မိသားစုတွေစုံလင်စွာနဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို တက်ရောက်လာခဲ့တဲ့ ဖြူဖြူထွေး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






Credit Rowena

Source: Nay Min Tun’s fb

Photo: Amazing Grace

Unicode ဖြင့်ဖတ်ပါ
★★★★★

မိသားစုတွေစုံလင်စွာနဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို တက်ရောက်လာခဲ့တဲ့ ဖြူဖြူထွေး …

နိုင်ငံကျော် သရုပ်ဆောင်လေး ဖြူဖြူထွေးက ချစ်စရာကောင်းပြီး သွက်လက်ချက်ချာသူလေးတစ်ယောက် ဖြစ်ပါတယ်။ အောင်မြင်လာတာနဲ့အမျှ မိဘတွေအပေါ် သိတတ်လွန်းတာကြောင့် ဖြူဖြူထွေးက ပရိသတ်တွေကြားမှာ ကောင်းသတင်းကျော်ကြားသူလေးတစ်ယောက် ဖြစ်ပါတယ်။

မနေ့က ဒီဇင်ဘာလ (၂၄) ရက်နေ့မှာတော့ ဖြူဖြူထွေးက ဒဂုံတက္ကသိုလ်မှာ ရုက္ခဗေဒပညာရပ်နဲ့ သိပ္ပံဘွဲ့ကို လက်ခံရယူခဲ့တာ ဖြစ်ပါတယ်။

ထိုဘွဲ့နှင်းသဘင်အခမ်းအနားကို ဖြူဖြူထွေးနဲ့တကွ ဖြူဖြူထွေးရဲ့ မိဘနှစ်ပါးနဲ့ အစ်ကိုဖြစ်သူတို့ပါ တက်ရောက်ခဲ့ပြီး မိသားစု စုံစုံလင်လင် တွေ့ရတာပဲ ဖြစ်ပါတယ်။

ဖြူဖြူထွေးရဲ့ မိဘနှစ်ပါးကတော့ တစ်နယ်တစ်ကျေးမှာ ကျောင်းတက်နေတဲ့သမီးလေး အခုလို ဘွဲ့ရပညာတတ်ကြီးဖြစ်ပြီး အောင်မြင်တဲ့အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့လို့ တော်တော်လေး ဝမ်းသာနေတဲ့ပုံပါပဲ။

ဖြူဖြူထွေးတို့ မိသားစုတွေကတော့ အင်္ကျီအရောင်ဆင်တူလေးတွေနဲ့ အရမ်းလှနေကြတာပဲနော်။ ပရိသတ်ကြီးလည်း ဖြူဖြူထွေးမိသားစုတွေရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။

Credit Rowena

Source: Nay Min Tun’s fb

Photo: Amazing Grace