ခေတ်မှီ ပစ္စည်းကိရိယာတွေ အသုံးမပြုဘဲ အသက်စွန့်ပြီး ဆရာဝန် သားအဖ ကို ရှာပေးခဲ့တဲ့ ရေငုပ်သမား

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ေခတ္မွီ ပစၥည္းကိရိယာေတြ အသုံးမျပဳဘဲ အသက္စြန္႔ၿပီး ဆရာဝန္ သားအဖ ကို ရွာေပးခဲ့တဲ့ ေရငုပ္သမား

၁၉ ရက္ၾကာ ေပ်ာက္ဆုံးခဲ့တဲ့ ေဒါက္တာေအးေဇာ္ထြန္းတို႔ သားအဖနဲ႔ ကားကို အတၳရံျမစ္ထဲကေန ဆယ္ယူရရွိခဲ့ပါတယ္.ဒီစိတ္မေကာင္းဖြယ္သတင္းေၾကာင့္ အားလုံးကလည္း ဝမ္းနည္းခဲ့ၾကတာပါ

ျမစ္ထဲကို က်နိုင္တယ္ဆိုတဲ့ ေကာက္ခ်က္ကို ရရွိခဲ့တာက ေဒါက္တာေအးေဇာ္ထြန္းကားဟာ သူ႔ေနအိမ္ကို ေက်ာ္ၿပီး ေမာင္းသြားတယ္ဆိုတဲ့ CCTV မွတ္တမ္းတစ္ခုကို သုံးသပ္ၿပီး လမ္းအဆုံးက အတၳရံျမစ္ထဲကို ေရငုပ္သမားေတြနဲ႔ ရွာေဖြခဲ့ၾကတာပဲ ျဖစ္ပါတယ္။

ဒီလို ရွာေဖြရာမွာ အထူးခ်ီးက်ဴးရမွာက ေဆာင္းရာသီရဲ့ ေအးခ်မ္းလွတဲ့ နံနက္ခင္းကို အံတုၿပီး ေရထဲငုပ္ရွာေဖြခဲ့တဲ့ မြန္ျပည္နယ္က ေရငုပ္အဖြဲ႕ပဲ ျဖစ္ပါတယ္။ေရငုပ္ရာမွာလည္း နိုင္ငံျခားဇာတ္ကားေတြထဲမွာလို ကိရိယာအစုံအလင္ ဝတ္စုံအျပည့္နဲ႔ ရွာေဖြတာမဟုတ္ပါဘူး ဒီအေၾကာင္းေလကို ကိုယ္တိုင္ၾကဳံခဲ့ရသူတစ္ဦးက ခုလို ေျပာျပထားပါတယ္

“တစ္ကယ္တမ္းဆင္းလာေတာ့ ဘဲငန္းစြတ္က်ယ္အျဖဴ ေဘာင္းဘီအနက္အတိုနဲ႔ Mask ေလးကိုင္ကာ ပါးစပ္မွာကြမ္းေလးျမဳံ႕ရင္း ေလွဦးထိပ္မွာရပ္ၿပီး အတၳရံျမစ္ဘက္လွည့္ကာ ယုံၾကည္မႈအတိုင္းထုံးစံအရ ဆိုင္ရာပိုင္ရာကို လက္အုပ္ခ်ီ၍ကန္ေတာ့ေနပါတယ္..ကၽြန္ေတာ့္စိတ္ထဲ ” ဟာကနဲ ” ျဖစ္သြားမိတာအမွန္ပါ ၊ ဘာမွမပါဘဲငုပ္မွာလားေပါ့ဆိုၿပီးေတြးမိခဲ့တယ္။သူကေတာ့ က်ိဳက္ဖနဲရပ္ကြက္က ကိုးဖိုးပါဆိုသူပါဘဲ ၊ အသက္အားျဖင့္ ၅၅ ႏွစ္ခန႔္ရွိမည္ထင္ပါတယ္

ေနာက္တစ္ေယာက္ကသူ႔ရဲ့ Assistant လက္ေထာက္အကူလို႔ယူဆရတဲ့ကိုေဂါင္းႀကီးဆိုသူကစက္ေလွဝမ္းဗိုက္မွာရပ္ၿပီးလက္ထဲမွာ Snorkel လို႔ေခၚတဲ့ေရေအာက္အသက္႐ူပိုက္အေခြလိုက္ကိုင္ေဆာင္ထားတာေတြ႕လိုက္ရတယ္ ၊ သူ၏ေျခရင္းတြင္ Air Compressor ေလဖိအားစက္နဲ႔ေလအိုးႀကီးတစ္လုံးခ်ထားတယ္ ၊ ခပ္လွမ္းလွမ္းမွာ ကူဘိုတာႏွစ္လုံးထိုးစက္လည္းေတြ႕ရတယ္ ၊ ေသခ်ာပါၿပီး ျမန္မာ့နည္းျမန္မာ့ဟန္နဲ႔ မည္မၽွကၽြမ္းက်င္ေၾကာင္းကို ကမၻာကသိျမင္နိုင္မည့္အခြင့္အေရးတစ္ရပ္ျဖစ္တာေၾကာင့္ ကၽြန္ေတာ့္မိတ္ေဆြနိုင္ငံျခားသားကို ခ်က္ခ်င္းဘဲႂကြားပစ္လိုက္ပါသည္..

“ၾကည့္ထား ငါတို႔ဆီက ကၽြမ္းက်င္ေရငုပ္သမားဆိုတာ ဒါမ်ိဳးကြ ” ဟုျမန္မာပီပီအားက်မခံေသာစိတ္ျဖင့္ျပလိုက္မိပါသည္ ။ ထိုသူျပဳံးေနတာကိုေတြ႕လိုက္မိသည္ ။အဓိပၸာယ္ေတာ့ရွိေနပါလိမ့္မည္.. ၿပီးမွသူက တစ္ခြန္းထဲဆိုပါသည္..” အႏၲရာယ္ဆိုတာ ႀကိဳမျမင္နိုင္ဘူးတဲ့

ေရထဲကိုပိုက္တန္းလန္းနဲ႔ပလုံဆိုၿပီးဆင္းသြားပါသည္ ၊ ေျခေထာက္မွာေရယက္လို Fins ( ဖားေျခေထာက္ ) လည္းမဝတ္ဆင္ထားပါ ၊ အထက္ေအာက္စုန္ဆန္ရင္းတစ္ေယာက္ထဲငုပ္ေနရွာပါသည္ ၊ (၂ ) နာရီခန႔္အၾကာေရငုပ္ရွာေဖြၿပီး ကားဘီးကိုပက္လက္အေနအထားမွာစမ္းသပ္ရွာေတြ႕ခဲ့ၿပီး နည္းပညာေကာင္းေကာင္းနဲ႔ ေပပါခြံေတြကိုအသုံးျပဳကာအလြယ္တကူဘဲဆြဲတင္ၾကတာလည္းေတြ႕ခဲ့ရပါတယ္ ၊ ေခတ္မွီစက္ပစၥည္း ကိရိယာေတြစုံလင္မႈမရွိေပမယ့္ ေဒသခံေရငုပ္သမားတို႔ရဲ့ကၽြမ္းက်င္မႈကေတာ့အံ့မခန္းခ်ီးက်ဴးထိုက္ပါေပတယ္ ။ဒါေပမယ့္ ေရရွည္မွာအႏၲရာယ္မ်ားပါသည္ခင္ဗ်ာ

ဘာဘဲေျပာေျပာပါ ဝါသနာအရ ေရငုပ္တာဘဲျဖစ္ျဖစ္ ၊ ဝမ္းေရးအရေရငုပ္တာဘဲျဖစ္ျဖစ္ Diving Equipment မျပည့္စုံဘဲ အခက္အခဲမရွိအခ်ိန္ၾကာျမင့္စြာ ကၽြမ္းက်င္အဆင့္ေရငုပ္နိုင္တာကိုခ်ီးက်ဴးေလးစားမိပါသည္ ၊ ဒါေပသည့္ ျပည္နယ္အစိုးရ႐ုံးတိုင္းမွာ ယခုလိုမေတာ္တဆမႈမ်ား ၊ သဘာဝေဘးအႏၲရာယ္ေၾကာင့္မျဖစ္မေန ကယ္ဆယ္ေရးလုပ္ငန္းေဆာင္ရြက္ခ်က္မ်ားတြင္ မျဖစ္မေနအသုံးျပဳရမည့္ အေရးေပၚ ပစၥည္းကိရိယာ ခ်ပ္ဝတ္တန္ဆာမ်ား မ်ားစြာလိုအပ္လ်က္ရွိေနေသးတယ္ဆိုတာကိုေတာ့ အျပဳသေဘာျဖင့္အႀကံျပဳေရးသားတင္ျပအပ္လိုက္ရပါသည္ခင္ဗ်ာ ။ ။” ဆိုၿပီး ေရငုပ္ခဲ့တာကို ေတြ႕ခဲ့ရသူက ေရးသားထားတာပဲ ျဖစ္ပါတယ္

ေဒါက္တာတို႔သားအဖ ေသဆုံးခဲ့ရတဲ့ သတင္းဟာ စိတ္မေကာင္းဝမ္းနည္းစရာျဖစ္ခဲ့ရၿပီးေတာ့ ခုလို စြမ္းစြမ္းတမံနဲ႔ ျမန္မာေတြရဲ့ ေရငုပ္ကၽြမ္းက်င္မႈကို နိုင္ငံျခားသားေတြ သိေအာင္ျပသနိုင္ခဲ့တာဟာလည္း ျမန္မာေတြမညံ့ဘူးဆိုတာ ကမၻာကသိေစခဲ့ပါတယ္။ေဒါက္တာတို႔ သားအဖလည္း ေနာင္ဘဝေတြမွာ ခုလိုအျဖစ္ဆိုးကေနကင္းေဝးၾကၿပီး ေကာင္းရာမြန္ရာေရာက္ပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္။

Writer – HW (Shwe Yaung Lan)

Source : SiThu Maung

Unicode ဖြင့်ဖတ်ပါ
★★★★★

ခေတ်မှီ ပစ္စည်းကိရိယာတွေ အသုံးမပြုဘဲ အသက်စွန့်ပြီး ဆရာဝန် သားအဖ ကို ရှာပေးခဲ့တဲ့ ရေငုပ်သမား

၁၉ ရက်ကြာ ပျောက်ဆုံးခဲ့တဲ့ ဒေါက်တာအေးဇော်ထွန်းတို့ သားအဖနဲ့ ကားကို အတ္ထရံမြစ်ထဲကနေ ဆယ်ယူရရှိခဲ့ပါတယ်.ဒီစိတ်မကောင်းဖွယ်သတင်းကြောင့် အားလုံးကလည်း ဝမ်းနည်းခဲ့ကြတာပါ

မြစ်ထဲကို ကျနိုင်တယ်ဆိုတဲ့ ကောက်ချက်ကို ရရှိခဲ့တာက ဒေါက်တာအေးဇော်ထွန်းကားဟာ သူ့နေအိမ်ကို ကျော်ပြီး မောင်းသွားတယ်ဆိုတဲ့ CCTV မှတ်တမ်းတစ်ခုကို သုံးသပ်ပြီး လမ်းအဆုံးက အတ္ထရံမြစ်ထဲကို ရေငုပ်သမားတွေနဲ့ ရှာဖွေခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒီလို ရှာဖွေရာမှာ အထူးချီးကျူးရမှာက ဆောင်းရာသီရဲ့ အေးချမ်းလှတဲ့ နံနက်ခင်းကို အံတုပြီး ရေထဲငုပ်ရှာဖွေခဲ့တဲ့ မွန်ပြည်နယ်က ရေငုပ်အဖွဲ့ပဲ ဖြစ်ပါတယ်။ရေငုပ်ရာမှာလည်း နိုင်ငံခြားဇာတ်ကားတွေထဲမှာလို ကိရိယာအစုံအလင် ဝတ်စုံအပြည့်နဲ့ ရှာဖွေတာမဟုတ်ပါဘူး ဒီအကြောင်းလေကို ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက ခုလို ပြောပြထားပါတယ်

“တစ်ကယ်တမ်းဆင်းလာတော့ ဘဲငန်းစွတ်ကျယ်အဖြူ ဘောင်းဘီအနက်အတိုနဲ့ Mask လေးကိုင်ကာ ပါးစပ်မှာကွမ်းလေးမြုံ့ရင်း လှေဦးထိပ်မှာရပ်ပြီး အတ္ထရံမြစ်ဘက်လှည့်ကာ ယုံကြည်မှုအတိုင်းထုံးစံအရ ဆိုင်ရာပိုင်ရာကို လက်အုပ်ချီ၍ကန်တော့နေပါတယ်..ကျွန်တော့်စိတ်ထဲ ” ဟာကနဲ ” ဖြစ်သွားမိတာအမှန်ပါ ၊ ဘာမှမပါဘဲငုပ်မှာလားပေါ့ဆိုပြီးတွေးမိခဲ့တယ်။သူကတော့ ကျိုက်ဖနဲရပ်ကွက်က ကိုးဖိုးပါဆိုသူပါဘဲ ၊ အသက်အားဖြင့် ၅၅ နှစ်ခန့်ရှိမည်ထင်ပါတယ်

နောက်တစ်ယောက်ကသူ့ရဲ့ Assistant လက်ထောက်အကူလို့ယူဆရတဲ့ကိုဂေါင်းကြီးဆိုသူကစက်လှေဝမ်းဗိုက်မှာရပ်ပြီးလက်ထဲမှာ Snorkel လို့ခေါ်တဲ့ရေအောက်အသက်ရူပိုက်အခွေလိုက်ကိုင်ဆောင်ထားတာတွေ့လိုက်ရတယ် ၊ သူ၏ခြေရင်းတွင် Air Compressor လေဖိအားစက်နဲ့လေအိုးကြီးတစ်လုံးချထားတယ် ၊ ခပ်လှမ်းလှမ်းမှာ ကူဘိုတာနှစ်လုံးထိုးစက်လည်းတွေ့ရတယ် ၊ သေချာပါပြီး မြန်မာ့နည်းမြန်မာ့ဟန်နဲ့ မည်မျှကျွမ်းကျင်ကြောင်းကို ကမ္ဘာကသိမြင်နိုင်မည့်အခွင့်အရေးတစ်ရပ်ဖြစ်တာကြောင့် ကျွန်တော့်မိတ်ဆွေနိုင်ငံခြားသားကို ချက်ချင်းဘဲကြွားပစ်လိုက်ပါသည်..

“ကြည့်ထား ငါတို့ဆီက ကျွမ်းကျင်ရေငုပ်သမားဆိုတာ ဒါမျိုးကွ ” ဟုမြန်မာပီပီအားကျမခံသောစိတ်ဖြင့်ပြလိုက်မိပါသည် ။ ထိုသူပြုံးနေတာကိုတွေ့လိုက်မိသည် ။အဓိပ္ပာယ်တော့ရှိနေပါလိမ့်မည်.. ပြီးမှသူက တစ်ခွန်းထဲဆိုပါသည်..” အန္တရာယ်ဆိုတာ ကြိုမမြင်နိုင်ဘူးတဲ့

ရေထဲကိုပိုက်တန်းလန်းနဲ့ပလုံဆိုပြီးဆင်းသွားပါသည် ၊ ခြေထောက်မှာရေယက်လို Fins ( ဖားခြေထောက် ) လည်းမဝတ်ဆင်ထားပါ ၊ အထက်အောက်စုန်ဆန်ရင်းတစ်ယောက်ထဲငုပ်နေရှာပါသည် ၊ (၂ ) နာရီခန့်အကြာရေငုပ်ရှာဖွေပြီး ကားဘီးကိုပက်လက်အနေအထားမှာစမ်းသပ်ရှာတွေ့ခဲ့ပြီး နည်းပညာကောင်းကောင်းနဲ့ ပေပါခွံတွေကိုအသုံးပြုကာအလွယ်တကူဘဲဆွဲတင်ကြတာလည်းတွေ့ခဲ့ရပါတယ် ၊ ခေတ်မှီစက်ပစ္စည်း ကိရိယာတွေစုံလင်မှုမရှိပေမယ့် ဒေသခံရေငုပ်သမားတို့ရဲ့ကျွမ်းကျင်မှုကတော့အံ့မခန်းချီးကျူးထိုက်ပါပေတယ် ။ဒါပေမယ့် ရေရှည်မှာအန္တရာယ်များပါသည်ခင်ဗျာ

ဘာဘဲပြောပြောပါ ဝါသနာအရ ရေငုပ်တာဘဲဖြစ်ဖြစ် ၊ ဝမ်းရေးအရရေငုပ်တာဘဲဖြစ်ဖြစ် Diving Equipment မပြည့်စုံဘဲ အခက်အခဲမရှိအချိန်ကြာမြင့်စွာ ကျွမ်းကျင်အဆင့်ရေငုပ်နိုင်တာကိုချီးကျူးလေးစားမိပါသည် ၊ ဒါပေသည့် ပြည်နယ်အစိုးရရုံးတိုင်းမှာ ယခုလိုမတော်တဆမှုများ ၊ သဘာဝဘေးအန္တရာယ်ကြောင့်မဖြစ်မနေ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ချက်များတွင် မဖြစ်မနေအသုံးပြုရမည့် အရေးပေါ် ပစ္စည်းကိရိယာ ချပ်ဝတ်တန်ဆာများ များစွာလိုအပ်လျက်ရှိနေသေးတယ်ဆိုတာကိုတော့ အပြုသဘောဖြင့်အကြံပြုရေးသားတင်ပြအပ်လိုက်ရပါသည်ခင်ဗျာ ။ ။” ဆိုပြီး ရေငုပ်ခဲ့တာကို တွေ့ခဲ့ရသူက ရေးသားထားတာပဲ ဖြစ်ပါတယ်

ဒေါက်တာတို့သားအဖ သေဆုံးခဲ့ရတဲ့ သတင်းဟာ စိတ်မကောင်းဝမ်းနည်းစရာဖြစ်ခဲ့ရပြီးတော့ ခုလို စွမ်းစွမ်းတမံနဲ့ မြန်မာတွေရဲ့ ရေငုပ်ကျွမ်းကျင်မှုကို နိုင်ငံခြားသားတွေ သိအောင်ပြသနိုင်ခဲ့တာဟာလည်း မြန်မာတွေမညံ့ဘူးဆိုတာ ကမ္ဘာကသိစေခဲ့ပါတယ်။ဒေါက်တာတို့ သားအဖလည်း နောင်ဘဝတွေမှာ ခုလိုအဖြစ်ဆိုးကနေကင်းဝေးကြပြီး ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Writer – HW (Shwe Yaung Lan)

Source : SiThu Maung