ဒီကနေ့မှာ ရုက္ခဗေဒပညာရပ်နဲ့ သိပ္ပံဘွဲ့ကို လက်ခံရယူမယ့် ဖြူဖြူထွေး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






Rowena
Source: Ma Htet (Pop Soul)

Unicode ဖြင့်ဖတ်ပါ
★★★★★

ဒဂုံတက္ကသိုလ် ကျောင်းကပွဲမှတဆင့် နာမည်ကြီးလာပြီး အွန်လိုင်းပေါ်မှာ ဘူသိများခဲ့သူလေး ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ကြော်ငြာတွေကို ရိုက်ကူးလာရပြီး ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေမှာလည်း သရုပ်ဆောင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ပွင့်ပွင့်လင်းလင်းရှိပြီး ဟန်ဆောင်မှုကင်းတဲ့ ဖြူဖြူထွေးကို အားပေးကြပါတယ်။

အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ရင်း ဇရန်ကုန် ဒဂုံတက္ကသိုလ်မှာ ရုက္ခဗေဒပညာရပ်ကို သင်ယူဆည်းပူးနေတဲ့ ဖြူဖြူထွေးက အခုဆိုရင် ကျောင်းပညာရပ်တွေသင်ယူပြီး ဘွဲ့ရရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၂၄) ရက်နေ့မှာတော့ ဖြူဖြူထွေးက ဒဂုံတက္ကသိုလ်မှာ ရုက္ခဗေဒပညာရပ်နဲ့ ဘွဲ့ယူရမှာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဖြူဖြူထွေးရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဖြူဖြူထွေးကို အလှဆုံးဖြစ်အောင် မိတ်ကပ် မထက် (Pop Soul) က အလှဆုံး ပြင်ဆင်ပေးထားတာမို့ ဖြူဖြူထွေးရဲ့ ယဉ်စစအလှလေးက ပိုလို့တောင် လှနေတာကို တွေ့ရပါတယ်။

ဖြူဖြူထွေးက ဘွဲ့ဝတ်စုံလေးနဲ့ အရမ်းလှတာပဲနော်။ ပရိသတ်ကြီးလည်း ဖြူဖြူထွေးရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Ma Htet (Pop Soul)