မြန်မာအိုင်ဒေါလ်ပြိုင်ပွဲမှာ ဒိုင်လူကြီး (၃) ယောက်က လူပိုတွေ ဖြစ်နေပြီလား ?

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




သီချင်းမဆုံးဖြတ်ပဲ.. ဘာသာရေးဆိုက်ဝါး..brain wash ပဲလုပ်တာတွေ့နေရတယ်… ဘာမှအကျိုးမရှိဘူး…လုရှုပ်တာပဲ..အဖတ်တင်တယ် သောက်ဆန်းတွေဝတ် ဘိုလိုတွေမှုတ်တာပဲ အဖတ်တင်မယ်.. ဘာမှ ပြိုင်ပွဲဝင်တွေအပေါ်သက်ရောက်မှုမရှိဘူး. ဒီတော့…presenter က…ဘာလဲ ကျော်ထက်အောင်လား.. အေး..အဲ့ဒီလူရယ်..အဆို အတီးသမားတွေရယ်သာပြိုင်၊ ပြီးရင် vote နံပါတ်ကို vote ပေးခိုင်းလိုက် နည်းသူထွက်.. များသူနိုင်၊ ဇာတ်လမ်းပိုရှင်းတယ်..။










Unicode ဖြင့်ဖတ်ပါ
★★★★★

ဘဝမှာ ဒီည ပထမဦးဆုံးအကြိမ် IDOL.ကြည့်ဖူးသွားပါပြီ… ဘာတွေ့ရလဲဆိုတော့… အမှတ်ပေးစနစ်မရှိ ပညာရှင်ရဲ့ အသိအမှတ်ပေးရလာဒ်နဲ့ မဟုတ်ပဲ ပိုက်ဆံနဲ့ဝိုင်းပြီး vote ပေးမှ winner ဖြစ်တာလို့ မြင်တာမို့လို့……..လေးစားစရာတော့မကောင်းပါဘူး အနုပညာသန့်သန့်အတွက် အရောင်စွန်းထင်းသွားတယ်ပဲ မြင်မိတယ်။

ဒိုင်သုံးယောက်လုံး.. သီချင်းအပေါ် မှတ်ချက်ပေးတာထက် ဘာမှမဆိုင်တဲ့ ကိစ္စတွေကိုပြောနေတာကများနေတယ် သီချင်းအပေါ်မှာ သီဆိုသူတစ်ယောက်အတွက် ဒီသီချင်းကို ဒီလိုဆိုတာ ဘယ်နေရာ ဘယ်လို သိပ်သုံးသပ်ပြောဆိုတာက နည်းပါးလွန်းတယ် မြန်မာပြည်ဦးသိန်းတန်ကြီး.တုန်းက. Idol.မကြည့်ဖူးပေမယ့်.. သူအမှတ်ပေးပုံကို တခါတခါ..Delay ပြန်ကြည့်ဖူးတယ် ကြုံကြိုက်လို့… သူ့တုန်းက…ကောင်းတယ် မကောင်းဘူး လိုရင် လိုတယ် များရင်များတယ်….သီချင်းနဲ့ စာသားနဲ့ သံစဉ်နဲ့ ဆိုပုံကို အဓိကထားဝေဖန်လို့ (တခါတခါ ပစ်ပစ်နှစ်နှစ်ပြောလိုက်တာတွေတောင် တွေ့ရတယ်.အဲ့လောက်ကျတော့များတယ်ပေါ့)

ဒါက..သဘာဝကျတယ် အခု.. ဦးအောင်ကိုလတ်တို့ကျတော့ ဆိုသမျှလူ ကောင်းနေတာချည်းပဲ.. မှားလည်းကောင်းတယ်… ငါတို့လည်းမှားတယ်..(ဒါလည်းဟုတ်တာပဲ) ဆိုပေမယ့်… ဒါက..စတိတ်ရှိုးပွဲ အထိမ်းအမှတ်ပွဲ ဘာပွဲ ညာပွဲဆိုနေတာမဟုတ်ဘူးလေ… ပြိုင်ပွဲလေ…. ပြိုင်ပွဲဆိုလျှင်.. စည်းမျဉ်းစည်းကမ်း ဥပဒေနဲ့ အမှတ်ပေးစည်းမျဉ်း ရှိရမယ်လေ … မှားတိုင်းကောင်းနေလို့မရဘူး.. ဘယ်လိုဖြစ်လို့ အကုန်ကောင်းနေတာတုန်း.. အကုန်ကောင်းတယ်.. ငါတို့ဆုံးဖြတ်လို့မရဘူး Vote ပေးတာသာ အဆုံးအဖြတ်ဆိုရင် ဒိုင်သုံးယောက်အလုပ်ရှုပ်ခံ မျက်စိနောက်ခံထားမနေပါနဲ့။

သီချင်းမဆုံးဖြတ်ပဲ.. ဘာသာရေးဆိုက်ဝါး..brain wash ပဲလုပ်တာတွေ့နေရတယ်… ဘာမှအကျိုးမရှိဘူး…လုူရှုပ်တာပဲ..အဖတ်တင်တယ် သောက်ဆန်းတွေဝတ် ဘိုလိုတွေမှုတ်တာပဲ အဖတ်တင်မယ်.. ဘာမှ ပြိုင်ပွဲဝင်တွေအပေါ်သက်ရောက်မှုမရှိဘူး. ဒီတော့…presenter က…ဘာလဲ ကျော်ထက်အောင်လား.. အေး..အဲ့ဒီလူရယ်..အဆို အတီးသမားတွေရယ်သာပြိုင်၊ ပြီးရင် vote နံပါတ်ကို vote ပေးခိုင်းလိုက် နည်းသူထွက်.. များသူနိုင်၊ ဇာတ်လမ်းပိုရှင်းတယ်..။

သီချင်းအဆိုပြိုင်တာ ရုပ်ချောတာပြိုင်တာမဟုတ် စတိုင်မိုက်တာ ပြိုင်တာမဟုတ်ဘူး အဆိုပညာကို ဘယ်လောက်လုပ်နိုင်လဲ ပြိုင်တာ ဦးစောနု..ပြိုင်ပွဲကနေလာတဲ့ မတင်ဇာမော်တစ်ယောက် ဒီလိုပေါတောတောဖြစ်မယ်မထင်ခဲ့မိဘူး အတော်တော်တဲ့ အဆိုပညာရှင်တစ်ယောက်မို့ လေးစားတယ်..ဒါကြောင့် သူ့မှတ်ချက်နားထောင်တယ်.. ဘာတွေလဲ……..? ဦးအောင်ကိုလတ် စတီရိယို ခေတ်ဦးဆရာကြီး ဘာတွေပြောနေတာလဲ….? ဘာသာရေးစည်းရုံးရေးဆင်းချင်ရင် IDOL.ကထွက် အပြင်မှာလုပ်ပါ….နေရာမှားနေတယ်.. ဖြူဖြူ.. ဘာလာထိုင်လုပ်တာလဲ… ဟာသတွေလာပြော ဖက်ရှင်တွေလာစမ်းသပ်နေသလိုပဲ နားကိုမလည်ဘူး…

ဒီနေ့…တစ်ယောက်နှစ်ပုဒ်ဆိုတယ် စိတ်ရှည်ရှည်နားထောင်ကြည့်တယ်.. မြန်မာသံစဉ်..မှာ တစ်ယောက်မှ မကောင်းဘူး… ရလည်းမရဘူး… သူတို့လိုင်းလည်းမဟုတ်ကြလို့.. မရကြတာ သဘာဝပဲ လက်သင့်လည်းခံတယ် ဘာတဲ့.အေးမြဖြူဖြူဆိုလား ဘယ်သူငိုအောင်ဆိုပြတာ ဘာညာ ဟိုတလောက တွေ့လိုက်သေးတယ်၊ ဟုတ်ကဲ့…ဒီနေ့တော့ မြန်မာသံစဉ်မှာ…သူလည်းပုံမလာဘူး အမှတ်ပေးနေတဲ့ သုံးယောက်လုံးကို ပတ်ပျိုးသီချငိးကြီးတွေ ဆိုခိုင်းကြည့်ပါလား လိုင်းမတူရင် ရူးသွားမှာသဘောပေါက်သွားလိမ့်မယ် အဆိုတော်တိုင်း..ဘာလာလာဒေါင်းတယ်မထင်ကြနဲ့ဗျ ဒါကြောင့်.. မြန်မာသံစဉ်မှာ… အမှတ်ပေးနိုင်လောက်သူ တစ်ယောက်မှမပါဘူး

နောက်တစ်ခါ… စိတ်ဓာတ်ခွန်အား သီချင်းတဲ့… အံ့ဩတယ်… ဒိုင်သုံးယောက်.. အကုန်ကောင်းနေတာချည်းပဲ… တဝေါင်းဝေါင်းနဲ့ အိုးမိုင်ဂေါ့တွေချည်းပဲ.. ဒါဆို ဘယ်သူအကောင်းဆုံး…လဲ……? မသိဘူး….vote ပေး…ဖြစ်နေပြီ ဘာလို့ ဒိုင်ထားနေသေးတာလဲ.၊ ရုပ်ပျက်တာပေါ့.. ဒီနေ့. ဒုတိယပိုင်းဆိုတဲ့အထဲ နာမည်တွေတော့..သိပ်မတွဲမိတော့ဘူးဗျာ ကိုလင်းလင်း.(သံမဏိလိပ်ပြာ).သီချင်းဆိုတဲ့ ပြိုင်ပွဲဝင် သူ့အသံနဲ့သူဆိုတယ်.. ပြောရရင်..ကောင်းတယ်.. ဟုတ်တယ် ကောင်းတယ်… ဒါပေမယ့်….ပြိုင်ပွဲတောင်လာပြိုင်နေတဲ့ အဆိုရှင်တစ်ယောက်မို့လို့.. ဒီလောက်ဆိုတတ်တာ…. သိပ်တော့မဆန်းပါဘူး…

သီချင်းစာသားကိုကြည့်ပါ… ဘယ်စာသားကိုမာန်ထည့်ရမယ် ဘယ်နေရာကို ခပ်တိုးတိုးလုပ်သင့်တယ်ဆိုတာ ကိုလင်းလင်းသီချင်းကိုပြန်ကြည့်ပါ.. အလကားလုပ်ပြထားတာ မပါဘူး လျှာဖျားသုံးသင့်တဲ့နေရာ ရင်ခေါင်းသုံးသင့်တဲ့နေရာ သူလုပ်ပြထားတယ်.. မိမိအသံနဲ့ဆိုသွားတာကို လေးစားတယ် စာသားအပေါ်မှာ mood မလုပ်တတ်သေးဘူး ကိုယ့်အသံနဲ့ကိုယ်ကို ဒီစာသားကမာရမှာ ဒါကပျော့ရမှာလို့ မလုပ်ပြထားဘူး.. ပုံမှန်..ဘား..ကီး..တိုင်ပင်..အကုန်မှန်ရင် ပြီးတာပဲ ဖြစ်နေပြီ…ထွေထွေထူးထူးမပါဘူး

ဒါကို…ဦးအောင်ကိုလတ်က..မင်းက..ခုန..ဘယ်သူရောဟုတ်ရဲ့လားဆိုပဲ…လူတောင်မှားတယ်ပေါ့ ဆိုချက်က… မဖြူက..အထှာနဲ့ နိုင်ငံရေးအထှာပါးပါးပုတ် အမှတ်ယူသွားတယ်…သိတယ်နော် ဒီသီချင်းက ဘာပဲဖြစ်ဖြစ်အမှန်တရားဘက်ကနေရမယ် ဘာညာနဲ့ (ပြောချင်တာက ဒါအမေစုအတွက်သီချင်းနော်..ဟွင်းဟွင်း) ဘာပွဲလဲ အဆိုပြိုင်ပွဲမှာ..အဆိုကိုပဲသုံးသပ်ပါ သူ့ကဏ္ဍနဲ့ သူ အလုပ်လုပ်ပါ…မဆိုင်တာတွေ မပြောစေချင်ဘူး..

ပြီးတော့..ဦးထီးဆိုင်သီချင်းဆိုတဲ့ကောင်မလေး ဘယ်နေရာ ကောင်းတာလဲ. ကျနော်တော့..နားထောင်လို့ကောင်းအောင် ဆိုသွားတာတော့သိတယ်…ဒီထက်ထူးခြားသောမှတ်ချက်မရှိ အရမ်းလှတာပဲ..လမ်းလျှောက်တာလေးကအစ ဘာညာသာရကာတွေကတော့..မမော်..အပိုစကားတွေပါ ဦးညီထွဋ်သီချင်းဆိုသွားတဲ့ ကောင်မလေးရော တော်ပါတယ်… သို့သော်..ဒီသီချင်းက…သားနေရာမှာသမီးလို့ပြောင်းဆိုပေးရုံနဲ့… ၊အသက်ဝင်သွားပြီတဲ့လား..မဖြူ ကျနော့်လို သာမန် အဆိုရှင်အဆင့်လောက်ပါပဲ.. အဆိုတော်အဖြစ် ရောက်သွားစေမယ့် စကေးမဟုတ်ပါဘူး

နောက်..ဆံပင်ကောက်ကောက်ကောင်လေး သူပြောတာ..group song တဲ့ ဝန်ခံပါတယ်….ကျနော်အဲ့ဒီသီချငိးနားမထောင်ဘူးသေးပါဘူး…. Group Song ကို သူတစ်ယောက်တည်းဆိုတယ်ပေါ့ အတော်ကောင်းပါတယ်… ဦးလတ်တို့မမော်တို့မဖြူတို့ တောင်းဆိုနေတဲ့ အနေအထား အကုန်ပါပါတယ် Low သံ တိကျသလို hight pitch လည်းရောက်ပါတယ် အသံကစားတာလှပြီး အချကနေအတက်ပြောင်းတာ ငြိမ်ပါတယ်..မိပါတယ်…vibrate လေးလည်းပြသွားတယ် crush tone လည်းလုပ်ပြသွားတယ်….

တော်တော်စုံစုံ..နိုင်နင်းစွာ… အဆိုရှင်ကနေ အဆိုတော်ဖြစ်နိုင်လောက်တဲ့အထိ လုပ်ပြသွားနိုင်ပါတယ် ဒီတစ်ယောက်တော့..ကျနော်ကြည့်ဖူးတဲ့ ဒီနေ့ညမှာ တကယ်လေးစားပါတယ် ကိုညီထွဋ်သီချင်းကို ကီးလေးချိန်းပြလို့ အရမ်းအံ့ဩပြတဲ့ မမော်… ဒီတစ်ယောက်မှာ အသက်ရှူမှားလောက်မယ်ထင်ပါတယ်

နောက်တစ်ယောက်..ခွန်တန်ကျော်ဆိုလား နာမည်ကြီးဟိုတစ်ယောက်ကြီးနဲ့နာမည်ဆင်နေလို့ သတိထားကြည့်မိတယ်.. ပုံမှန်ပါပဲ ကျဆိမ့်မဟုတ်ပါဘူး ဒီည..ကျနော့်အတွက်တော့. ဘာဆွန်ဆိုလား အဲ့ဒီ..ခင်ဗျားတို့ပြောတဲ့..ဦးပလာတာပေါက်စဆိုလား ..သူ..အတွက်..အမှတ်ပေးပါတယ် Vote တွေဘာတွေတော့..ကိုယ့်ကိုယ်ကိုတောင် လက်ဖကိရည်တစ်ခွက် မသဒ္ဒါလို့မပေးနိုင်ပါဘူး သို့သော်.. တကယ့်ကို…ဒီညကတော့..သူ့အတွက်ပါပဲလို့.. တစ်ခါတစ်ရံကြည့်ပြီး….သုံးသပ်လိုက်ပါတယ် ဒိုင်တွေရယ် အမှတ်ပေးစနစ်ရယ်ကြောင့် အံ့အားသင့်မိတဲ့.. ကျော်ထက်အောင်ဆိုလား..သူပြောတဲ့စကားအရ ကမ္ဘာကပါစောင့်ကြည့်နေတဲ့..IDOL.. လေးစားပါတယ်..တခါဆို ဆိုသလောက်.. လက်လန်ပါတယ်ဗျာ.. (အားလုံး…ဆဲစေသတည်း)