မထင်မှတ်ထားလောက်အောင် ပရိသတ်တွေရဲ့ Suprise တိုက်တာကိုခံလိုက်ရတဲ့ ရွှေပိုးအိမ်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source – Shwe Poe Eain
Chilli – CeleGabar

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်တွေရဲ့ အချစ်တော်မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ မကြာခဏဆိုသလို သူ့ကိုချစ်ခင်ပြီး အားပေးတဲ့ သူတွေရဲ့ လက်ဆောင်ပစ္စည်လေးတွေ ပေးတာကို ခံနေရတဲ့ မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း ရင်ဘက်မှာ တက်တူးထိုးပေးပြီး လက်ဆောင်အနေနဲ့ပေးခဲ့တဲ့ အထိကို အားပေးကြမ်းတဲ့ ပရိသတ်တစ်ယောက်အကြောင်းကိုလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြခဲ့ဖူးပါသေးတယ်။

ရွှေပိုးအိမ်ရဲ့ မွေးနေ့ရက်မြတ်လေးတုန်းကလည်း ပိုက်ဆံတွေနဲ့စည်းထားတဲ့ ပန်းစည်ကြီးကို မွေးနေ့လက်ဆောင်အနေနဲ့ ရရှိခဲ့ပါတယ်။ဒါတွေအပြင် တစ်ထပ်တည်းတူတဲ့ ပုံတူပန်းချီကားကြီးတစ်ချပ်နဲ့ တခြား လက်ဆောင်ပစ္စည်လေးတွေကိုလည်း ပရိသတ်တွေဆီက လက်ဆောင်လေးတွေရရှိဖူးပါတယ်။ရွှေပိုးအိမ်ကလည်း ပရိသတ်တွေရဲ့ မေတ္တာလက်ဆောင်လေးတွေကို နည်းသည်များသည် သဘောမထားဘဲ အမြတ်တနိုးနဲ့ တန်ဖိုးထားတတ်တဲ့သူတစ်ယောက်ပါ။

အခုတစ်ခေါက်မှာလည်း ရွှေပိုးအိမ်ကို သူ့ရဲ့ ပရိသတ်တွေကမထင်မှတ်ထားတဲ့ အချိန်မှာ Suprise လက်ဆောင်လေးတွေပေးတာကို ခံလိုက်ရပြန်ပါတယ်။အခုလို လက်ဆောင်ပစ္စည်းလေးတွေနဲ့ Suprise လုပ်ပေးခံရတဲ့ ဗီဒီယိုလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမျှဝေပေးထားပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ ရွှေပိုးအိမ်တစ်ယောက် ပရိသတ်တွေရဲ့Suprise လုပ်တာကိုခံလိုက်ရတဲ့ ဗီဒီယိုလေးကိုလည်း မျှဝေပေးလိုက်ပါတယ်။

Source – Shwe Poe Eain
Chilli – CeleGabar