစပ္၍ ေသာက္ပါ။ (တစ္နည္း)

– ကနေဖာ့ ပဥၥငါးပါးကိုျပဳတ္၍ ေရခ်ိဳးပါ။ (တစ္နည္း)

– ႏွမ္းဖတ္ကို ညက္စြာေထာင္းျပီး ထန္းဖို ထန္းလ်က္ႏွင့္ ေရာ၍စားပါး။ (တစ္နည္း)

အနာ၀င္ေပ်ာက္ ေဆးနည္း

– ၾကက္သြန္ျဖဴ ဥတစ္လံုကို ငရုတ္ေကာင္း ခုႏွစ္ေစ့ျဖင့္ ညက္စြာၾကိတ္၍ အံုေပးပါ။ (တစ္နည္း)

– အနာရွိသူ ေညွာ္မိ၍ ဇက္၊ ခါး ေတာင့္တင္းျပီး အနာ၀င္ေနပါက အုန္းရည္တြင္ ငရုတ္ေကာင္းမူန္႕ အနည္းငယ္ထည့္၍ ၀မ္းထဲေရာက္ေအာင္ တုိက္ပါ။ တျဖည္းျဖည္း ေပ်ာက္ကင္းပါလိမ့္မည္။

အနာေညွာ္၀င္ေပ်ာက္ ေဆးနည္း

– ၾကက္င္းခါးအရြက္ကို ေညွာ္၀င္၊ ေညွာ္မိသော အနာအား လိမ္းေပးပါ။

အပူေလာင္နာေပ်ာက္ ေဆးနည္း

– ကြမး္ရြက္ကို သၾကားႏွင့္ေရာစိပ္၍ ၾကိတ္ျပီး အံုေပးပါ။

အူက်ေရာဂါေပ်ာက္ ေဆးနည္း

– ၾကက္သြန္နီ ဥတစ္လံုကို ပါးပါးလွီး၍ သၾကားတစ္ဖြန္းခန္႕ျဖင့္ ေရစိမ္ပါ။ တစ္ညခန္႕စိမ္ျပီး ေသာက္ပါက ေပ်ာက္၏။

အသည္းေရာင္ အသား၀ါေပ်ာက္ ေဆးနည္း

– ငုပင္၏ ပဥၥငါးပါးကို သံုးခြက္တစ္ခြက္တင္ က်ိဳ၍ေသာက္ပါ ေပ်ာက္ကင္း၏။ (တစ္နည္း)

– ၾကက္ေမာက္ဆူပင္၏ ပဥၥငါးပါးကို သံုးခြက္တစ္ခြက္တင္က်ိဳ၍ ေသာက္ပါ။

အနာပိုးက်ေပ်ာက္ ေဆးနည္း

– အနာအတြင္းသို႕ ပိုးေလာက္မ်ားက်လာပါက တမာရြက္ျပဳတ္ရည္ျဖင့္ ဖန္ရည္ေဆးျပီး ေဆးရြက္ၾကီးကိုျပာခ်၍ သိပ္ေပးပါ။

အရိုးဆက္နည္း

– ျမင္းခြာရြက္၊ မိတ္သလင္၊ နႏြင္းစိမး္ ၎ေဆးသံုးပါးအား ဆတူေရာၾကိတ္၍ က်ိဳးေသာေနရာတြင္ ကပ္၍ ပတ္တီးစည္းထားေပးပါ၊ အရုိးျပန္ဆက္၍ ေပ်ာက္ကင္း၏။

အသံ၀င္ေပ်ာက္ ေဆးနည္း

– ကင္ပါန္းသီးတစ္ေတာင့္ကို မီးကြ်မ္းေအာင္ဖုတ္ပါ၊ ဆားမီးဖုတ္ႏွင့္ေရာစပ္၍ ပ်ားရည္ႏွင့္ေဖ်ာ္ျပီး စားပါ။

အသားမာေပ်ာက္ ေဆးနည္း

– သြတ္ၾကီးျမစ္ကို ဆန္ေဆးရည္ႏွင့္ေသြး၍ အသားမာရွိေသာေနရာကို မၾကာခဏ လိမ္းေပးပါ။

အဆစ္ေရာင္ေရာဂါေပ်ာက္ ေဆးနည္း

– ကသစ္ရြက္ကို ၾကိတ္၍ လိမ္းေပးပါက ေပ်ာက္၏။

အေမြးကြ်တ္ေစေသာ ေဆးနည္း

– ေဆးဒန္းႏွင့္ ကန္႕ကိုၾကိတ္၍ နာနတ္သီးမွည့္ အရည္ျဖင့္ ေရာစပ္ျပီး လိမ္းပါ။ (တစ္နည္း)

– ကြမး္သီးပင္မွ အရြက္ုိ ကန္႕ႏွင့္အတူၾကိတ္၍ လိမ္းေပးပါက အေမႊးဟူသမွ် ကြ်တ္၏။ (တစ္နည္း)

လူတုိင္းလူတုိင္း ၾကီးပြားခ်မး္သာလုိစိတ္ ရွိၾကသည္။ ၾကီးပြားခ်မး္သာေစႏုိင္ေသာ စြမ္းရည္သတၱိေတြလည္း မ်ားစြာရွိၾကသည္။

ၾကီးပြားခ်မး္သာေရးအတြက္ မိမိတု႔ိၾကားဖူးနား၀ရွိသမွွ်ႏွင့္ ေန႕မအားညမအား လုပ္ကိုင္ၾကေသာ္လည္း လုပ္သေလာက္ အက်ိဳးမခံစားၾကရေပ။

နည္းမွန္လမ္းမွန္ မရွိျခင္းေၾကာင့္ မဟုတ္၊ မသိျခင္းေၾကာင့္သာ ျဖစ္ေပသည္။

သုေတသီေဇယ်ာမင္း၏ ျမန္မာ့ေဆးမွီးတုိမ်ား စာအုပ္မွ ေကာက္ႏုတ္တင္ျပေပးထားသည္

ေမတၱာရိပ္

Unicode ဖြင့်ဖတ်ပါ
★★★★★

ရောဂါ ပေါင်းစုံအတွက် ရှေးကရေးသား ဆေးနည်းများ ပေါင်းချုပ်…။

ရှေးကရေးသား ဆေးနည်းများ (၂)

ရေဖျဉ်းရောဂါပျောက် ဆေးနည်း

– ယမနေမြစ်ကို သွေး၍သောက်ပါ၊ ကိုယ်ကိုလည်း လိမ်းပေးပါ။ (တစ်နည်း)

– ပွေးကိုင်းရွက်နှင့် ဆီးဖြူသီးကိုကြိတ်၍ အရည်ကို တိုက်ပေးပါ။ (တစ်နည်း)

– ပုန်းရည်တစ်ကျပ်သား၊ ဆီနှစ်ကျပ်သား၊ ဆားငါးပဲသား၊ ၎င်းဆေးသုံးပါးအား ကြေးနီခွက်တွင်ထည့်၍ နေလှမ်းပြီး သုံးကြိမ်သောက်ပေးပါ။ (တစ်နည်း)

– ကုက္ကိုခေါက်ကို သုံးခွက်တစ်ခွက်တင် ကျို၍သောက်ပေးပါ။ (တစ်နည်း)

ရေကျောက်ပျောက် ဆေးနည်း

– စောင်းလျားသီးအရည်ကို ညှစ်၍တိုက်ပါ၊ ရေကို တစ်နေ့ နှစ်ကြိမ် သုံးကြိမ် ချိုးပေးပါ။

လိပ်ခေါင်းပျောက် ဆေးနည်း

– တရုတ်စံကားပင် အမြစ်ကို ကျို၍သောက်ပါ။ (တစ်နည်း)

– ဝက်သားတစ်ဆယ်ကျပ်သားနှင့် ဖန်ခါးသီး တစ်ဆယ်ကျပ်သားအားရောချက်၍ တစ်ထိုင်တည်း ဝအောင်စားပါ။ သုံးကြိမ်လောက် အနည်းဆုံး ချက်စားပါ။ (တစ်နည်း)

လေထိုးလေအောင့်ပျောက် ဆေးနည်း

– ခွေးတောက်ရွက်ကို ဟင်းခါးချက်၍ သောက်ပေးပါ။

လည်ပင်းကြီးရောဂါပျောက် ဆေးနည်း

– ကြက်သွန်ဖြူအဆီကို တစ်နေ့ နှစ်ကြိမ်သုံးကြိမ် တိုက်ကျွေးခြင်း၊ အနာကို လိမ်းပေးခြင်းများကို ပြုလုပ်ပေးပါ။ (တစ်နည်း)

– ဟင်းဂလားအရိုင်းပင်၏ အရွက်ကို ကြက်သွန်ဖြူဥတစ်လုံးနှင့် ကြိတ်ပြီး အပြားလုပ်ပါ၊ ၎င်းအပြားကို အနားမှာ ကပ်ပေးပါ။ နံနက် ကပ်လျှင် ညခွာပါ၊ ညကပ်လျှင် နံနက်ခွာပါ၊ နေ့စဉ်ပြုလုပ်ပေး၍ ရက်အနည်းငယ် ကြာသောအခါ နုလျှင်ပိန်ပြီး၊ ရင့်လျှင်ပြည်ပေါက်၍ ပျောက်ကင်းပါသည်။

ဝဲပျောက် ဆေးနည်း

– ကြက်သွန်ဖြူကိုကြိတ်၍ အုန်းဆီနှင့်ဖျော်ပြီး လိမ်းပေးပါ။ (တစ်နည်း)

– ဘုမ္မရာဇာမြစ်ကိုသွေး၍ အုန်းဆီနှင့်ဖျော်ပြီး လိမ်းပေးပါ။ (တစ်နည်း)

– တမာရွက်ကိုကြိတ်၍ ဒိန်ချဉ်နှင့် ရောစပ်၍ လိမ်းပေးပါ။ (တစ်နည်း)

– ကင်ပွန်းသီး လေးပဲသား၊ ကွမ်းသီးကြက်ချေး တစ်ကျပ်သား၊ လေးညှင်း တစ်ကျပ်သား၊ ဆေးဒါန်း တစ်ကျပ်သား၊ ကင်ပွန်းသီး၊ ကွမ်းသီး၊ လေးညှင်း ၎င်း ဆေးသုံးပါးအား ကျွမ်းအောင်လှော်ပြီး အမူန့်ပြုလုပ်ပါ။ ၎င်းဆေးအားလုံးကို ရောစပ်၍ အုန်းဆီနှင့် ဖျော်ပြီး လိမ်းပေးပါက ဝဲစိုဝဲခြောက်ကို ပျောက်ကင်း၏။ (တစ်နည်း)

– ထိကရုံး ပဉ္စငါးပါးအား အခြောက်လှန်း၍ပြာချပြီး ၎င်းပြာကို ရေနံချေးဖြင့် ရောစပ်၍ လိမ်းပေးပါ။ (တစ်နည်း)

– ခရမ်းချဉ်ပင် ပဉ္စငါးပါးအား အခြောက်လှန်း ပြာချ၍ ၎င်းပြာကို ရေနံချေးဖြင့် ရောစပ်၍ လိမ်းပေးပါ။ (တစ်နည်း)

ဝက်ခြံပျောက် ဆေးနည်း

– ကွမ်းစားထုံးကို အုံပေးပါ။ ရောင်လျှင် ဇာတိပ္ပိုလ်သီးကို သွေး၍လိမ်းပေးပါ။ (တစ်နည်း)

– ဆေးမြင်းခွာကို ဆန်ဆေးရည်ဖြင့် ကြိတ်၍ တစ်နေ့သုံးကြိမ် လိမ်းပေးပါ။ (တစ်နည်း)

– ကွမ်းစားထုံးကို သြဇာစေ့နှင့်ကြိတ်၍ အနာထိပိကို အုံပေးပါ။ (တစ်နည်း)

– ငရုတ်ကောင်းဂေါ်ရဇင်းနှင့် ကြိတ်၍ ဝက်ခြံရှိသော နေရာတွင် လိမ်းပေးပါ။ (တစ်နည်း)

– သံပရာရည်နှင့် ဇဝက်သားကိုရောစပ်၍ ဝက်ခြံရှိသော နေရာတွင် လိမ်းကျံပေးပါ။ (တစ်နည်း)

– ကသစ်ဆူးကို သွေး၍ ဝက်ခြံရှိသောနေရာကို လိမ်းပေးပါ။ (တစ်နည်း)

– လက်ပံပင်၏ဆူးကို နို့ရည်နှင့်သွေး၍ လိမ်းပေးပါက ဝက်ခြံ၊ တင်းတိတ်တို့ ပျောက်ကင်း၏။ (တစ်နည်း)

– ညောင်ကြပ်ညွှန့်ကို ပဲပိစပ်နှင့် ကြိတ်၍ လိမ်းပေးပါ။ (တစ်နည်း)

– ကြက်ဆူရွက်အရည်ကို ဘူးစေ့နှင့်ကြိတ်၍ လိမ်းပေးပါ၊ ဝက်ခြံ၊ တင်းတိတ် ပျောက်ကင်း၏။ (တစ်နည်း)

– ရွှေဖရုံသီးအညျာကို ဆန်ဆေးရည်နှင့်သွေး၍ လိမ်းပေးပါ။ (တစ်နည်း)

ဝမ်းကိုက်ပျောက် ဆေးနည်း

– ငုရွက်ကို ဟင်းချက်စားပါ။ ကြော်စားပါ။ (တစ်နည်း)

– ချင့်ချိန်၍ သောက်ပါ။ (တစ်နည်း)

– ချင့်ချိန်၍ စားပါ။ (တစ်နည်း)

– ဆားပုတ်တစ်ကျပ်သား၊ ဆားခါးတစ်ကျပ်သား၊ မနကျည်းမှည့် ငါးကျပ်သား ၎င်းဆေးသုံးပါးအား ရောနယ်၍စားပါ။ (တစ်နည်း)

– ငရုတ်ကောင်း တစ်ဆ၊ ချင်းခြောက် နှစ်ဆ၊ လက်ထုပ် ခေါက်လေးဆ ၎င်းဆေးများကို တင်လဲဟောင်းနှင့် ရောနုယ်၍စားပါ။ (တစ်နည်း)

– ရှားစေး တစ်ပဲသား၊ ကွမ်းရွက် ဆယ်ရွက်၊ ကြောင်ပန်းရွက် လက်တစ်ဆုပ် ၎င်းဆေးသုံးပါးအား သုံးခွက်တစ်ခွက်တင်ကျို၍ သောက်ပါ။ (တစ်နည်း)

– မြန်မာလက်ဖက်ခြောက် တစ်ကျပ်သား၊ သကြားတစ်ကျပ်သား၊ ဆီးဖြူသီး တစ်ကျပ်သား ၎င်းဆေးသုံးပါးအား ကြိတ်၍ ကိုးလုး လုံးပါ။ တစ်နေ့သုံးလုံး သောက်ပါ။ သုံးရက်ကြာလျှင်လည်း ပျောက်ကင်း၏။ (တစ်နည်း)

သွေးဝမ်းသွားပျောက် ဆေးနည်း

– ဗာဒံရွက်ကို ကြက်သွန်ဖြူနှင့် ကြော်၍စားပါ။ (တစ်နည်း)

– မန်ကျည်းပွင့်နှင့် ထန်းလျက်ကို ရော၍စားပါ။ (တစ်နည်း)

– ယမနေသီးကို ပြုတ်၍သောက်ပါ။ (တစ်နည်း)

သွေးသန့်၍ အားရှိစေသော ဆေးနည်း

– တမာစေးကို သောက်ခြင်းအားဖြင့် သွေးများသန့်ရှင်းစေပြီး ရက်အနည်းငယ် စွဲသောက်ပါက ကိုယ်အားရှိ၍ လာ၏။

သွေးမစင်ကြယ်မူပျောက် ဆေးနည်း

– တမာခေါက်ကို ရေစိမ်၍ သောက်ပါ။ သွေးမစင်ကြယ်မူ ကင်းဝေးပြီး အဖုအနာများလည်း ပျောက်ကင်းစေသည်။

သွက်ချာပါဒရောဂါ ပျောက်ဆေးနည်း

– တမာဆီကို သွက်ချာပါဒ ရှိသူ၏ အင်္ဂါကြီးငယ်တို့အား လိမ်းကျံပေးခြင်းအားဖြင့် တဖြည်းဖြည်းပျောက်ကင်း၏။

သွားခိုင် ဆေးနည်း

– ရှားစေးကို အမူန့်ပြုလုပ်ပြီး သွားတိုက်ပါ။

သွားနာသွားကိုက်ပျောက် ဆေးနည်း

– ခွေးသေးပန်းရွက် အပင် ပဉ္စငါးပါးကို ကျိုက်ကျိုက်ဆူအောင်ပြုတ်၍ ခပ်နွေးနွေးကို ငုံပေးပါ။ ပိုကိုက်လျှင် မကြောက်ပါနှင့်၊ မကြာခဏ ငုံပေးပါက ပျောက်ကင်း၏။ (တစ်နည်း)

– လက်ပံစေးနှင့် ရှားစေးကို ဆတူရောပြီး အမူန့်ပြုလုပ်၍ သွားနာ၊ သွားကိုက်သောနေရာအား သိပ်ပေးပါ။ (တစ်နည်း)

– တမာရွက်၊ တမာခေါက်တို့ကို ဆူအောင်ပြုတ်ပြီး ခပ်နွေးနွေး ငုံပေးပါ။ (တစ်နည်း)

– တမာရွက်အကြေမ်းကို ကျွမ်းအောင်လှော်ပြီး အမူန့်ပြုုလပ်ပါ။ ၎င်းကို သွားနာ သွားကိုက်သော နေရာများတွင် သိပ်ပေးပါ။ (တစ်နည်း)

– မရိုးစေနှင့် နှမ်းဆီရောစပ်၍ သွားကို သိပ်ပေး လိမ်းပေးပါ။ (တစ်နည်း)

– ကြက်ဥခွံ၊ ခဲပုတ် ၎င်းနှစ်မျိုးကို ထောင်း၍ သွားနာ၊ သွားကိုက် သိပ်ပေးပါ။ (တစ်နည်း)

– ကွမ်းသီးကြက်ချေးကိုပြာချ၍ ကျောက်ချဉ်ရှားစေးတို့ဖြင့် အမူန့်ပြုလုပ်ပြီး သိပ်ပေးပါ။ (တစ်နည်း)

– ထနောင်းခေါက်ကို ပြုတ်၍ ၎င်းအရည်ကို မပူမနွေး ငုံပေးပါ။ (တစ်နည်း)

– ခရေပွင့်အစိုကိုကြိတ်၍ သိပ်ပေးပါ။ (တစ်နည်း)

– ကုက္ကိုစေ့သုံးမတ်၊ ငရုတ်ကောင်းစေ့ သုံးမူး ၎င်းဆေးနှစ်ပါးကို ရောစပ်ကြိတ်၍ သိပ်ပေးပါ။ (တစ်နည်း)

– လေးညှင်းပွင့်၊ လေးညှင်းဆီ ရရာကို သွားနာ သွားကိုက်သောနေရာတွင် သိပ်ပေးပါ။ (တစ်နည်း)

– ပိတောက်ရွက်ကို ပြုတ်၍ ခပ်နွေးနွေး ငုံပေးပါ။ (တစ်နည်း)

– ခရမ်းကဆော့ပင်မြစ်ကို သွေး၍ သိပ်ပေးပါ။ (တစ်နည်း)

– လင်းလ၊ ငရုတ်ကောင်း၊ ချီးသီးအမျှစီကြိတ်၍ လိမ်းပေးပါ။ (တစ်နည်း)

– သံပရာရွက်ကိုပြုတ်၍ ကိုက်သောနေရာကို သိပ်ပေးပါ။ (တစ်နည်း)

– ကနစိုအဆံကိုကြိတ်၍ ကိုက်သောနေရာကို သိပ်ပေးပါ။ (တစ်နည်း)

– စမုန်နက်နှင် ယမ်းစိမ်းကို အမျှစီကြိတ်၍ သိပ်ပေးပါ။ ရေနွေးဖြင့် ပလုပ်ကျင်းပါ။ (တစ်နည်း)

– ကွမ်းစားထုံးနှင့် အိမ်သုံးနနွင်းကို သမအောင်ရောစပ်၍ ကိုက်သော သွားပေါက်ထဲသို့ သိပ်ထည့်ပေးပါ။(တစ်နည်း)

သွေးဖျင်းဖုနာ ဆေးနည်း

– တမာခေါက်ကိုသွေး၍ အနာပေါ်တွင် ထူထူလိမ်းကျံပေးပါ။

သားဖွားမြန်စေရန် ဆေးနည်း

– တမာမြစ်ကို သားဖွားသောမိန်းမ၏ ခါး၌ချည်ထားပေးခြင်းဖြင့် လွယ်ကူစွာသားဖွားစေနိုင်သည်။ သားဖွားပြီးလျှင် ပြီးချင်း ဖြုတ်ပေးပါ။

သွေးထွက်သံယိုပျောက် ဆေးနည်း

– ထုံးကိုနနွင်းနှင့်ရောစပ်၍ သွေးထွက်သောဒဏ်ရာကို သိပ်ပေးပါ။ (တစ်နည်း)

– ကုက္ကိုရွက်ကို ကြိတ်၍ သွေးထွက်၍ ဒဏ်ရာရရှိသော နေရာတွင် သိပ်ပေးပါ။ (တစ်နည်း)

– ခွေးသေးပန်းရွက်ကို ကြိတ်၍ သွေးထွက်သော ဒဏ်ရာကို သိပ်ပေးပါ။ (တစ်နည်း)

– ကြိတ်မှန်ရွက်ကိုကြိတ်၍ သွေးထွက်သောဒဏ်ရာကို သိပ်ပေးပါ။ (တစ်နည်း)

သွေးအန်ရောဂါပျောက် ဆေးနည်း

– ကျောက်ဖရုံသီးကိုကြိတ်၍ အရည်ညှစ်ပြီး သောက်ပေးပါ။

သွေးတက်ရောဂါပျောက် ဆေးနည်း

– သားသည်မိခင်များ သွေးထွက်လျှင် နနွင်းမိူင်းကို ရူပေးပါ။

သံကျ ဆေးနည်း

– လင်းလေးနှင့် ရှိန်ခိုးကိုရောကြိတ်ပြီး ဝမ်းဗိုက်ကိုသုတ်လိမ်းပေးပါ။ အောက်သို့ သပ်ချ၍ လိမ်းပေးပါ။ (တစ်နည်း)

– နကျယ်ကောင်နေသော နကျယ်အုံကိုရေစိမ်၍ အပေါ်ရေကြည်စစ်၍ တိုက်ပါ။ (တစ်နည်း)

– မဖောက်ထုံး၊ ဆေးရွက်ကြီး၊ ရှိန်ခိုး ၎င်းဆေးသုံးပါးကို ကြိတ်၍ အုန်းဆီနှင့်ဖျော်ပြီး ဝမ်းဗိုက်ပေါ်မျာ လိမ်းပေးပါ။ (တစ်နည်း)

– သင်္ဘောသီအစေ့ကို ထန်းလျက်နှင့်နယ်ပြီး စားပါ။ (တစ်နည်း)

– နာနတ်သီးကို ပျားရည်နှင့်လူး၍ စားပါ။ (တစ်နည်း)

– ကြက်ဟင်းခါးရွက် အရည်ကို ညှစ်၍သောက်ပါ။ (တစ်နည်း)

– နာနတ်ရွက် သတ္တုရည်ကို သောက်ပါ။ (တစ်နည်း)

– ဂန့်ဂလာပင်ကိုကြိတ်၍ သတ္တုရည်ကိုသောက်ပါ။ (တစ်နည်း)

– ဘောစကိုင်းရွက်ကိုပြုတ်၍ ပါးပါးလှီးပြီး လက်သုပ်လုပ်၍ စားပါ။ (တစ်နည်း)

သမင်ဖြူနာပျောက် ဆေးနည်း

– ကြက်သွန်ဖြူကို နေ့စဉ် စားသုံးပေးပါ။ (တစ်နည်း)

– နနွင်းခါးနှင့် ပျားရည်ကို ရောစပ်၍ လက်ဖက်ရည်တစ်ဇွန်းခန့် နေ့စဉ်သုံးပေးပါ။ (တစ်နည်း)

– တောင်ဆီးဖြူပင် ပဉ္စငါးပါးကို သံးခွက်တစ်ခွက်တင်ကျို၍ သောက်ပေးပါ။ (တစ်နည်း)

– ခရာမြစ်ကိုသွေးပြီး ဆားအနည်းငယ်ထည့်၍ သောက်ပါ။ (တစ်နည်း)

– မြန်မာနှင်းဆီပန်း၏ ပွင့်ဖတ်များကိုခြွေ၍ ရေနွေးပူပူတွင် ခပ်၍သောက်ပါ။ နေ့စဉ် သောက်ခြင်းဖြင့် ရက်မကြာခင် ပျောက်ကင်း စေ၏။ (တစ်နည်း)

သွေးစုနာပျောက် ဆေးနည်း

– ပျားရည်နှင့် သံပုရာရည်ဆတူရော၍ သောက်ပေးပါ။

အဖျားဖြတ်ဆေးနည်း

– ကြက်သွန်နီကိုခွဲပြီး ရှိန်းခိုးသွပ်၍ မီးိကပင်စားပါ၊ အဖျားပြတ်၏။(တစ်နည်း)

– ကြိတ်မှန်ရွက် သုံးဇွန်း၊ ရေနွေး သုံးဇွန်း၊ ပျားရည် နှစ်ဇွန်း ၎င်းဆေးသုံးပါးကို သမအောင်မွှေပြီး အဖျားမတက်မီ ကြိုတင်တိုက်ပါ။

အဖျားဝမ်းသက် ဆေးနည်း

– နာတာရှည်အဖျား ဝမ်းသက်ရှိသူကို တမာခေါက်ကိုပြုတ်၍ ၎င်းအရည်ကို တိုက်ပါ။

အဖျားနာတာရှည်ပျောက် ဆေးနည်း

– နာတာရှည်အဖျားရှိသူသည် အဖျားတငွေ့ငွေ့ တက်နေပါက တမာရွက်ပြုတ်ရည်ကို တိုက်ပေးခြင်း၊ တမာပင်အောက်မှာနေခြင်းများ ပြုလုပ်ပေးပါ။

အနာပဆုပ်ပျောက် ဆေးနည်း

– ပဆုပ်ပနီအုံကို မီးနှင့် ကျွမ်းအောင်လှော်၍ ဆီနှင့်ပြန်ချက်ပါ။ ၎င်းကို လိမ်းပေးပါ။ (တစ်နည်း)

– သနပ်ခါး၏ အမြစ်ကို သွေး၍ လိမ်းပေးပါ။ (တစ်နည်း)

– ဆီးဖြူသီးကို ကြိတ်၍ အုံပေးပါ။ (တစ်နည်း)

– ထိကရုံးပဉ္စငါးပါးကို ကြိတ်၍ အုံပေးပါ။ (တစ်နည်း)

အနာဝင်ပျောက် ဆေးနည်း

– ထန်းလျက်၊ ကြက်ချေးခြောက်၊ ဆေးတံဆေး ၎င်းဆေးသုံးပါးအား အညီအမျှကြိတ်၍ အနာဝချန်ပြီး ကွင်း၍ အနာကို လိမ်းပေးပါ။ (တစ်နည်း)

– ကြိတ်မှန်ရွက်ကို ထန်းလျက်နှင့် ဂုံညင်းဆံ သင့်ရုံထည့်ပြီး သောက်ပါ။ (တစ်နည်း)

အနာပျက်ရောဂါပျောက် ဆေးနည်း

– ဆေးကုသ၍မရသော အနာဟောင်း အနာပျက်များကို တမာရွက်ကိုကြိတ်ပြီး အနာကိုကပ်၍ ပတ်တီးစည်းထားပေးပါက ပျောက်၏။ (တစ်နည်း)

– အနာရောဂါရှိသူများျ၏ အိမ်တံခါး၊ အိမ်ပေါက်ဝများတွင် တမာရွက်၊ တာမကိုင်းများ ချိတ်ဆွဲထားပေးပါ။ (တစ်နည်း)

အနာစက်ရောဂါပျောက် ဆေးနည်း

– တမာရွက် တမာခေါက်များကို ပြုတ်၍ အနာကို ဖန်ရည် မကြာခဏ ဆေးပေးပါ။

အနာနှင့် အရိုးပုပ်ပျောက် ဆေးနည်း

– တမာရွက်ကို ထောပတ်နှင့်ရောပြီး ကြော်၍ကြိတ်ပါ။ ဝါဂွမ်းနုနုဖြင့်တို့ပြီး အနာနှင့် အရိုးပုပ်နာများကို ထည့်ပေးပါ။ (တစ်နည်း)

အနာစိမ်းပျောက် ဆေးနည်း

– တမာရွက်ပြုတ်ရည်နှင့် အနာကို ဖန်ရည်ဆေးပြီး တမာဆီကို ထည့်ပေးပါ။ (တစ်နည်း)

– ခွေးထောက်ရွက်ကို မီးကင်၍ မကြာခဏ ကပ်ပေးပါ။ (တစ်နည်း)

အနာပေါက်ပျောက် ဆေးနည်း

– ထုံးနှင့် နနွင်းကို ရောစပ်၍ လိမ်းပေးပါ။ (တစ်နည်း)

– ဖလံတောင်ဝှေးအရွက်ကို မီးကင်ပြီး ကပ်ထားပေးပါက အနာနုလျှင် ပိန်သွားပြီး ရင့်လျှင် ပြည်များပေါက်၍ ပျောက်ကင်းပါမည်။ (တစ်နည်း)

အနာကျက် ဆေးနည်း

– ရှားစေးကို ပျားဖယောင်းနှင့်ရော၍ အနာပေါ်သို့ ကပ်ထားပေးခြင်းဖြင့် အနာ အမြန်ကျက်စေသည်။ (တစ်နည်း)

– တမာရွက်ပြုတ်ရည်ကို ပျားရည်နှင့် ရောစပ်၍ လိမ်းပေးပါက လျင်မြန်စွာ အကျက်မြန်သည်။

အရူးရောဂါပျောက် ဆေးနည်း

– နေ့စဉ် နံနက်စောစော တမာစေ့ နှစ်ကျပ်လေးပဲသားကို ရေစိမ်သောက်ခြင်းအားဖြင့် အရူးရောဂါ ပျောက်ကင်းစေပါသည်။

အရေပြားရောဂါ ပျောက်ဆေးနည်း

– တမာရွက်နုနု ဆယ့်နှစ်ပဲသားကို ကြိတ်၍ ရှာလပတ်ရည် ပြုလုပ်၍ နေ့စဉ်သောက်ပါ။ နှစ်ပတ်ကြာသော် ထူးခြားစွာ သက်သာပျောက်ကင်း၏။ (တစ်နည်း)

– တမာဆီကို ကိုယ်တွင် လိမ်းကျံပေးပါ။ (တစ်နည်း)

အနာပြည်ယိုပျောက် ဆေးနည်း

– အနာများ၌ ပြည်များထွက်၍ ယိုစီးပြီး မပျောက်ရှိခဲ့သော် တမာခေါက်ကို ပြာချ၍ လိမ်းပေးပါ။ (တစ်နည်း)

– ထန်းနို့ခြောက်ကို ပြာချ၍ အုန်းဆီနှင့်ဖျော်၍ လိမ်းကျံပေးပါ။

အနာပြည်ပေါက် ဆေးနည်း

– နွားချေးနှင့် ထန်းလျက်ကိုကြိတ်၍ အုံပေးပါ။ (တစ်နည်း)

– သင်္ဘောကုက္ကိုခေါက်ကို သွေး၍ အနာပေါ်သို့ လိမ်းပေးပါ။ (တစ်နည်း)

– ကွမ်းရွက်ကို မီးကင်၍ အနာပေါ် ကပ်ထားပေးပါ။ (တစ်နည်း)

အဆိပ်မမိရန် ဆေးနည်း

– နေ့စဉ် နံနက်စောစော တမာရွက် လက်တစ်ဆုပ်ကို ဝါးပေးပါက ကိုယ်၌ အဆိပ်ရောဂါ မမိနိုင်။

အဆိပ်ဖြေ ဆေးနည်း

– ကြွက်၊ ကင်း၊ ပုရွက်ဆိန်နီများ စသည့် အဆိပ်ရှိသော သတ္တဝါးများကိုက်ပါက ကိုက်သောနေရာကို သလဲရွက်ကြိတ်၍ ပွတ်ပေးပါ။ (တစ်နည်း)

– သင်္ဘောမယ်ဇလီရွက်ကို အဆိပ်ရှိသော သတ္တဝါကိုက်သည့် နေရာတွင် ပွတ်ပွတ်ပေးပါ။ (တစ်နည်း)

– သံပုရာသီးအရည်ကို သကြားအနည်းငယ် ထည့်၍သောက်ပါက ဘိန်း၊ အရက်မှဖြစ်သော အဆိပ်၊ အစာမှဖြစ်သော အဆိပ်၊ မြွေဆိပ်-ကင်းဆိပ်တို့ ပျောက်ကင်း၏။ (တစ်နည်း)

– တမာရွက်ရည်၊ မုန်ညင်းဆီ၊ ရေ-၎င်းဆေးသုံးပါးကိုချက်၍ အဆိပ်ရှိသော အနာကို လိမ်းပေးပါ။ (တစ်နည်း)

– ကုက္ကိုရွက်အပွင့်၊ အသီး၊ အခေါက်၊ အမြစ် ပဉ္စငါးပါးကို ကြိတ်၍သောက်ပါ၊ မျက်စဉ်းခတ်ပါ။ ရူပါ၊ အဆိပ်ရှိသောအနာကို လိမ်းပါ။ (တစ်နည်း)

– ကျောက်ချဉ်ကို သွေး၍လိမ်းပါ။ (တစ်နည်း)

– ချင်းခြောက်ကို အမူန့်ပြုလုပ်၍ စားပါ။ (တစ်နည်း)

အကြိတ်နာပျောက် ဆေးနည်း

– အကြိတ်နာများ ပေါ်ထွက်လာပါက နနွင်းနှင့် ထုံးကို ရောစပ်၍ လိမ်းပါ။

အကွက်ထခြင်းပျောက် ဆေးနည်း

– ကိုယ်တွင်း အကွက်ထခြင်းနှင့်အခြား ကိုယ်ရေပြားရောဂါများဖြစ်ပါက တမာရွက်ကိုကြိတ်၍ အရည်ကိုပွတ်လိမ်းပါ။

အဖုအကျိတ်ရောင်ပျောက် ဆေးနည်း

– ကိုယ်တွင် အဖုအကျိတ်များ ရောင်တင်းနေပါက တမာဆီကို လိမ်ပေးပါ။

အဆစ်အမြစ်ကိုက်ပျောက် ဆေးနည်း

– တမာအတွင်းသားအခေါက်ကို ရေနှင့်ပျစ်ပျစ်သွေး၍ လိမ်းပေးပါက မကြာခဏ လိမ်းပေးခြင်းအားဖြင့် ပျောက်ကင်း၏။ (တစ်နည်း)

– ပင်လယ်ကသစ်ပင် ပဉ္စငါးပါးကို နုပ်နုပ်စဉ်း၍ တောအရက်နှင့် စိမ်ပြီးလိမ်းပါ။ (တစ်နည်း)

– ရှောက်ရည်နှင့် ဓာတ်ဆီ ရောစပ်၍ လိမ်းပါ။ (တစ်နည်း)

အဖောအရောင်ပျောက် ဆေးနည်း

– ကြောင်ပန်းရွက်၊ သက်ရင်းကြီးရွက်၊ သက်ရင်းကြီးမြစ် ၎င်းဆေးသုံးပါးကိုကြိတ်၍ အရည်ကိုသောက်ပါ။ (တစ်နည်း)

– သင်္ဘောကုက္ကိုခေါက်နျင့် နနွင်းတက်ကို သွေး၍ လိမ်းပေးပါ။ (တစ်နည်း)

– ဒါန်းကြီးရွက်ကို အရည်ညှစ်၍ လိမ်းပေးပါ။ (တစ်နည်း)

– သက်ရင်းကြီးမြစ်ကို သွေးပါ။ ရသောအရည်နှင့် ကြောင်ပန်းရွက်အရည် ရောစပ်၍ သောက်ပါ။ (တစ်နည်း)

– ကနဖော့ ပဉ္စငါးပါးကိုပြုတ်၍ ရေချိုးပါ။ (တစ်နည်း)

– နှမ်းဖတ်ကို ညက်စွာထောင်းပြီး ထန်းဖို ထန်းလျက်နှင့် ရော၍စားပါး။ (တစ်နည်း)

အနာဝင်ပျောက် ဆေးနည်း

– ကြက်သွန်ဖြူ ဥတစ်လုံကို ငရုတ်ကောင်း ခုနှစ်စေ့ဖြင့် ညက်စွာကြိတ်၍ အုံပေးပါ။ (တစ်နည်း)

– အနာရှိသူ ညှော်မိ၍ ဇက်၊ ခါး တောင့်တင်းပြီး အနာဝင်နေပါက အုန်းရည်တွင် ငရုတ်ကောင်းမူန့် အနည်းငယ်ထည့်၍ ဝမ်းထဲရောက်အောင် တိုက်ပါ။ တဖြည်းဖြည်း ပျောက်ကင်းပါလိမ့်မည်။

အနာညှော်ဝင်ပျောက် ဆေးနည်း

– ကြက်င်းခါးအရွက်ကို ညှော်ဝင်၊ ညှော်မိသော အနာအား လိမ်းပေးပါ။

အပူလောင်နာပျောက် ဆေးနည်း

– ကွမ်းရွက်ကို သကြားနှင့်ရောစိပ်၍ ကြိတ်ပြီး အုံပေးပါ။

အူကျရောဂါပျောက် ဆေးနည်း

– ကြက်သွန်နီ ဥတစ်လုံကို ပါးပါးလှီး၍ သကြားတစ်ဖွန်းခန့်ဖြင့် ရေစိမ်ပါ။ တစ်ညခန့်စိမ်ပြီး သောက်ပါက ပျောက်၏။

အသည်းရောင် အသားဝါပျောက် ဆေးနည်း

– ငုပင်၏ ပဉ္စငါးပါးကို သုံးခွက်တစ်ခွက်တင် ကျို၍သောက်ပါ ပျောက်ကင်း၏။ (တစ်နည်း)

– ကြက်မောက်ဆူပင်၏ ပဉ္စငါးပါးကို သုံးခွက်တစ်ခွက်တင်ကျို၍ သောက်ပါ။

အနာပိုးကျပျောက် ဆေးနည်း

– အနာအတွင်းသို့ ပိုးလောက်များကျလာပါက တမာရွက်ပြုတ်ရည်ဖြင့် ဖန်ရည်ဆေးပြီး ဆေးရွက်ကြီးကိုပြာချ၍ သိပ်ပေးပါ။

အရိုးဆက်နည်း

– မြင်းခွာရွက်၊ မိတ်သလင်၊ နနွင်းစိမ်း ၎င်းဆေးသုံးပါးအား ဆတူရောကြိတ်၍ ကျိုးသောနေရာတွင် ကပ်၍ ပတ်တီးစည်းထားပေးပါ၊ အရိုးပြန်ဆက်၍ ပျောက်ကင်း၏။

အသံဝင်ပျောက် ဆေးနည်း

– ကင်ပါန်းသီးတစ်တောင့်ကို မီးကျွမ်းအောင်ဖုတ်ပါ၊ ဆားမီးဖုတ်နှင့်ရောစပ်၍ ပျားရည်နှင့်ဖျော်ပြီး စားပါ။

အသားမာပျောက် ဆေးနည်း

– သွတ်ကြီးမြစ်ကို ဆန်ဆေးရည်နှင့်သွေး၍ အသားမာရှိသောနေရာကို မကြာခဏ လိမ်းပေးပါ။

အဆစ်ရောင်ရောဂါပျောက် ဆေးနည်း

– ကသစ်ရွက်ကို ကြိတ်၍ လိမ်းပေးပါက ပျောက်၏။

အမွေးကျွတ်စေသော ဆေးနည်း

– ဆေးဒန်းနှင့် ကန့်ကိုကြိတ်၍ နာနတ်သီးမှည့် အရည်ဖြင့် ရောစပ်ပြီး လိမ်းပါ။ (တစ်နည်း)

– ကွမ်းသီးပင်မှ အရွကို ကန့်နှင့်အတူကြိတ်၍ လိမ်းပေးပါက အမွှေးဟူသမျှ ကျွတ်၏။ (တစ်နည်း)

လူတိုင်းလူတိုင်း ကြီးပွားချမ်းသာလိုစိတ် ရှိကြသည်။ ကြီးပွားချမ်းသာစေနိုင်သော စွမ်းရည်သတ္တိတွေလည်း များစွာရှိကြသည်။

ကြီးပွားချမ်းသာရေးအတွက် မိမိတု့ိကြားဖူးနားဝရှိသမျှနှင့် နေ့မအားညမအား လုပ်ကိုင်ကြသော်လည်း လုပ်သလောက် အကျိုးမခံစားကြရပေ။

နည်းမှန်လမ်းမှန် မရှိခြင်းကြောင့် မဟုတ်၊ မသိခြင်းကြောင့်သာ ဖြစ်ပေသည်။

သုတေသီဇေယျာမင်း၏ မြန်မာ့ဆေးမှီးတိုများ စာအုပ်မှ ကောက်နုတ်တင်ပြပေးထားသည်

မေတ္တာရိပ်