မိသားစုနဲ့ခွဲနေရလို့ လွမ်းရဆွေးရတာတွေကို ရင်ဖွင့်လာတဲ့ တင်ဇာမော်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

တင္ဇာေမာ္ဟာဆုိရင္ ဟုိိးအရင္ နွစ္ေပါင္းမ်ားစြာကတည္းက အခုအခ်ိိန္အထိ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကုိ ရထားတဲ့ အဆိုေတာ္တစ္ဥိီး ျဖစ္ပါတယ္။ ငယ္စဥ္ကတည္းက ဂီတကုိ ေလးေလးနက္နက္ လိုက္စားခဲ့တဲ့ တင္ဇာေမာ္ဟာ စတီရီယုိသီခ်င္းေတြ ဒီဘက္ေခတ္ သီခ်င္းေတြကုိသာ ပိုင္နုိင္စြာ သီဆိုနုိင္တာ မဟုတ္ပါဘူး။ ဟိုးအရင္ေခတ္က သီခ်င္းေတြကုိလည္း ေကာင္းမြန္သပ္ရပ္စြာ အနွစ္သာရရွိစြာ သီဆိုနို္င္တာကုိ ေတြ႕ရမွာပါ။

သီခ်င္းေတြတစ္ပုဒ္ျပီး တစ္ပုဒ္ အသစ္ထြက္ေနတဲ့ တင္ဇာေမာ္က လူငယ္ပရိသတ္ေတြရဲ႕ အားေပးမႈေတြလည္း ရရွိထားျပီး ေအာင္ျမင္မႈကုိ ဒီေန႔ဒီအခ်ိန္အထိ ထိန္းထားနုိင္သူတစ္ဦး ဆိုရင္မမွားပါဘူး။ တင္ဇာေမာ္က မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ မိသားစုနဲ႔ ခြဲေနရတဲ့ ခံစားခ်က္ေတြကုိ ရင္ဖြင့္သြားခဲ့ပါတယ္။ တင္ဇာေမာ္က နို္င္ငံျခားက မိသားစုနဲ႔ အျမဲတမ္း အဆက္အသြယ္ရွိေၾကာင္း “ကေလးေတြအေဖကလည္း ဖုန္းဆက္ဆက္ေပးတယ္။ သားေလးကလည္း အျမဲတမ္း Keep in touch လုပ္တယ္။ အစ္မနဲ႔ messenger မွာ။ အျမဲတမ္းေတာ့ စကားေျပာေနတာေပါ့။

အစ္မလည္း ပုထုဇဥ္ေပါ့ေနာ္။ ပုထုဇဥ္ပီပီေတာ့ လြမ္းတာေဆြးတာေတြရွိတာေပါ့။ ကေလးေတြနဲ႔ မေနရေလျခင္း၊ မိသားစုနဲ႔ အတူမရွိရေလျခင္းေပါ့။ ကုိယ့္ရဲ႕ အေမဘက္က ျပန္ေတြးလိုက္ေတာ့လည္း အေမလည္း အဲ့လုိပဲ ေတြးေနမွာပဲ။ ငါ့မွာ သမီးေလးမွ ေမြးထားတာမွ တစ္ေယာက္တည္း။ ငါ့မွာ မိသားစုနဲ႔ မရွိရေလျခင္း သူေတြးတာေပါ့”လို႔ ရင္ဖြင့္ထားပါတယ္။

တင္ဇာေမာ္က အေမျဖစ္သူနဲ႔ အတူတူေနေပမယ့္လည္း စကားေျပာရတဲ့အခ်ိန္ သိပ္မရွိေၾကာင္း “အစ္မ အေမဆို သနားမိတယ္။ သူက အစ္မ ဒီမွာေနတယ္ ဆိုတဲ့ ေခါင္းစဥ္ပဲ ရွိတာေလ။ အစ္မကို စကားေျပာဖို႔ သူေတာ္ေတာ္ အခ်ိန္ရွာရတယ္။ ေျပာနုိင္ရင္ အလြန္ဆံုး ဆယ့္ငါးမိနစ္ မိနစ္နွစ္ဆယ္ေပါ့။ ျပီးရင္ အစ္မက ေပ်ာက္သြားေရာ။ တစ္ေနကုန္ အလုပ္ထြက္လုပ္ရတယ္။ ျပန္လာရင္ ေမေမက အိပ္ေနျပီ။ သူစကားေျပာခ်င္ရင္ေတာင္ အစ္မက အရမ္းပင္ပန္းေနျပီ။ အိပ္ရာနုိးတဲ့အခ်ိန္ေလးပဲ သူ ခဏေလးေတြ႕ခြင့္ရတယ္”လို႔ ေျပာျပထားပါတယ္။

ေျပာခ်င္လြန္းလို႔ ပရိသတ္ၾကီးေရာ တင္ဇာေမာ္ရဲ႕ New Year Show ကုိသြားေရာက္ အားေပးၾကမွာလား။ တင္ဇာေမာ္ရဲ႕ သီခ်င္းအသစ္ေတြကုိ နားဆင္ခံစားဖို႔ေရာ အသင့္ျဖစ္ေနၾကျပီလား။ ေျပာခဲ့ၾကပါဦး။

Unicode ဖြင့်ဖတ်ပါ
★★★★★

တင်ဇာမော်ဟာဆိုရင် ဟိုးအရင် နှစ်ပေါင်းများစွာကတည်းက အခုအချိန်အထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရထားတဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ဂီတကို လေးလေးနက်နက် လိုက်စားခဲ့တဲ့ တင်ဇာမော်ဟာ စတီရီယိုသီချင်းတွေ ဒီဘက်ခေတ် သီချင်းတွေကိုသာ ပိုင်နိုင်စွာ သီဆိုနိုင်တာ မဟုတ်ပါဘူး။ ဟိုးအရင်ခေတ်က သီချင်းတွေကိုလည်း ကောင်းမွန်သပ်ရပ်စွာ အနှစ်သာရရှိစွာ သီဆိုနိုင်တာကို တွေ့ရမှာပါ။

သီချင်းတွေတစ်ပုဒ်ပြီး တစ်ပုဒ် အသစ်ထွက်နေတဲ့ တင်ဇာမော်က လူငယ်ပရိသတ်တွေရဲ့ အားပေးမှုတွေလည်း ရရှိထားပြီး အောင်မြင်မှုကို ဒီနေ့ဒီအချိန်အထိ ထိန်းထားနိုင်သူတစ်ဦး ဆိုရင်မမှားပါဘူး။ တင်ဇာမော်က မီဒီယာတွေနဲ့ အင်တာဗျူးမှာ မိသားစုနဲ့ ခွဲနေရတဲ့ ခံစားချက်တွေကို ရင်ဖွင့်သွားခဲ့ပါတယ်။ တင်ဇာမော်က နိုင်ငံခြားက မိသားစုနဲ့ အမြဲတမ်း အဆက်အသွယ်ရှိကြောင်း “ကလေးတွေအဖေကလည်း ဖုန်းဆက်ဆက်ပေးတယ်။ သားလေးကလည်း အမြဲတမ်း Keep in touch လုပ်တယ်။ အစ်မနဲ့ messenger မှာ။ အမြဲတမ်းတော့ စကားပြောနေတာပေါ့။ အစ်မလည်း ပုထုဇဉ်ပေါ့နော်။ ပုထုဇဉ်ပီပီတော့ လွမ်းတာဆွေးတာတွေရှိတာပေါ့။ ကလေးတွေနဲ့ မနေရလေခြင်း၊ မိသားစုနဲ့ အတူမရှိရလေခြင်းပေါ့။ ကိုယ့်ရဲ့ အမေဘက်က ပြန်တွေးလိုက်တော့လည်း အမေလည်း အဲ့လိုပဲ တွေးနေမှာပဲ။ ငါ့မှာ သမီးလေးမှ မွေးထားတာမှ တစ်ယောက်တည်း။ ငါ့မှာ မိသားစုနဲ့ မရှိရလေခြင်း သူတွေးတာပေါ့”လို့ ရင်ဖွင့်ထားပါတယ်။

တင်ဇာမော်က အမေဖြစ်သူနဲ့ အတူတူနေပေမယ့်လည်း စကားပြောရတဲ့အချိန် သိပ်မရှိကြောင်း “အစ်မ အမေဆို သနားမိတယ်။ သူက အစ်မ ဒီမှာနေတယ် ဆိုတဲ့ ခေါင်းစဉ်ပဲ ရှိတာလေ။ အစ်မကို စကားပြောဖို့ သူတော်တော် အချိန်ရှာရတယ်။ ပြောနိုင်ရင် အလွန်ဆုံး ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်ပေါ့။ ပြီးရင် အစ်မက ပျောက်သွားရော။ တစ်နေကုန် အလုပ်ထွက်လုပ်ရတယ်။ ပြန်လာရင် မေမေက အိပ်နေပြီ။ သူစကားပြောချင်ရင်တောင် အစ်မက အရမ်းပင်ပန်းနေပြီ။ အိပ်ရာနိုးတဲ့အချိန်လေးပဲ သူ ခဏလေးတွေ့ခွင့်ရတယ်”လို့ ပြောပြထားပါတယ်။

ပြောချင်လွန်းလို့ ပရိသတ်ကြီးရော တင်ဇာမော်ရဲ့ New Year Show ကိုသွားရောက် အားပေးကြမှာလား။ တင်ဇာမော်ရဲ့ သီချင်းအသစ်တွေကို နားဆင်ခံစားဖို့ရော အသင့်ဖြစ်နေကြပြီလား။ ပြောခဲ့ကြပါဦး။

Credit : ygn-news