တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မျက်နှာပြောင်နေကြတဲ့ နေခြည်ဦးနဲ့ နေတိုး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ






★★★★★

Unicode ဖြင့်ဖတ်ပါ
★★★★★

မြန်မာနိုင်ငံရဲ့ အမျိုးသမီးဆယ်လီတွေထဲမှာ Beauty Blogger တစ်ယောက်ဖြစ်တဲ့ စမတ်ကျကာ အမြဲစတိုင်မိမိုက်တဲ့ Blogger မင်းသမီးချောလေး နေခြည်ဦးကိုတော့ ပရိသတ်တွေရင်းနှီးပြီးသားဖြစ်မှာပါနော်..။ နေခြည်ဦးကတော့ အလှအပဆိုင်ရာ Tips လေးတွေနဲ့ Beauty Blogger အဖြစ်နဲ့ မိန်းကလေးပရိသတ်တွေရဲ့ အချစ်တော် Blogger လေးတစ်ယောက်အဖြစ်ရပ်တည်ခဲ့ပြီး သူမရဲ့ အနုပညာကို ချစ်တဲ့စိတ်ကလေးတွေနဲ့ အနုပညာအလုပ်လေးတွေကို လုပ်ကိုင်လာခဲ့ပဲဖြစ်ပါတယ်..။

သရုပ်ဆောင်ရမှာလည်း အပိုအလိုမရှိ ဇာတ်ရုပ်နဲ့ကွက်တိကျအောင် သရုပ်ဆောင်နိုင်သူတစ်ဦးလို့ပြောရင်မှားမယ်မထင်ပါဘူးနော်…။ နေခြည်လေးပါဝင်ရိုက်ကူးထားပြီးဖြစ်တဲ့ “အိမ်မက်တွေမိုးထားတဲ့အိမ်” ဇာတ်လမ်းတွဲလေးကိုလည်း မကြာခင်မှာ MNTV ချန်နယ်မှာ ထုတ်လွှင့်ပြသတော့မှာပါနော်.။

အခုလက်ရှိမှာတော့ခြည်ခြည်လေးက ရုပ်ရှင်လေးတွေရိုက်ကူးပြီးကာ သူမရဲ့ Blogger အလုပ်လေးကို ပြန်လည်လည်ပတ်လုပ်ဆောင်နေပါတယ်နော်..။ခြည်ခြည်လေးက ဒီဇင်ဘာလ(၂၁)ရက်နေ့မှာတော့ ကြော်ငြာရိုက်ကွင်းလေးတစ်ခုမှာ မင်းသားနေတိုးနဲ့ မျက်နှာပြောင်ထားတဲ့ သူမရဲ့ပုံလေးတွေကို

“ဒေါ်လိပ်ပြာ နေဦး….မင်းအခုအသက်သုံးဆယ်ကျော် အသားအရေကနေ နှစ်ဆယ်ကျော် ကောင်မလေးအသားအရေ ပြန်ရမယ်ဆိုရင်ကော လို့ ဦးနိုင်ကပြောသောအခါ” ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်နော်..။

ပုံလေးတွေထဲမှာ နေခြည်လေးကတော့ မျက်နှာပြောင်ကာ ချစ်စဖွယ်လေးတွေ လုပ်ပြနေတာ ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းလိုက်တာ