ချစ်သူလေးရဲ့ ပုံလေးနဲ့အတူ ပရိသတ်တွေကို မေးခွန်းထုတ်လိုက်တဲ့ မိုးယံဇွန်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

မိုးယံဇြန္ကေတာ့ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို အျပည့္အဝရရွိထားတဲ့ မင္းသားေခ်ာေလးပဲျဖစ္ပါတယ္။ ေယာက္်ားပီးသလွတဲ့ ခႏၶာကိုယ္အခ်ိဳးအစား အရပ္အေမာင္းေတြေၾကာင့္ အထူးသျဖင့္ မိန္းကေလးပရိသတ္ေတြရဲ႕ အားေပးဝန္းရံျခင္းကို ခံရတဲ့ အႏုပညာရွင္တစ္ေယာက္လည္းျဖစ္ပါတယ္။ပ်ိဳပ်ိဳေမတို႔ၾကားေရပန္းစားေနတဲ့ ေမာ္ဒယ္သ႐ုပ္ေဆာင္ မိုးယံဇြန္တစ္ေယာက္ ခ်စ္သူေလးကို ခုခ်ိန္ထိ ဘယ္သူဘယ္ဝါရယ္လို႔ လူသိရွင္ၾကား ခ်ျပျခင္းေတာ့မရွိေသးပါဘူး။

ခ်စ္သူေလးရဲ႕ပုံကိုေတာ့ မ်က္ႏွာေလးေတြကြယ္ၿပီး မၾကာခဏဆိုသလို လူမႈကြန္ယက္ေတြမွာတင္ေလ့ရွိပါတယ္။လတ္တေလာမွာလည္း မိုးယံဇြန္က သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန “မနက္ မနက္ အိပ္ရာႏိုးတိုင္း ေမွာက္ယွက္လား။ ေဘးေစာင္းလား။ ပက္လက္လား။ ဘယ္လို ႏိုးလဲလို႔ခြၽဲခြၽဲ ၿပီး ေမးတတ္တဲ့ ခ်စ္သူတစ္ေယာက္ ကြၽန္ေတာ့္ မွာရွိတယ္”ဆိုၿပီး ထုံစံအတိုင္း ခ်စ္သူေလးရဲ႕မ်က္ႏွာေလးကို ကြယ္ၿပီး ခ်စ္သူေလးရဲ႕ အေၾကာင္းကို ေျပာျပလာပါတယ္။

ဒီစာေလးနဲ႔ အတူ “(2019) ကေန (2020) ျဖစ္ေတာ့မယ္။ ယူတို႔မွာေရာ ရွိလားလို႔ ။ ရွိရင္ ပုံေတြနဲ႔ မန႔္သြားပါ။ ကံဇာေတြ တတ္လာပါမယ္”ဆိုၿပီးေတာ့လည္း ခ်စ္ရတဲ့ ပရိသတ္ေတြကို ေမးခြန္းထုတ္စေနာက္ထားပါေသးတယ္။CeleGabar ပရိသတ္ႀကီးေရ မိုးယံဇြန္ကေတာ့ ပရိသတ္ႀကီးေတြမွာ ခ်စ္ရမယ့္သူရွိေနၿပီလားတဲ့ ေမးေနၿပီေနာ္။

Source – Moe Yann Zune
Chilli – CeleGabar

Unicode ဖြင့်ဖတ်ပါ
★★★★★

မိုးယံဇွန်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ မင်းသားချောလေးပဲဖြစ်ပါတယ်။ ယောက်ျားပီးသလှတဲ့ ခန္ဓာကိုယ်အချိုးအစား အရပ်အမောင်းတွေကြောင့် အထူးသဖြင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို ခံရတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ပျိုပျိုမေတို့ကြားရေပန်းစားနေတဲ့ မော်ဒယ်သရုပ်ဆောင် မိုးယံဇွန်တစ်ယောက် ချစ်သူလေးကို ခုချိန်ထိ ဘယ်သူဘယ်ဝါရယ်လို့ လူသိရှင်ကြား ချပြခြင်းတော့မရှိသေးပါဘူး။

ချစ်သူလေးရဲ့ပုံကိုတော့ မျက်နှာလေးတွေကွယ်ပြီး မကြာခဏဆိုသလို လူမှုကွန်ယက်တွေမှာတင်လေ့ရှိပါတယ်။လတ်တလောမှာလည်း မိုးယံဇွန်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ “မနက် မနက် အိပ်ရာနိုးတိုင်း မှောက်ယှက်လား။ ဘေးစောင်းလား။ ပက်လက်လား။ ဘယ်လို နိုးလဲလို့ချွဲချွဲ ပြီး မေးတတ်တဲ့ ချစ်သူတစ်ယောက် ကျွန်တော့် မှာရှိတယ်”ဆိုပြီး ထုံစံအတိုင်း ချစ်သူလေးရဲ့မျက်နှာလေးကို ကွယ်ပြီး ချစ်သူလေးရဲ့ အကြောင်းကို ပြောပြလာပါတယ်။

ဒီစာလေးနဲ့ အတူ “(2019) ကနေ (2020) ဖြစ်တော့မယ်။ ယူတို့မှာရော ရှိလားလို့ ။ ရှိရင် ပုံတွေနဲ့ မန့်သွားပါ။ ကံဇာတွေ တတ်လာပါမယ်”ဆိုပြီးတော့လည်း ချစ်ရတဲ့ ပရိသတ်တွေကို မေးခွန်းထုတ်စနောက်ထားပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ မိုးယံဇွန်ကတော့ ပရိသတ်ကြီးတွေမှာ ချစ်ရမယ့်သူရှိနေပြီလားတဲ့ မေးနေပြီနော်။

Source – Moe Yann Zune
Chilli – CeleGabar