ဘဝမှာအရိုက်ချင်ဆုံးဇာတ်လမ်းအတွက် ပြင်ဆင်နေတာကြောင့် ပရိသတ်တွေနဲ့ ခဏတာ အလှမ်းဝေးခဲ့တာပါဆိုတဲ့ ပြေတီဦး
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Source: Exclusive On CeleGabar
DarDar-CeleGabar
Unicode ဖြင့်ဖတ်ပါ
★★★★★
“ဘဝမှာအရိုက်ချင်ဆုံးဇာတ်လမ်းအတွက် ပြင်ဆင်နေတာကြောင့် ပရိသတ်တွေနဲ့ ခဏတာ အလှမ်းဝေးခဲ့တာပါဆိုတဲ့ ပြေတီဦး”
နိုင်ငံကျော် ဒိတ်ဒိတ်ကြဲမင်းသားချော ပြေတီဦးကတော့ သူ့သရုပ်ဆောင်စလုပ်စဉ်ကတည်းက အရိုက်ချင်ဆုံး ဝတ္ထူဇာတ်လမ်း(၂)ခုရှိခဲ့ပြီး မြန်မာ့နိုင်ငံရဲ့ပထမဆုံး ဝန်ကြီးချုပ်ဖြစ်တဲ့ ဦးနုရေးသားခဲ့ “ငရဲဆိုတာဂျိုနဲ့လားဗျိုု့” ဝတ္ထူဟာလည်း တစ်ခုအပါအဝင်လည်းဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရဲ့ပထမဆုံး ဝန်ကြီးချုပ်ဖြစ်တဲ့ ဦးနုရေးသားခဲ့ “ငရဲဆိုတာဂျိုနဲ့လား” ဝတ္ထူကို ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပြန်လည်အသက်သွင်းရန် (၂၀၁၉) (၂)လပိုင်းကတည်းက စီစဉ်ဆောင်ရွက်နေခဲ့ရတယလို့ သိရပါတယ်။
ပြေတီဦးကတော့ သူ့ရဲ့အရိုက်ချင်ဆုံးနဲ့၊အိမ်မက်တစ်ခုဖြစ်တဲ့ “ငရဲဆိုတာဂျိုနဲ့လား” ရုပ်ရှင်ဇာတ်ကားကြီးကို စတင်စီစဉ်ကတည်းက ဒီရုပ်ရှင်ဇာတ်ကားကြီးအပေါ်အာရုံစိုက်ထားလို့ တခြားရုပ်ရှင်ဇာတ်ကားတွေလည်း လက်မခံဖြစ်ခဲ့ဘဲ အပြင်လည်းသိပ်မသွားဖြစ်ခဲ့ဖူးလို့ သိရပါတယ်။“ငရဲဆိုတာဂျိုနဲ့လား” ရုပ်ရှင်ဇာတ်ကားကြီးအပေါ် အာရုံစိုက်ဖို့အတွက် Facebook အကောင့် ပါ Deactivate လုပ်ထားလို့ ပရိသတ်တွေနဲ့ ခဏတာအလှမ်းဝေးခဲ့ရတာပါလို့ ပြောခဲ့ပါတယ်။ သူကတော့ ဒီရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတုန်း လည်းပင်ကိုအကောင်ကိုက်ခံခဲ့ပြီး (၂)ပတ်လောက် ဆေးရုံအထိ သွားရောက်ဆေးကုသခဲ့ရတယ်လို့လဲ ဆိုခဲ့ပါတယ်။
CeleGabar ပရိသတ်ကြီးရေ နိုင်ငံကျော် ဒိတ်ဒိတ်ကြဲမင်းသားချော ပြေတီဦးကတော့ သူ့သရုပ်ဆောင်စလုပ်စဉ်ကတည်းက အရိုက်ချင်ဆုံး ဝတ္ထူဇာတ်လမ်း(၁)ခုဖြစ်တဲ့ “ငရဲဆိုတာဂျိုနဲ့လား” ရုပ်ရှင်ဇာတ်ကားကြီးအပေါ် အာရုံစိုက်နေရလို့ ပရိသတ်တွေနဲ့ ခဏတာ အလှမ်းဝေးနေရတာပါတဲ့နော်။