သာမန်လူတန်းစားဘဝနဲ့လည်း ရိုးရိုးရှင်းရှင်း ပကာသနမရှိ ဖြတ်သန်းနိုင်တယ်ဆိုတာ သက်သေပြလိုက်တဲ့ ချီချီ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source :Nay Chi Oo

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်ကြီးရေ ချီချီကတော့လက်ရှိမှာ နောင်ချိုမြို့ တိမ်ပင်လယ်ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ သူမအနေနဲ့ ခရီးစဉ်မှာ အနုပညာရှင်ဆိုတဲ့ဟိတ်ဟန်တွေမရှိဘဲ သဘာဝကျကျနေထိုင်နိုင်ကြောင်းကိုလည်း ပုံလေးတွေတင်ပြီး သက်သေပြခဲ့တာတွေ့ရပါတယ်။ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် စိတ်ချမ်းသာအောင် နေတတ်တဲ့ ချီချီရဲ့ ပုံရိပ်လေးတွေကလည်း ချစ်စရာပါပဲနော်။

ချီချီကတော့ လက်ရှိမှာ ဘလော့ဂါတစ်ယောက်အပြင် အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေတဲ့ သူတစ်ယောက်ပါပဲနော်။ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဝါရင့်အနုပညာရှင်တွေနဲ့ အတွဲညီအောင်သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေက သဘောကျတဲ့မှတ်ချက်တွေပေးနေကြတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း သူမရဲ့ အမှတ်တမဲ့ အဖွဲ့လိုက်ပုံလေးကြောင့် Troller တွေ Troll နေပေမယ့်လည်း သူမကတော့ အပြုံးမပျက်ပါပဲနော် ။သူမရဲ့ ပုံရိပ်အစစ်အမှန်တွေကိုချပြတတ်တဲ့ ချီချီကတော့ အခုမှာလည်း ခရီးသွားပုံရိပ်အစစ်တွေကို ချပြရဲတာကြောင့် ပရိသတ်တွေက ပိုအချစ်ပိုနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကို ချီချီရဲ့ သဘာဝကျကျနေထိုင်မှုပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်နော်။

Source :Nay Chi Oo
Crd;Candy – CeleConnections