Myanmar Idol မှာ အမျိုးသမီး Winner ထွက်ပေါ် တော့မယ်လို့ ခန့်မှန်းပြောဆိုနေ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Season 2 မှာဆိုရင် သားငယ်နဲ့ ဘီလီလမင်းအေးတို့ နောက်ဆုံး ဖိုင်နယ်ကို တက်ရောက်ခဲ့ကာ သားငယ်က Season 2 ရဲ့ Winner ဖြစ်ခဲ့ပါတယ်။




Unicode ဖြင့်ဖတ်ပါ
★★★★★

အသက်ရှူရပ်မတတ်ရင်ခုန်ရသော မြန်မာအိုင်ဒေါရဲ့Result show ကတော့ ကျင်းပပြီးစီးခဲ့တာဖြစ်ပါတယ်။ပြိုင်ပွဲဝင်များရဲ့ကြိုးစားအားထုတ်မှုတွေဟာလည်း အံ့မခန်းဖြစ်ခဲ့ပြီး Final ကို ပြိုင်ပွဲဝင်အကုန်လုံးကို ခေါ်ယူသွားချင်လောက်အောင်ဖြစ်စေပါတယ်။

မြန်မာအိုင်ဒေါကိုနှုတ်ဆက်ထွက်ခွာခဲ့ရသူနှစ်ဦးကတော့ Wild Card နဲ့ပြန်လည်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ တန်ခွန်ကျော် နဲ့ Mooler တို့ဖြစ်ပါတယ်။Final မှာ Winner ဖြစ်ဖို့အတွက်အကြိတ်အနယ်ဆက်လက်ယှဉ်ပြိုင်ရမယ့်သူ(၃)ဦးကတော့ ဘင်ဂျမင်ဆုမ်း၊အေးမြဖြူနဲ့အက်စတာဒေါ့ချင်းဆုန်တို့ပဲဖြစ်ပါတယ်။

အခုချိန် ထိ တခါ မှ အမျိုးသမီး Winner မထွက်ပေါ်ခဲ့ဖူးတဲ့Myanmar Idol မှာတော့ ဒီနှစ်မှာ အမျိုး သမီး နှစ်ေ ယာက်၊ အမျိုးသားတစ်ယောက် Grand Final ကို တက်ရောက်ခွင့်ရခဲ့ပါတယ်။Season 1 မှာတော့ စောလား ထော်ဝါးက winner ဖြစ်ခဲ့ပါတယ်။Season 2 မှာဆိုရင် သားငယ်နဲ့ဲ ဘီလီလမင်းအေးတို့ နောက်ဆုံး ဖိုင်နယ်ကို တက်ရောက်ခဲ့ကာ သားငယ်က Season 2 ရဲ့ Winner ဖြစ်ခဲ့ပါတယ်။

Season 3 မှာဆိုရင်တော့ ဖြိုးမြ တ်အောင်နဲ့ ချမ်းမြေ့မောင်ချို တို့ နောက်ဆုံး ဖိုင်နယ် ကို တက်ရောက်ခဲ့ပါတယ်။ဒါပေမယ့် ချမ်းမြေ့မောင်ချိုက ကျန်း မာရေးေ ကြာင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ပါဘူး။ Season 3 ရဲ့ Winner က ဖြိုးမြတ်အောင်ပါ။ဘယ်တုန်းကမှ အမျိုး သမီး Winner မရခဲ့ဖူးတဲ့ Myanmar Idol မှာတော့ ဒီတစ်ခေါက် Season 4 မှာ ပထမဆုံးအကြိမ် အမျိုးသမီး winner ထွက်ပေါ် လာ တော့မယ်လို့ ပရိသတ်အများစု ကတော့ ခန့်မှန်း ပြောဆိုနေကြပါတယ်။ပရိသတ် ကြီး ရဲ့ အမြင် က ရော…….?

အဆုံးထိ ဖတ်ရှု့ပေးတဲ့အတွက် ကျွန်တော်တို့ Up To Date Myanmar မှ အထူးကျေးဇူးတင်ရှိပါတယ်။နောက်များမှာလည်း အခုလို ဗဟုသုတ သတင်းအသစ်များကို ဖတ်ရှု့ဖို့အတွက် ကျွန်တော်တို့ Up To Date Myanmar Page ကိုလည်း Like and See first လုပ်ထားဖို့ မမေ့ပါနဲ့နော်..။

Sharing is caring!