မောင့်ကို စိတ်ချမ်းသာစေချင်တယ် ဆိုတဲ့ အချစ်တစ်ခုပဲ ရှိပါတယ်ဆိုတဲ့ အေးမြတ်သူ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

ရုပ်ရှင်မင်းသမီးချော အေးမြတ်သူက ခုချိန်ထိ အစွံမထုတ်သေးပေမဲ့ ချစ်ရမယ့်သူတော့ ရှိနေပါပြီ။ ချစ်သူနဲ့ ပတ်သက်ပြီး စာသားဆန်းဆန်းလေးတွေ ရေးဖွဲ့တဲ့နေရာမှာ မအေးသောင်းပြီးရင် ဒုတိယလိုက်သူလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကို အတွေးများစေမယ့် အရေးအသားလေးတွေအောက်မှာ ရေရေလည်လည် စီးမျောခိုင်းတဲ့ အေးမြတ်သူက ချစ်သူလေးကိုတော့ ဝှက်ထားဆဲပါပဲ။လက်ရှိအချိန်မှာ “ထာဝရနှောင်ကြိုး” ပြီးရင် အချစ်နဲ့ ပတ်သက်လို့ ခံစားချက် တိုးစေမယ့် ဇာတ်ကားကောင်း နောက်တစ်ကားကို အားလုံးက ဝန်းရံကြပါပြီ။

“ချည်” လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ကားကြီးမှာ မမြင်နိုင်တဲ့ နှောင်ကြိုးတွေရဲ့ ချည်နှောင်မှုကြား မိသားစုဘဝမှာ ပေးဆပ်လိုက်ရတာတွေ ၊ အချစ်ရေးမှာ စွန့်လွှတ်လိုက်ရသူတွေရဲ့ ခံစားချက်ကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရမယ့် ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။နေတိုး ၊ သက်မွန်မြင့်နဲ့ ရွှေသမီးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “ချည်” ရုပ်ရှင်ကားကတော့ ပါဝင်သရုပ်ဆောင်သူတွေကိုယ်တိုင် ငိုပွဲဆင်ရတဲ့အထိ ခံစားရတဲ့ ရုပ်ရှင်ကားဖြစ်သလို ရုံမတင်ခင်တည်းက ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။

ချစ်တဲ့သူ စိတ်ချမ်းသာဖို့ အဓိကထားတဲ့ မိန်းမသားတစ်ယောက်ရဲ့ ခံစားချက်ကို အကောင်းဆုံး ပုံဖော်သွားတဲ့ မူရာ ဇာတ်ကောင်နေရာကို အားလုံးက သဘောကျသလို အေးမြတ်သူကလည်း မူရာလို အချစ်မျိုး ရှိကြောင်း ခုလို ထုတ်ဖော်သွားတာပါ။“မောင် အလေးထားတဲ့သူ.မောင် ချစ်တဲ့….ခင်တဲ့….သူ.. ဆိုရင် .လိုလို. … ချစ် …ပြီးသားပါ။မောင် .. အနားကထွတ်သွားရင်တောင် ။မုန်းလို့….ထွတ်သွားတာမျိုး. ..မဖြစ်ချင်ဘူး။

မောင် ကို ချစ်တဲ့အချစ်က .ဘာလည်းလို့မေးလာခဲ့ရင် မောင့်. ကို စိတ်ချမ်းသာစေချင်တယ်ဆိုတဲ့ အချစ်တစ်ခုပဲရှိပါတယ်။မောင်. နဲ့ နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ မောင့်ကို စိတ်ချမ်းသာအောင်…..ဖြည့်ဆည်းပေးနိုင်တဲ့ သူဖြစ်ပါရစေ။ချစ်တဲ့ စိတ်နဲ့. “””ချည်””” ခဲ့မိတာပါ ။မောင့် ကို မွန်းကြပ်စေအောင် .အတ္တတွေ. မပါခဲ့ပါဘူး။ခုချိန်မှာ မူရာ. လို အချစ်မျိုး နဲ့. “ကျမ”…… ချစ်သူ. ကို. ချစ်နေမိတယ် ဆိုတာ. ချစ်သူ. ယုံကြည်ပေးပါ ” ဆိုပြီး သက်ဆိုင်သူသိအောင် ရေးသားထားတာ ဖြစ်ပါတယ်။အေးမြတ်သူရဲ့ ချစ်သူက ဘယ်လိုလူမျိုးလဲဆိုတာ မသိပေမဲ့ ဒီလိုမျိုး ချစ်တတ်တဲ့ မိန်းကလေးမျိုးကို ရရှိထားတာ ကံကောင်းသူလို့ ဆိုရပါမယ်။

Credit : ygn-news