တစ်ယောက်တစ်မျိုးစီ အလှချင်းပြိုင်နေကြတဲ့ ဝတ်မှုံရွှေရည်၊ မိုးဟေကိုနဲ့ နေခြည်ဦး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






Rowena

Unicode ဖြင့်ဖတ်ပါ
★★★★★

နိုင်ငံကျော် သရုပ်ဆောင်များဖြစ်ကြတဲ့ ဝတ်မှုံရွှေရည်၊ မိုးဟေကိုနဲ့ နေခြည်ဦးတို့ဟာ အားပေးသူပရိသတ် အများအပြား ရရှိထားသူတွေပါ။ ဝတ်မှုံရွှေရည်ကလည်း အကယ်ဒမီရ မင်းသမီးလေးတစ်ဦးဖြစ်သလို မိုးဟေကိုကလည်း အနုပညာလောကမှာ ပြိုင်စံရှား အောင်မြင်သူလေးတစ်ယောက် ဖြစ်ပါတယ်။ နေခြည်ဦးကလည်း အသစ်တစ်ယောက်နဲ့မတူအောင် ကြိုးစားသူလေးတစ်ယောက်ပါ။

ဒိတ်ဒိတ်ကြဲ မင်းသမီးလေးတွေဖြစ်တဲ့ ဝတ်မှုံရွှေရည်၊ မိုးဟေကိုနဲ့ နေခြည်ဦးတို့က မနေ့က ဒီဇင်ဘာလ (၂၄) ရက်နေ့မှာ ရန်ကုန်မြို့ Time City Outdoor Area မှာ ပွဲတစ်ခုကို အတူတူ တက်ရောက်ခဲ့ကြပါတယ်။

ဝတ်မှုံရွှေရည်၊ မိုးဟေကိုနဲ့ နေခြည်ဦးတို့က REN’E Mattias (၁၀) ဆိုင်မြောက်ဆိုင်ဖွင့်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး REN’E ၂နှစ်ပြည့် အထိမ်းအမှတ်အဖြစ် REN’E Show ကိုတက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်၊ မိုးဟေကိုနဲ့ နေခြည်ဦးတို့က ဖက်ရှင်တစ်ယောက်တစ်မျိုးစီနဲ့ Confident ရှိရှိ နဲ့ လှပနေကြတာကို တွေ့ရပါတယ်။

မင်းသမီးလေးတွေကတော့ တစ်ယောက်တစ်မျိုး အလှချင်း ပြိုင်နေကြတာပဲနော်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်၊ မိုးဟေကိုနဲ့ နေခြည်ဦးတို့ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။

Rowena
Photo: Nay Chi Oo & Wutt Hmone Shwe Yi’s fb