မူရာ အချစ်မျိုးချစ်ဖို့ မလွယ်ဘူးဆိုတဲ့ သက်မွန်မြင့်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

မူရာရဲ႕ ကာ႐ိုက္တာအေၾကာင္းေျပာျပလာပါတယ္။ သက္မြန္ျမင့္ ခံယူထားတဲ့ အခ်စ္ကေတာ့ ခ်ည္ ႐ုပ္ရွင္ကားႀကီးထဲက ေ႐ႊသမီးလို အခ်စ္မ်ိဳးပါတဲ့။ သူမကလည္း မူရာ လိုခ်စ္မယ့္လူ မျဖစ္ႏိုင္ဘူးတဲ့။သက္မြန္ျမင့္ကေတာ့ ခ်ည္ဇာတ္ကားထဲက မူရာ လိုမ်ိဳး သေဘာထားႀကီးလို႔ရမွာ မဟုတ္ဘူးလို႔ဆိုပါတယ္။ ကိုယ္တိုင္က နားလည္ေပးရမွာထက္ အႏိုင္ယူခ်င္တာက ပိုမ်ားတယ္လို႔ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

“ ကိုယ့္ရဲ႕အခ်စ္က ေ႐ႊသမီးလိုျဖစ္မယ္ထင္တယ္။ သူက အခ်စ္ေတာ့ခံခ်င္တယ္။ မူရာေလာက္ေတာ့ အခ်စ္ခံႏိုင္ပါ့မလား မသိဘူး။ ကိုယ္က ကေလးဆိုးပဲလုပ္ခ်င္တယ္။ ကိုယ္က အႏိုင္ယူခ်င္စိတ္ ပိုမ်ားတယ္။ ကိုစစ္က ပိုၿပီးေတာ့ သည္းခံရတယ္။ အခ်ိန္ေတြေျပာင္းသြားတာနဲ႔အမွ် ခံစားခ်က္ကေတာ့ မတူေတာ့ဘူးေပါ့ေနာ္။ မူရာရဲ႕ ခ်စ္ျခင္းေမတၱာကိုေတာ့ ေလးစားတယ္” လို႔ ဆိုပါတယ္။

လိုအပ္တဲ့ ဇာတ္ေကာင္စ႐ိုက္ေတြ၊ Mood ေတြကိုလည္း ဒါ႐ိုက္တာက သင္ေပးတဲ့အတိုင္း အေကာင္းဆုံး ႀကိဳးစားခြင့္ရခဲ့တယ္လို႔ သက္မြန္ျမင့္က ေျပာပါတယ္။ ခ်ည္႐ုပ္ရွင္ကားႀကီးကိုေတာ့ ဒီဇင္ဘာလ ၂၆ ရက္ေန႔မွာ ႐ုံတင္မွာျဖစ္ၿပီး ဒါ႐ိုက္တာ ၫႊန႔္ျမန္မာညီညီေအာင္ ႐ိုက္ကူးထားတာျဖစ္ပါတယ္။ “ဇာတ္ေကာင္အရ ၁၀ ႏွစ္သမီးေတာင္ရေနၿပီဆိုေတာ့ သံေယာဇဥ္က အရမ္းႀကီးေနၿပီ။ Pre Ending ႐ိုက္တဲ့ အခ်ိန္မွာလည္း Chemistry မမိေသးေတာ့ သူ႔ကို မလြမ္းဘူးျဖစ္ေနတယ္။ ဒါေပမယ့္ ဦးညီက မ်က္လုံးအရမ္းမာေနတယ္ မေလွ်ာ့ဘူးဆိုေတာ့ ဦးညီကိုအရမ္းေက်းဇူးတင္တယ္။ သက္မြန္ရဲ႕ အႏုပညာအရည္အခ်င္းကို ညႇစ္ထုတ္ေပးတဲ့အတြက္ ပိုေက်းဇူးတင္တယ္” လို႔ သူကဆိုပါတယ္။

သက္မြန္ျမင့္ကေတာ့ Music Video ေတြမွာ ပါဝင္သ႐ုပ္ေဆာင္ရင္းနဲ႔ ပရိသတ္ရင္ထဲေရာက္လာသူ တစ္ဦးျဖစ္ပါတယ္။ အမ်ိဳးသမီးအႏုပညာရွင္ေတြထဲမွာ အရပ္ျမင့္ျမင့္ ခ်စ္စရာေကာင္းတဲ့ ႐ုပ္ရွည္ စကားသံ ဝဲဝဲေလးနဲ႔ ဆြဲေဆာင္ႏိုင္သူကေတာ့ သက္မြန္ျမင့္ပါပဲ။ သူမဟာ ၂၀၁၀ ခုႏွစ္အတြက္ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ ဆုကို ‘’အာဒံရယ္ ဧဝရယ္ ဒႆရယ္ ‘’ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ပထမဆုံး အကယ္ဒမီဆုကို ဆြတ္ခူးရရွိခဲ့ပါတယ္။ အဲဒီေနာက္ ၂၀၁၆ ခုႏွစ္ အတြက္ အေကာင္းဆုံးအမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ‘’ ခ်စ္လွစြာေသာ အမုန္း’’ ဇာတ္ကားနဲ႔ ဒုတိယအႀကိမ္ေျမာက္ ရရွိခဲ့တာျဖစ္ပါတယ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

မူရာရဲ့ ကာရိုက်တာအကြောင်းပြောပြလာပါတယ်။ သက်မွန်မြင့် ခံယူထားတဲ့ အချစ်ကတော့ ချည် ရုပ်ရှင်ကားကြီးထဲက ရွှေသမီးလို အချစ်မျိုးပါတဲ့။ သူမကလည်း မူရာ လိုချစ်မယ့်လူ မဖြစ်နိုင်ဘူးတဲ့။သက်မွန်မြင့်ကတော့ ချည်ဇာတ်ကားထဲက မူရာ လိုမျိုး သဘောထားကြီးလို့ရမှာ မဟုတ်ဘူးလို့ဆိုပါတယ်။ ကိုယ်တိုင်က နားလည်ပေးရမှာထက် အနိုင်ယူချင်တာက ပိုများတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ ကိုယ့်ရဲ့အချစ်က ရွှေသမီးလိုဖြစ်မယ်ထင်တယ်။ သူက အချစ်တော့ခံချင်တယ်။ မူရာလောက်တော့ အချစ်ခံနိုင်ပါ့မလား မသိဘူး။ ကိုယ်က ကလေးဆိုးပဲလုပ်ချင်တယ်။ ကိုယ်က အနိုင်ယူချင်စိတ် ပိုများတယ်။ ကိုစစ်က ပိုပြီးတော့ သည်းခံရတယ်။ အချိန်တွေပြောင်းသွားတာနဲ့အမျှ ခံစားချက်ကတော့ မတူတော့ဘူးပေါ့နော်။ မူရာရဲ့ ချစ်ခြင်းမေတ္တာကိုတော့ လေးစားတယ်” လို့ ဆိုပါတယ်။

လိုအပ်တဲ့ ဇာတ်ကောင်စရိုက်တွေ၊ Mood တွေကိုလည်း ဒါရိုက်တာက သင်ပေးတဲ့အတိုင်း အကောင်းဆုံး ကြိုးစားခွင့်ရခဲ့တယ်လို့ သက်မွန်မြင့်က ပြောပါတယ်။ ချည်ရုပ်ရှင်ကားကြီးကိုတော့ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ရုံတင်မှာဖြစ်ပြီး ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးထားတာဖြစ်ပါတယ်။ “ဇာတ်ကောင်အရ ၁၀ နှစ်သမီးတောင်ရနေပြီဆိုတော့ သံယောဇဉ်က အရမ်းကြီးနေပြီ။ Pre Ending ရိုက်တဲ့ အချိန်မှာလည်း Chemistry မမိသေးတော့ သူ့ကို မလွမ်းဘူးဖြစ်နေတယ်။ ဒါပေမယ့် ဦးညီက မျက်လုံးအရမ်းမာနေတယ် မလျှော့ဘူးဆိုတော့ ဦးညီကိုအရမ်းကျေးဇူးတင်တယ်။ သက်မွန်ရဲ့ အနုပညာအရည်အချင်းကို ညှစ်ထုတ်ပေးတဲ့အတွက် ပိုကျေးဇူးတင်တယ်” လို့ သူကဆိုပါတယ်။

သက်မွန်မြင့်ကတော့ Music Video တွေမှာ ပါဝင်သရုပ်ဆောင်ရင်းနဲ့ ပရိသတ်ရင်ထဲရောက်လာသူ တစ်ဦးဖြစ်ပါတယ်။ အမျိုးသမီးအနုပညာရှင်တွေထဲမှာ အရပ်မြင့်မြင့် ချစ်စရာကောင်းတဲ့ ရုပ်ရှည် စကားသံ ဝဲဝဲလေးနဲ့ ဆွဲဆောင်နိုင်သူကတော့ သက်မွန်မြင့်ပါပဲ။ သူမဟာ ၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ‘’အာဒံရယ် ဧဝရယ် ဒဿရယ် ‘’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပထမဆုံး အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ‘’ ချစ်လှစွာသော အမုန်း’’ ဇာတ်ကားနဲ့ ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။