ကျန်းမာရေးမကောင်းလို့ အနုပညာအလုပ်တွေ ရပ်နားခဲ့ရတဲ့ နန်းဆုဦး
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး နန်းဆုဦးကတော့ ယောင်္ကျားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခကင်မှုတွေကို ရရှိထားသူလေးပါ..။အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ချစ်စရာကောင်းပြီး အနေအေးတဲ့ သူမရဲ့ ပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို အမြဲအချစ်ပိုစေတာလည်း ဖြစ်ပါတယ်..။ အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ဆောင်နေတဲ့ ပရိသတ်အချစ်တော်လေး သူမကတော့ လုံးဝလမ်းမလျှောက်နိုင်တော့လောက်အောင် ကျန်းမာရေးထိခိုက်သွားပြီး ဆေးကုသမှု ခံယူလိုက်ရတဲ့အကြောင်းလေးကို ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်..။
သူမအနေနဲ့ ဒီနှစ်မှာ အဓိက သင်ခန်းစာအကြီးကြီး ရလိုက်တာကတော့ ဒီတစ်လလုံးက ခြေထောက်ကြွက်သားတွေ တော်တော်ကျန်းမာရေးမကောင်းဖြစ်သွားပြီး လုံးဝလမ်းမလျှောက်နိုင်တော့ပဲ တစ်လလောက်နားပြီးတော့ ဆေးကုသမှု ခံယူလိုက်ရပါတယ်။ အခုချိန်မှာတော့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီး ခြေထောက်ဒဏ်ရာအကြောင်းကိုလည်း အင်တာဗျူးမှာ အခုလိုပဲ ဖြေဆိုထားပါတယ်။
နန်းဆုဦး ကတော့” ခြေထောက်ကတော့ တဖြည်းဖြည်းနဲ့ ကောင်းလာပြီပေါ့နော်။ ဘန်ကောက်ကိုလည်း တစ်လတစ်ခါ သွားပြရတယ်။ နန်းဆု ခြေထောက်ဖြစ်တာ တစ်လကျော်ပြီလေ။ ဖြစ်ဖြစ်ချင်း တစ်ခါ ဆေးရုံပြတယ် လိုအပ်တာတွေ စစ်ဆေးခဲ့တယ်။ ဆေးသောက်တယ်။ ပြီးတော့ ဆရာဝန်နဲ့ check up လုပ်တယ်။ အခု နောက်ဆုံး ပြထားတာတော့ ၆ ရက် တစ်ပတ်လောက်ပဲ ရှိသေးတယ်။ အခုက အလုပ်နည်းနည်း လုပ်ထားတော့ ခြေထောက်က ပြန်ရောင်နေတယ် အဲ့ဒါကို ဆရာဝန်က ကြည့်ပြီးတော့ ဆေးထိုးပေးလိုက်တယ်ပေါ့နော်။
နည်းနည်းတော့ သက်သာလာနေပါပြီ။ ဒါပေမဲ့ ဟိုးတစ်နေ့က ကားရိုက်ထားတော့လေ ဒဏ်နည်းနည်း ပြန်ဖြစ်သွားတယ် ဘာဖြစ်လို့လဲဆိုတော့ အပြင်မှာကလည်း အေးတော့ ကြွက်သားဖြစ်ထားတာဆိုတော့ အေးတဲ့ဒဏ်ကို မခံနိုင်ဘူးပေါ့နော်။ ကိုယ်ကလည်း ဒါမျိုး တစ်ခါမှ မဖြစ်ဖူးဘူးဆိုတော့ မသိခဲ့ဘူး အခုမှ ဆေးကုနေရင်းမှ ဘာတွေနဲ့ အဆင်မပြေလဲဆိုတာ သိလာရတာပေါ့နော်။ ကြွက်သားက အရမ်းအေးရင် မခံနိုင်တော့ အလုပ်အများကြီး ခိုင်းလို့တော့ မရသေးဘူးပေါ့နော်။ ဂရုစိုက်နေရတာပေါ့။
ကားရိုက်နားထားတာတော့ တစ်လပေါ့နော်။ အခုက ခြေထောက်က အများကြီး သက်သာလာတော့ လမ်းလေ ျှာက်လို့လည်းရတယ် သွားလို့လည်းရတယ်ဆိုတော့ ကားရိုက်တွေကတော့ ပြန်လက်ခံပြီး ရိုက်ကူးနေပါပြီ။ ကျန်းမာရေး မကောင်းတော့ အလုပ်အကိုင်နဲ့ ပက်သာတာလူမှုရေးနဲ့ ပက်သက်ပြီး ပျက်ကွက်တာမျိုးတော့ ရှိတာပေါ့နော်။
တစ်လလောက်ကို ဘာမှမလုပ်နိုင်ခဲ့တော့ အလုပ်ကြွေးတွေကို ပြန်လုပ်နေရတယ်ပေါ့နော်။ နန်းဆုဖြစ်တာက ပေါင်ကြွက်သားဆိုတော့ ပေါင်ကြွက်သားက ကြီးတော့ ပြန်ပြီး အရင်လိုဖြစ်ဖို့က လချီပြီး အချိန်ယူရတာဆိုတော့ အခုချိန်မှာတော့ အရမ်းကို ဂရုစိုက်နေရတယ်ပေါ့နော်။” ဆိုပြီး သူမရဲ့ ကျန်းမာရေး အဖြေအနေကို ပရိတ်သတ်ကြီးသိအောင် ပြောပြပေးခဲ့တာပဲ ဖြစ်ပါတယ်။
အခုလို ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို ကျေးဇူးတင်ပါတယ်နော်။ မကြာမှီ ကျရောက်တော့မယ့် နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်နိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။