၁ ပတ်အတွင်းမှာပဲ ဆံပင်ကျွတ်တာကို ရပ်တန့်စေပြီး ဆံပင်ကိုထူလာစေမယ့် ကြက်ဥနဲ့ ပေါင်းတင်နည်း

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ဆံပင္ကၽြတ္လို႔ ဆံပင္ပါးလို႔ စိတ္ညစ္ေနလား။ အေကာင္းစားေခါင္းေလွ်ာ္ရည္ေတြသံုးေပမယ့္ ကိုယ္နဲ႔အဆင္မေျပဘူးျဖစ္ေနတယ္ဆိုရင္ သဘာ၀နည္းလမ္းကို စမ္းၾကည့္ဖို႔ အႀကံျပဳလုိပါတယ္ေနာ္..

ဆံပင္ကၽြတ္တာသက္သာေစၿပီး တစ္ပတ္အတြင္း ဆံပင္ပါးတာကိုပါသက္သာေစမယ္ဆိုရင္ စာဖတ္သူတို႔ စိတ္၀င္စားၾကမယ္လုိ႕ထင္ပါတယ္။

ၾကက္ဥကို ဘာလို႔ေရြးခ်ယ္ရသလဲ။

ၾကက္ဥမွာဆိုရင္ ဆံႏြယ္ေတြကို ျပန္လည္သန္စြမ္းေစၿပီး ဆံႏြယ္ကို ေတာက္ေျပာင္ေစတဲ့ ပရိုတင္းနဲ႔ ဗီတာမင္ေတြ အမ်ားအျပားပါ၀င္ပါတယ္။ ဗီတာမင္ E ပါ၀င္လို႔ေနေရာင္ခ်ည္ ထိေတြ႔မႈေၾကာင့္ ဆံသားပ်က္ဆီးျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။

ဆံပင္ေပါက္တဲ့ Follicles ေလးေတြနဲ႔ ဆံပင္အျမစ္ေတြကိုသန္စြမ္းေစဖို႔ ၾကက္ဥမွာပါ၀င္တဲ့ ဗီတာမင္ B7 ကအားျဖည့္ေပးႏိုင္ပါတယ္။ ဦးေရျပားေျခာက္ေသြ႔ျခင္းကိုကာကြယ္ေပးၿပီး ဆံသားေျခာက္ေသြ႕တာကိုကာကြယ္ေပးမယ့္ Fatty Acids လည္းပါ၀င္ပါတယ္။

ဒါ့ေၾကာင့္ ဆံေကသာအလွအတြက္ အက်ိဳးရွိတဲ့ ၾကက္ဥကိုေရြးခ်ယ္အသံုးျပဳဖို႔ အႀကံျပဳလိုပါတယ္။

နည္းလမ္း (၁)

ပါ၀င္ပစၥည္း

သံလြင္ဆီ

ၾကက္ဥ

သံလြင္ဆီ လက္ဖက္ရည္ဇြန္း ၁ ဇြန္းနဲ႔ ၾကက္ဥအႏွစ္တစ္လံုးကို ေရာၿပီး ေမႊလိုက္ပါ။ ၿပီးရင္ ဦးေရျပားနဲ႔ ဆံပင္ေတြေပၚလိမ္းေပးၿပီး မိနစ္ ၂၀ ကေန နာရီ၀က္ထိထားပါ။ ၿပီးရင္ ေခါင္းေလွ်ာ္ရည္နဲ႔ေခါင္းေလွ်ာ္ခ်ပါ။ တစ္ပတ္ကို ၃ ႀကိမ္ေလာက္လုပ္ေပးပါ။

နည္းလမ္း (၂)

ၾကက္ဥအႏွစ္

သံပုရာသီး

ျပဳလုပ္နည္း

ၾကက္ဥအႏွစ္ ၂ လံုးကိုယူၿပီး ခေလာက္လုိက္ပါ။ ၿပီးရင္ သံပုရာရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္းထည့္ပါ။ အဲဒီေနာက္ ေသခ်ာေမႊေပးပါ။ အရမ္းပ်စ္ေနရင္ သံပုရာရည္ ထပ္ထည့္လို႔ရပါတယ္။ ၿပီးရင္ ဦးေရျပားနဲ႔ ဆံပင္အျမစ္ေတြကို ေသခ်ာလိမ္းေပးပါ။
ဦးေခါင္းတစ္ခုလံုးကို ႏွံ႔ေအာင္လိမ္းေပးၿပီး မိနစ္ ၃၀ ေလာ္ကထားပါ။ အဲဒီေနာက္ ေခါင္းေလွ်ာ္ရည္နဲ႕ေလွ်ာ္ခ်ပါ။ တစ္ပတ္ကို ၃ ႀကိမ္လုပ္ေပးပါ။

နည္းလမ္း (၃)

ၾကက္ဥ အႏွစ္

သံလြင္ဆီ

ပ်ားရည္

ျပဳလုပ္နည္း

ၾကက္ဥအႏွစ္ ၂ လံုးကို ခေလာက္လိုက္ပါ။ ၿပီးရင္ သံလြင္ဆီ စားပြဲတင္ဇြန္း ၃ ဇြန္းထည့္ပါ။ အဲဒီေနာက္ ပ်ားရည္ စားပြဲတင္ဇြန္း ၃ ဇြန္းထည့္ပါ။ ေသခ်ာေမႊေပးပါ။ ၿပီးရင္ ဦးေရျပားနဲ႔ ဆံသားေအာက္ေျခကေန ထိတ္ပိုင္းထိ ႏွံ႔စပ္ေအာင္လိမ္းေပးပါ။
မိနစ္ ၃၀ ေလာက္ထားၿပီး ေခါင္းေလွ်ာ္ရည္ နဲ႔ ေလွ်ာ္ခ်ပါ။ တစ္ပတ္ကို ၃ ႀကိမ္လုပ္ေပးရမွာျဖစ္ပါတယ္။

My Stylemyanmar

Unicode ဖြင့်ဖတ်ပါ
★★★★★

ဆံပင်ကျွတ်လို့ ဆံပင်ပါးလို့ စိတ်ညစ်နေလား။ အကောင်းစားခေါင်းလျှော်ရည်တွေသုံးပေမယ့် ကိုယ်နဲ့အဆင်မပြေဘူးဖြစ်နေတယ်ဆိုရင် သဘာဝနည်းလမ်းကို စမ်းကြည့်ဖို့ အကြံပြုလိုပါတယ်နော်..

ဆံပင်ကျွတ်တာသက်သာစေပြီး တစ်ပတ်အတွင်း ဆံပင်ပါးတာကိုပါသက်သာစေမယ်ဆိုရင် စာဖတ်သူတို့ စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်။

ကြက်ဥကို ဘာလို့ရွေးချယ်ရသလဲ။

ကြက်ဥမှာဆိုရင် ဆံနွယ်တွေကို ပြန်လည်သန်စွမ်းစေပြီး ဆံနွယ်ကို တောက်ပြောင်စေတဲ့ ပရိုတင်းနဲ့ ဗီတာမင်တွေ အများအပြားပါဝင်ပါတယ်။ ဗီတာမင် E ပါဝင်လို့နေရောင်ချည် ထိတွေ့မှုကြောင့် ဆံသားပျက်ဆီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

ဆံပင်ပေါက်တဲ့ Follicles လေးတွေနဲ့ ဆံပင်အမြစ်တွေကိုသန်စွမ်းစေဖို့ ကြက်ဥမှာပါဝင်တဲ့ ဗီတာမင် B7 ကအားဖြည့်ပေးနိုင်ပါတယ်။ ဦးရေပြားခြောက်သွေ့ခြင်းကိုကာကွယ်ပေးပြီး ဆံသားခြောက်သွေ့တာကိုကာကွယ်ပေးမယ့် Fatty Acids လည်းပါဝင်ပါတယ်။

ဒါ့ကြောင့် ဆံကေသာအလှအတွက် အကျိုးရှိတဲ့ ကြက်ဥကိုရွေးချယ်အသုံးပြုဖို့ အကြံပြုလိုပါတယ်။

နည်းလမ်း (၁)

ပါဝင်ပစ္စည်း

သံလွင်ဆီ

ကြက်ဥ

သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ကြက်ဥအနှစ်တစ်လုံးကို ရောပြီး မွှေလိုက်ပါ။ ပြီးရင် ဦးရေပြားနဲ့ ဆံပင်တွေပေါ်လိမ်းပေးပြီး မိနစ် ၂၀ ကနေ နာရီဝက်ထိထားပါ။ ပြီးရင် ခေါင်းလျှော်ရည်နဲ့ခေါင်းလျှော်ချပါ။ တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပေးပါ။

နည်းလမ်း (၂)

ကြက်ဥအနှစ်

သံပုရာသီး

ပြုလုပ်နည်း

ကြက်ဥအနှစ် ၂ လုံးကိုယူပြီး ခလောက်လိုက်ပါ။ ပြီးရင် သံပုရာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပါ။ အဲဒီနောက် သေချာမွှေပေးပါ။ အရမ်းပျစ်နေရင် သံပုရာရည် ထပ်ထည့်လို့ရပါတယ်။ ပြီးရင် ဦးရေပြားနဲ့ ဆံပင်အမြစ်တွေကို သေချာလိမ်းပေးပါ။
ဦးခေါင်းတစ်ခုလုံးကို နှံ့အောင်လိမ်းပေးပြီး မိနစ် ၃၀ လော်ကထားပါ။ အဲဒီနောက် ခေါင်းလျှော်ရည်နဲ့လျှော်ချပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပေးပါ။

နည်းလမ်း (၃)

ကြက်ဥ အနှစ်

သံလွင်ဆီ

ပျားရည်

ပြုလုပ်နည်း

ကြက်ဥအနှစ် ၂ လုံးကို ခလောက်လိုက်ပါ။ ပြီးရင် သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပါ။ အဲဒီနောက် ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပါ။ သေချာမွှေပေးပါ။ ပြီးရင် ဦးရေပြားနဲ့ ဆံသားအောက်ခြေကနေ ထိတ်ပိုင်းထိ နှံ့စပ်အောင်လိမ်းပေးပါ။
မိနစ် ၃၀ လောက်ထားပြီး ခေါင်းလျှော်ရည် နဲ့ လျှော်ချပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပေးရမှာဖြစ်ပါတယ်။