နှုတ်ခမ်းကွဲအက် အနေခက်လျှင်

Zawgyi ျဖင့္ဖတ္၇န္

အမွတ္မထင္ သူရဇၨမဂၢဇင္းစာအုပ္အားဖတ္မိ၏။ ႏွဳတ္ခမ္းကဲြအက္ အေနခက္ပါလွ်င္ ရွားေစာင္းလက္ပပ္ကိုအသံုးျပဳပါ ဆိုေသာ စာေရးသူ မ်ိဳးတင့္(ေညာင္ေလးပင္)၏ေဆးေဆာင္းပါးတိုေလးအားဖတ္မိသည္။

အတိုခ်ဳပ္တင္ျပရပါမူ ေဆာင္းအကုန္ေႏြအကူး ေအးေသာရာသီမွပူေသာရာသီသို႔ ကူးေျပာင္းျခင္းေၾကာင့္ သြားကိုက္၊သြားနာ၊သြားဖံုးေရာင္ရမ္းျခင္း၊ႏွဳတ္ခမ္းကဲြျခင္း၊ ေျခဖ၀ါကဲြျခင္း၊အသားပပ္ျခင္းတို႔ျဖစ္တတ္ပါသည္။

စာမူတြင္မွတ္မွတ္ရရထိုေန႔ကား ေကာက္ညွင္းျဖင့္ျပဳလုပ္ ထားေသာ ဟာလ၀ါမုန္႔မ်ားကို အသက္(၆၈)ႏွစ္ရွိျပီျဖစ္ေသာ ကြ်န္ဳပ္အဖိုးအိုစားမိ၏။

ပူကန္တတ္ေသာ ေတေဇာဓာတ္သေဘာရွိသည္ ေကာက္ညွင္းဟာလ၀ါကို စားမိ၍ ညဥ္႔ဦးယံအခ်ိန္ကစ၍ ႏွဳတ္ခမ္းမ်ားတင္းက်ပ္လာျပီး ႏွဳတ္ခမ္းကဲြေ၀ဒနာကိုခံစားရသည္။

သက္သာမည္အထင္ျဖင့္ အုန္းဆီလူးၾကည္႔သည္ မေပ်ာက္ကင္းပါဘဲအဆီတ၀င္း၀င္းျဖင့္ အေနအထိုင္ခက္ေနေတာ့သည္။

သို႔ျဖင့္ စဥ္းစားရခက္ေနစဥ္ မိမိကိုယ္တိုင္စုိက္ပ်ိဳးထားေသာ ရွားေစာင္းလက္ပပ္ပင္ကို သတိရမိသည္။
ရွားေစာင္းလက္ပပ္ တစ္လက္ကိုျဖတ္ယူလိုက္ျပိး ေရစင္ေအာင္ေဆးလိုက္သည္။ ထိုေနာက္လက္ႏွစ္ဆစ္ခန္႔ အပိုင္းေလးမ်ားျဖတ္၍ အလယ္မွဓါးျဖင့္ခဲြကာ ဂ်ယ္လီကဲ႔သို႔ ခြ်ဲျပစ္ေသာအရည္ရြန္းစိုေနသည့္ ရွားေစာင္းလက္ပပ္အႏွစ္ကို ကဲြအက္ခံစားရခက္ေနေသာ ႏွဳတ္ခမ္းသားသို႔ သုတ္လိမ္းလိုက္သည္။

ႏွဳတ္ခမ္း၏တင္းက်ပ္ျခင္း ေ၀ဒနာခ်က္ခ်င္းသက္သာသြားသည္။ (၂)ၾကိမ္(၃)ၾကိမ္လိမ္းျပိးေသာ္ ညဥ္႔တြင္းခ်င္းပင္ လံုး၀သက္သာေပ်ာက္ကင္းသြားသည္။ထိုသေဘာကို လက္ေတြ႔သိလိုက္ျခင္းေၾကာင့္ ပတ္၀န္းက်င္တြင္ ေျခဖ၀ါးကဲြ၊အသားပပ္သူမ်ား ေျပာျပအသံုးျပဳေစရာ ေပ်ာက္ကင္္းသက္သာၾကကုန္သည္။

ရာသီဥတုေၾကာင့္ျဖစ္ေစ၊အစားအေသာက္မွားယြင္းျခင္းေၾကာင့္ျဖစ္ေစ ႏွဳတ္ခမ္းကဲြအက္အေနရခက္ပါက ရွားေစာင္းလက္ပပ္ကို လိမ္းေပးပါက ဧကန္သက္သာေပ်ာက္ကင္းျပီး ေဘးထြက္ဆိုးက်ိဳး မရွိေသာ ရွားေစာင္းလက္ပပ္ကို အသံုးျပဳနိုင္ပါရန္ တင္ျပလိုက္ပါသည္။

လုိသူယူသံုးေစတနာအျပံဳးျဖင့္ စိတ္ရႊင္လန္းၾကပါေစ…။

ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)

Unicodeဖြင့်ဖတ်ရန်

” နှုတ်ခမ်းကွဲအက်အနေခက်လျှင် ”

အမှတ်မထင် သူရဇ္ဇမဂ္ဂဇင်းစာအုပ်အားဖတ်မိ၏။ နှုတ်ခမ်းကွဲအက် အနေခက်ပါလျှင် ရှားစောင်းလက်ပပ်ကိုအသုံးပြုပါ ဆိုသော စာရေးသူ မျိုးတင့်(ညောင်လေးပင်)၏ဆေးဆောင်းပါးတိုလေးအားဖတ်မိသည်။

အတိုချုပ်တင်ပြရပါမူ ဆောင်းအကုန်နွေအကူး အေးသောရာသီမှပူသောရာသီသို့ ကူးပြောင်းခြင်းကြောင့် သွားကိုက်၊သွားနာ၊သွားဖုံးရောင်ရမ်းခြင်း၊နှုတ်ခမ်းကွဲခြင်း၊ ခြေဖဝါကွဲခြင်း၊အသားပပ်ခြင်းတို့ဖြစ်တတ်ပါသည်။

စာမူတွင်မှတ်မှတ်ရရထိုနေ့ကား ကောက်ညှင်းဖြင့်ပြုလုပ် ထားသော ဟာလဝါမုန့်များကို အသက်(၆၈)နှစ်ရှိပြီဖြစ်သော ကျွန်ုပ်အဖိုးအိုစားမိ၏။

ပူကန်တတ်သော တေဇောဓာတ်သဘောရှိသည် ကောက်ညှင်းဟာလဝါကို စားမိ၍ ညဉ့်ဦးယံအချိန်ကစ၍ နှုတ်ခမ်းများတင်းကျပ်လာပြီး နှုတ်ခမ်းကွဲဝေဒနာကိုခံစားရသည်။

သက်သာမည်အထင်ဖြင့် အုန်းဆီလူးကြည့်သည် မပျောက်ကင်းပါဘဲအဆီတဝင်းဝင်းဖြင့် အနေအထိုင်ခက်နေတော့သည်။

သို့ဖြင့် စဉ်းစားရခက်နေစဉ် မိမိကိုယ်တိုင်စိုက်ပျိုးထားသော ရှားစောင်းလက်ပပ်ပင်ကို သတိရမိသည်။
ရှားစောင်းလက်ပပ် တစ်လက်ကိုဖြတ်ယူလိုက်ပြိး ရေစင်အောင်ဆေးလိုက်သည်။ ထိုနောက်လက်နှစ်ဆစ်ခန့် အပိုင်းလေးများဖြတ်၍ အလယ်မှဓါးဖြင့်ခွဲကာ ဂျယ်လီကဲ့သို့ ချွဲပြစ်သောအရည်ရွန်းစိုနေသည့် ရှားစောင်းလက်ပပ်အနှစ်ကို ကွဲအက်ခံစားရခက်နေသော နှုတ်ခမ်းသားသို့ သုတ်လိမ်းလိုက်သည်။

နှုတ်ခမ်း၏တင်းကျပ်ခြင်း ဝေဒနာချက်ချင်းသက်သာသွားသည်။ (၂)ကြိမ်(၃)ကြိမ်လိမ်းပြိးသော် ညဉ့်တွင်းချင်းပင် လုံးဝသက်သာပျောက်ကင်းသွားသည်။ထိုသဘောကို လက်တွေ့သိလိုက်ခြင်းကြောင့် ပတ်ဝန်းကျင်တွင် ခြေဖဝါးကွဲ၊အသားပပ်သူများ ပြောပြအသုံးပြုစေရာ ပျောက်ကင််းသက်သာကြကုန်သည်။

ရာသီဥတုကြောင့်ဖြစ်စေ၊အစားအသောက်မှားယွင်းခြင်းကြောင့်ဖြစ်စေ နှုတ်ခမ်းကွဲအက်အနေရခက်ပါက ရှားစောင်းလက်ပပ်ကို လိမ်းပေးပါက ဧကန်သက်သာပျောက်ကင်းပြီး ဘေးထွက်ဆိုးကျိုး မရှိသော ရှားစောင်းလက်ပပ်ကို အသုံးပြုနိုင်ပါရန် တင်ပြလိုက်ပါသည်။

လိုသူယူသုံးစေတနာအပြုံးဖြင့် စိတ်ရွှင်လန်းကြပါစေ…။

ရဲမျိုးသူ(ဗောဓိမြိုင်)