.ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီးတာတောင် Page အတုတွေနဲ့ အတိုက်ခိုက်ခံနေရတဲ့ Mooler

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်ကြီးရေ Moolerကတော့ ” ရုပ်ရှင်ဇာတ်ဝင်တေးသီချင်း” တွေအပြင် စိတ်အားတက်ကြွစေမယ့် သီချင်းတွေကို ယှဉ်ပြိုင်တဲ့ Week မှာ ပြိုင်ပွဲက ထွက်ခွာခဲံရတာပဲ ဖြစ်ပါတယ်။ Result Showရလာဒ်အနေနဲ့ နှုတ်ဆက်ထွက်ခွာခဲ့ရတဲ့နှစ်ယောက်ထဲက တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပေမယ့် Mooler ကတော့ အပြုံးမပျက် ပြိုင်ပွဲကထွက်ခွာခဲ့တာပါ။

ပြိုင်ပွဲအပြီးမှာ ဇာတိမြေသို့ပြန်ကာ ချစ်တဲ့ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ ဒီနေ့ကျရောက်တဲ့ ဒီဇင်ဘာ (၂၅)ရက်နေ့ကတော့ Mooler ရဲ့ မွေးနေ့ ရက်မြတ်လေးပဲ ဖြစ်ပြီး ချစ်ရတဲ့ ပရိသတ်တွေက မွေးနေ့ဆုတောင်ေးတွပေးနေကြတာပဲ ဖြစ်ပါတယ်။ မွေးနေ့ရက်မြတ်လေးမှာ Mooler တစ်ယောက်စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ ကိစ္စလေးတွေကို ရင်ဖွင့်လာတာတွေ့ရပါတယ်။

” ယခု page သည် ကျွန်တော် အသုံးပြုသော page မဟုတ်ပါ။မလိုလားအပ်သော အရာများ ပိုစ့်များကို တင်ခြင်း share ခြင်းများသည် ကျွန်ုပ်၏ အပေါ် ချစ်ခင်အားပေးနေကြသော သူများအနေဖြင့်အထင်လွဲစရာများ ဖြစ်နိုင်သောကြောင့် ဆက်လက် မလုပ်ဆောင်ပါရန် တောင်းဆိုအပ်ပါသည်။ Peace…..” ဆိုကာ သူ့ရဲကလူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြအသိပေးခဲ့တာပဲ ဖြစ်ပါတယ်။

Moolerကတော့ ပြိုင်ပွဲက ထွက်ခွာပြီးတဲ့ အထိ တိုက်ခိုက်မှုတွေခံနေရတာ ဖြစ်တာကြောင့် Mooler ပရိသတ်တွေကလည်း အရမ်းတွေ စိတ်ဆိုးနေကြတာပါနော်။ ပရိသတ်ကြီးလည်း Mooler ကို တိုက်ခိုက်မှုတွေရပ်သွားဖို့ ဆုတောင်းပေးခဲ့ကြပါဦးနော်….။