သမီးတွေနဲ့ အင်္ကျီဆင်တူဝတ်ပြီး ခရစ်စမတ်နေ့လေးကို ကြိုဆိုလိုက်တဲ့ လင်းလင်းနဲ့ ချစ်သုဝေ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★







Rowena
Source: Chit Thu Wai’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်တွေ အားကျရတဲ့ လင်းလင်းနဲ့ ချစ်သုဝေက သာယာလှပပြီး နားလည်မှုအပြည့်အဝရှိတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေက အနုပညာလုပ်ငန်းမှာသာ အောင်မြင်မှုတွေ များစွာရရှိထားသလို အိမ်ထောင်တစ်ခုကိုလဲ အကောင်းဆုံး တည်ဆောက်ထားတာဖြစ်ပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကလဲ အရမ်းကိုချစ်စရာကောင်းပြီး လိမ္မာလွန်းတာကြောင့် ပရိသတ်တွေက အသည်းတုန်အောင် ချစ်နေရတာပဲ ဖြစ်ပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုက ဒီကနေ့ ဒီဇင်ဘာ (၂၅) ရက်နေ့ ခရစ်စမတ်နေ့လေးကို မိသားစုတွေ စုံစုံလင်လင်နဲ့ အိမ်မှာပဲ ရိုးရိုးရှင်းရှင်း ဖြတ်သန်းခဲ့ပါတယ်။

ဖေဖေလင်းနဲ့ မေမေချစ်သုဝေတို့က ခေတ်နဲ့သစ်တို့နဲ့အတူတူ အင်္ကျီဆင်တူလေးတွေဝတ်ပြီး ချစ်စရာကောင်းနေတာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ချစ်သုဝေတို့ မိသားစုလေးရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

လင်းလင်းနဲ့ ချစ်သုဝေတို့က အခါကြီးရက်ကြီးနေ့တွေမှာ သမီးလေးတွေကို အင်္ကျီလှလှလေးတွေဝတ်ပေးပြီး အိမ်မှာပဲ အေးအေးဆေးဆေး ဖြတ်သန်းလေ့ရှိတာကို တွေ့ရပါတယ်။

ချစ်သုဝေတို့ မိသားစုလေးကတော့ ခရစ်စမတ်နေ့လေးကို အေးအေးဆေးဆေး အနားယူရင်း ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေကြီးလည်း လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုလေးရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။

Rowena
Source: Chit Thu Wai’s fb