ဂီတမျိုးဆက်သစ်ထဲမှာ အဆိုပြိုင်ပွဲဝင်တေမပါပါဘူး လို့ ပြောလာတဲ့ အဆိုတော် မာရဇ္ဇ
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
ဂီတမျိုးဆက်သစ်ထဲမှာ အဆိုပြိုင်ပွဲဝင်တေမပါပါဘူး လို့ ပြောလာတဲ့ အဆိုတော် မာရဇ္ဇ
အဆိုပြိုင်ပွဲဝင်တွေနဲ့ ပါတ်သက်ပီး ဝါရင့်အဆိုတော်ကြီး မာရဇ္ဇကတော့ ပြောပီဗျာ။ သူ့သီချင်းတွေကို မဆိုစေချင်ပဘူးတဲ့၊ ဆိုလည်းမဆိုကြပါဘူး၊ ဘာဖြစ်လို့လည်းတော့မသိဘူး၊ ဆိုရင်လည်းမတားပါဘူး ဒါပေမယ့် ခွင့်တောင်းစေချင်တယ်လို့ ပြောပါတယ်။ ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်း ဒဲပြောတတ်တဲ့ မာရဇ္ဇကတော့ လတ်တလောမှာ သီချင်းဆိုပြိုင်ပွဲတေအပေါ် သူ့သဘောထားကို ပွင့်ပွင့်လင်းလင်းပြောလာပါတယ်။
အဆိုပြိုင်ပွဲမှာ သီချင်းရှင် အဆိုတော်၊ တေးရေးတွေကို အသိမပေးပဲ သီချင်းကိုသီဆိုနေကြတာနဲ့ပတ်သက်လို့လည်း မကြာခဏ အငြင်အခုန်ဝေဖန်သံတွေလည်း ကြားနေရပါတယ်။ ဒါကိုလည်း မာရဇ္ဇက ခွင့်တောင်းပီးမှသီဆိုကြဖို့၊ အပြန်အလှန် လေးစားမှု ထားကြဖို့ ပြောပါတယ်။ ခွင့်လည်းမတောင်း လုပ်ချင်တာလုပ်ရင်တော့ အသဲပေါက်တယ်လို့လည်းပြောပါတယ်။ ဂီတမျိုးဆက်သစ် ဆိုတာထဲမှာ အဆိုပြိုင်ပွဲဝင်သူတွေ မပါဘူးလို့လည်း ပြောပါတယ်။
အဆိုပြိုင်ပွဲမဝင်ပဲ အပြင်မှာ အနုပညာကိုချစ်တဲ့စိတ် ဝါသနာပါတဲ့စိတ်နဲ့ အသဲသန်ရုန်ကန်နေရတဲ့ ဝါသနာရှင်တွေ ပညာရှင်တွေမှာ ငွေအား လူအား အနုပညာအားနဲ့ အချိန်တွေရင်းပီး ဆင်းရဲပင်ပန်းစွာ ရုန်းကန်နေရပေမယ့် တစ်ဖက်မှာတော့ သုံးလေးလလောက် စင်ပေါ်တက် အဆိုပြိုင်လိုက်တာနဲ့ တဟုန်ထိုးအောင်မြင်သွားကြတယ်။
တကယ်အရည်အချင်းလည်းရှိ အနုပညာအပေါ်တစ်ကယ်ချစ်ခင်မြတ်နိုးစွာနဲ့ ကြိုးစားရုန်ကန်နေကြရတဲ့ သူများမှာတော့ အောင်မြင်မှုနဲ့ အလှမ်းဝေးနေဆဲပါပဲ။ ဒီကလေးတွေကို အရမ်းသနားပါတယ် လို့လည်းပြောပါတယ်။ တစ်ချို့က ဖြတ်ဖြတ်ဝင်လာတယ်၊ သူတို့က သံပါတ်ပေးထားတဲ့ အရုပ်ကလေးတွေလိုပါပဲ၊ သံပါတ်ကုန်
တာနဲ့ ရပ်သွားတယ်။ ပြောရဲပါတယ် Long time မရပါဘူး၊ အဆိုပြိုင်ပွဲက အောင်မြင်လာတဲ့သူတွေ ပီးရင်ဘယ်ရောက်သွားမှန်းမသိဘူး။ သူတို့မှာ သက်တမ်းတွေပါတယ်၊ ပထမဟီးရိုကပေါ်လာတယ် နောက်တစ်နှစ်ကြပျောက်သွားတယ် တယ်လို့ ပြောပါတယ်။ ဆက်ပီးတော့ အဲဒီတော့ ကြိုးစားကြပါ ကိုယ်ပိုင်သီချင်းနဲ့ ရပ်တည်နိုင်အောင် creation လုပ်ကြပါ လို့ အကြံပေးတိုက်တွန်းသွားပါတယ်ဗျာ။
ကဲ ပရိတ်သတ်ကြီးရော ဘယ်လိုထင်မြင်ပါသလဲ
Credit to Orginal Uploder