တူနှစ်ကိုယ်ကြား ပြောစကားလေးတွေကို ပရိသတ်ကြီးကို ဖွင့်ဟလိုက်တဲ့မအေးသောင်း

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






Unicode ဖြင့်ဖတ်ပါ
★★★★★

မြန်မာဆန်တဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ နုပျိုတဲ့ မျက်နှာလေးတွေနဲ့ မြန်မာဆန်ဆန် အဝတ်စားတွေကိုပဲ ဆက်တိုက် ဝတ်လာတဲ့ မအေးသောင်းကတော့ စာသားနုနုရွရွလေးတွေနဲ့လည်း ယောက်ျားလေးပရိသတ်ကို အသည်ယားစရာ ကောင်း ကြည်စားတတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။

မအေးသောင်းက ပျော်ပျော်နေတတ်သူတစ်ယောက်ပီပီ ဓာတ်ပုံတင်တိုင်းမှာလည်း သူ့အချစ်ရေးကိုစိတ်ဝင်စားနေတဲ့သူတွေ သို့လောသို့လောထင်လောက် နုရွနေတဲ့စာသားလေးတွေနဲ့ တွဲတွဲပြီးတင်လေ့ရှိသူပါတယ် ။

Facebook လူမှုကွန်ရက်ပေါ်မှာ ဒီဘက်နှစ်ပိုင်းတွေ ရဲ့ ဂန္တဝင်မမ လို့တင်စားခေါ်ဝေါ်ခံရမှုနဲ့အတူ ယောက်ျားလေးတွေရဲ့ ဝန်းရံမှုကို ခံနေရတဲ့ မအေးသောင်းကတော့ တကယ့်ကို မြန်မာဆန်ဆန်နဲ့ လှနေ ပနေတုန်းပါပဲ ။

မအေးသောင်းကတော့ ပရိသတ်တွေစိတ်ဝင်စားနေတဲ့ သူ့အချစ်ရေးကို အတိအလင်းထုတ်ဖော်ပြောကြားခြင်းမရှိသေးပေမယ့် မကြာခဏဆိုသလိုတော့ အရိပ်အမြွက်ဖော်ပြလေ့ရှိသူပါ။ဒီတစ်ခေါက်မှာလည်း ချစ်ရသူနဲ့ပြောထားတဲ့စကားလေးတွေကို ပရိသတ်တွေကိုမျှဝေပေးခဲ့တာပါ။

အဲ့ဒါကတော့ “ကိုယ်- ချစ်သူပေါက်စီကိုလေ သူများတွေကအဖွားကြီး အသက်ကြီးမှနာမည်ထကြီးတယ်လို့ ပြောကြတယ်။ ချစ်သူ- အဲ့ဒါအိုဇာတာကောင်းတာပေါ့ ချစ်တူလေးရဲ့” ဆိုပြီး အပြန်အလှန်ပြောစကားလေးကို တင်ပေးခဲ့တာဖြစ်ပါတယ်။ ထပ်ပြီးတော့လည်း “သူက ဂျကားလည်း အပီဝူး ချစ်တူတဲ့” ဆိုပြီးလည်း အပျိုကြီးမအေးသောင်းကတော့ အရွှန်းဖောက်ရေးသားခဲ့ပါသေးတယ်