ကလေးက Super Glue ဖွင့်မိပြီး ပါးစပ်ထဲထည့်မိသွားတယ်ဆိုတာမျိုးကြုံခဲ့မိရင်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အစ္မေရ … အထူးအဆန္း Case တခု ေရာက္လာျပန္ၿပီ။ ေဟ … ဘာမ်ားလဲ။

ကေလးက တႏွွစ္ေက်ာ္။ လမ္းေလွ်ာက္ခါစ။ အေမက ထိန္းေနရာက ခဏထၿပီး ေရေသာက္တာ။ အဲဒီအခ်ိန္ ေဘးနားက ဘီဒိုအံဆြဲထဲက Super glue ကို ဖြင့္ၿပီး ပါးစပ္ထဲထည့္လို႔။ ခ်က္ခ်င္းဆြဲလိုက္ေပမယ့္ မမီလိုက္ဘူးတဲ့ ။ ခု ၾကည့္လိုက္ေတာ့ … အာေခါင္မွာရယ္ လွ်ာေပၚရယ္ ေျခာက္ၿပီးကပ္ေနတယ္။

အင္း … ျဖစ္ရမယ္။ ကဲ ကဲ … ခုခ်က္ခ်င္း စာရွာဖတ္ၾကဦး။ ဘယ္လို Toxicity (အဆိပ္သင့္ျခင္း) ရႏိုင္သလဲ။ ဘယ္လို ကုသမႈေပးရမလဲ ဆိုတာ။

Super Glue မွာ Cyanoacrylates ဆိုတဲ့ ဓာတုပစၥည္း အဓိက ပါဝင္ပါတယ္။ ကပ္အားအလြန္ေကာင္းတဲ့ ဓာတုပစၥည္းမို႔ မေတာ္တဆ သူနဲ႔ထိမိတဲ့အခါ အေရျပားအခ်င္းခ်င္း ပူးကပ္သြားတာ… ဦးေရျပားနဲ႔ဆံပင္မွာ ေထြးကပ္သြားတာ … ပါးစပ္ထဲဝင္သြားတဲ့အခါ … မ်က္စိထဲဝင္ၿပီး မ်က္လုံးပိတ္သြားတာ … မ်က္စိမ်က္ၾကည္လႊာထိခိုက္ၿပီး အျမင္အာ႐ုံကြယ္သြားတာ … ေတြထိ ျဖစ္ႏိုင္ပါတယ္။

အျမန္ေျခာက္သြားတတ္တဲ့ သဘာဝေၾကာင့္ ပါးစပ္ထဲဝင္သြားခဲ့ရင္ ၿမိဳခ်မိတဲ့ထိျဖစ္ခဲပါတယ္။ ပါးေစာင္ အာေခါင္ လွ်ာေပၚမွာ ေျခာက္ၿပီး ကပ္သြားႏိုင္ပါတယ္။

”First aid measure” Super Glue နဲ႔ ကပ္မိရင္ အေရးေပၚ ဘာလုပ္ေပးႏိုင္လဲ။

အေရျပားမွာ ကပ္ခဲ့ရင္

မျပာပါနဲ႔။ကပ္ေနတဲ့အေရျပားကို ဇြတ္ဆြဲမခြာပါနဲ႔။ အေရျပား ထိခိုက္ပြန္းပဲ့ႏိုင္ပါတယ္။ ကပ္ေနတဲ့ေနရာကို ဟင္းသီးဟင္း႐ြက္ဆီ (Vegetable oil) ႐ႊဲ႐ႊဲလူးေပးထားပါ။ အဲဒါမရွိရင္ ဆပ္ျပာနဲ႔ေရေႏြးေႏြးနဲ႔ စိမ္ထားပါ။

အေရျပားကို ေရွ႕ေနာက္အသာအယာ ပြတ္ဆြဲလွိမ့္ၿပီး အနားေတြကစၿပီး ကပ္ေနတဲ့ေကာ္ကို ျငင္ျငင္သာသာခြာၾကည့္ပါ။ တခါနဲ႔မရရင္ ဆီျပန္လူးၿပီး ထပ္ခါထပ္ခါ ႀကိဳးစားၾကည့္ပါ။ ေခ်ာမြတ္တဲ့ပစၥည္းတခုခု (ဥပမာ ခဲတံ, ဘီး) ကို ကပ္ေနတဲ့ၾကားကထားၿပီး အသာဆြဲဟၾကည့္ပါ။ ခြာလို႔ရသြားၿပီးရင္ ေျခာက္ေသြ႕အက္ကြဲတာကာကြယ္ဖို႔ အစိုဓာတ္ထိန္းတဲ့ ခရင္ တခုခုလိမ္းေပးပါ။

မ်က္စိထဲ ဝင္တဲ့အခါ

မျပာပါနဲ႔။မ်က္ခြံကို ဇြတ္ဆြဲမခြာပါနဲ႔။ ဒဏ္ရာရသြားႏိုင္ပါတယ္။ေကာ္ဝင္သြားတဲ့မ်က္စိကို ေရေႏြးေႏြးနဲ႔ ခ်က္ခ်င္းေဆးပါ။

ေရဆြတ္ထားတဲ့အဝတ္ သို႔ ပတ္တီးနဲ႔ အသာအုပ္ထားၿပီး မ်က္စိဆရာဝန္ထံ သြားပါ။ တကယ္လို႔ ျပစရာမ်က္စိဆရာဝန္မရွိရင္လည္း ျပာၿပီး လုပ္မိလုပ္ရာမလုပ္ပါနဲ႔။ မ်ားေသာအားျဖင့္ ၁-၄ ရက္အတြင္း အလိုလို ျပန္ပြင့္လာပါလိမ့္မယ္။

ဆံံပင္နဲ႔ဦးေရျပား

ေရေႏြးေႏြးနဲ႔ ေခါင္းေလွ်ာ္ပါ။ Vegetable oil ဟင္းသီးဟင္း႐ြက္ဆီ သို႔ Body oil ကိုယ္လိမ္းဆီ တမ်ိဳးမ်ိဳး ႐ႊဲ႐ႊဲလူးေပးပါ။ တရက္ ႏွစ္ရက္ေနရင္ အလိုလိုကြာက်သြားပါမယ္။ သိပ္လုံးေထြးေနရင္ ဆံပင္ကို အသာေလး ရိတ္ပစ္လို႔ရပါတယ္။

ပါးစပ္နဲ႔ႏႈတ္ခမ္း

ဇြတ္ဆြဲမခြာပါနဲ႔။ေရေႏြးမ်ားမ်ားနဲ႔ အသာေဆးပါ။ ပါးစပ္ထဲကပ္ေနတဲ့ေကာ္ကို ပါးစပ္ထဲကသြားေရနဲ႔ပဲ စိုေအာင္လုပ္ၿပီး လွ်ာကပြတ္တြန္းေပးပါ။ (ကေလးငယ္ေတြကေတာ့ မလုပ္တတ္ေလာက္ဘူး။) တရက္ႏွစ္ရက္ေနလို႔ ကြာလာတဲ့အခါ ၿမိဳမခ်မိဖို႔ သတိထားရပါမယ္။ (ဒါလည္း ကေလးငယ္ေတြအဖို႔ ခက္ခဲမယ္။)

ရွာဖတ္ၾကည့္တဲ့အခါ …

Super glue မ်က္စိထဲဝင္ၿပီး မ်က္ၾကည္လႊာေပါက္ၿပီး မ်က္စိကြယ္သြားတဲ့ကေလး … ပါးစပ္အဝကပ္သြားၿပီး အသက္ရႉခက္ၿပီး ေဆး႐ုံံေရာက္လာတဲ့ကေလး …

ေျခာက္ေနတဲ့ေကာ္စက ေလႁပြန္ထဲ ဝင္သြားၿပီး အဆုတ္ေရာင္ျဖစ္ … ေလႁပြန္ထဲ မွန္ေျပာင္းထည့္ၿပီး ေကာ္ေျခာက္အစအနေတြ ထုတ္ပစ္ရတဲ့ကေလး …အဲဒီလို ဇာတ္လမ္းေတြ မနည္းမေနာပဲကိုး။

ဒါေၾကာင့္္ ကေလးငယ္ရွိတဲ့ မိဘေတြအေနနဲ႔ ”Safety is first” ျဖစ္ပါတယ္ … အႏၲရာယ္ဟာဘာလဲ မသိေသးတဲ့ ကေလးငယ္ေတြအတြက္ ကာကြယ္ျခင္းက အေကာင္းဆုံးကုသမႈျဖစ္တယ္ … ဆိုတာေလး သတိခ်ပ္ေစခ်င္ပါတယ္။

ခ်စ္စရာရင္ေသြးတို႔ ေဘးကင္းၾကပါေစ။ ။

ေဒါက္တာသက္ထားေ႐ႊစင္ဝင္း (ကေလးဆရာဝန္)

Unicode ဖြင့်ဖတ်ပါ
★★★★★

အစ်မရေ … အထူးအဆန်း Case တခု ရောက်လာပြန်ပြီ။ ဟေ … ဘာများလဲ။

ကလေးက တနှှစ်ကျော်။ လမ်းလျှောက်ခါစ။ အမေက ထိန်းနေရာက ခဏထပြီး ရေသောက်တာ။ အဲဒီအချိန် ဘေးနားက ဘီဒိုအံဆွဲထဲက Super glue ကို ဖွင့်ပြီး ပါးစပ်ထဲထည့်လို့။ ချက်ချင်းဆွဲလိုက်ပေမယ့် မမီလိုက်ဘူးတဲ့ ။ ခု ကြည့်လိုက်တော့ … အာခေါင်မှာရယ် လျှာပေါ်ရယ် ခြောက်ပြီးကပ်နေတယ်။

အင်း … ဖြစ်ရမယ်။ ကဲ ကဲ … ခုချက်ချင်း စာရှာဖတ်ကြဦး။ ဘယ်လို Toxicity (အဆိပ်သင့်ခြင်း) ရနိုင်သလဲ။ ဘယ်လို ကုသမှုပေးရမလဲ ဆိုတာ။

Super Glue မှာ Cyanoacrylates ဆိုတဲ့ ဓာတုပစ္စည်း အဓိက ပါဝင်ပါတယ်။ ကပ်အားအလွန်ကောင်းတဲ့ ဓာတုပစ္စည်းမို့ မတော်တဆ သူနဲ့ထိမိတဲ့အခါ အရေပြားအချင်းချင်း ပူးကပ်သွားတာ… ဦးရေပြားနဲ့ဆံပင်မှာ ထွေးကပ်သွားတာ … ပါးစပ်ထဲဝင်သွားတဲ့အခါ … မျက်စိထဲဝင်ပြီး မျက်လုံးပိတ်သွားတာ … မျက်စိမျက်ကြည်လွှာထိခိုက်ပြီး အမြင်အာရုံကွယ်သွားတာ … တွေထိ ဖြစ်နိုင်ပါတယ်။

အမြန်ခြောက်သွားတတ်တဲ့ သဘာဝကြောင့် ပါးစပ်ထဲဝင်သွားခဲ့ရင် မြိုချမိတဲ့ထိဖြစ်ခဲပါတယ်။ ပါးစောင် အာခေါင် လျှာပေါ်မှာ ခြောက်ပြီး ကပ်သွားနိုင်ပါတယ်။

”First aid measure” Super Glue နဲ့ ကပ်မိရင် အရေးပေါ် ဘာလုပ်ပေးနိုင်လဲ။

အရေပြားမှာ ကပ်ခဲ့ရင်

မပြာပါနဲ့။ကပ်နေတဲ့အရေပြားကို ဇွတ်ဆွဲမခွာပါနဲ့။ အရေပြား ထိခိုက်ပွန်းပဲ့နိုင်ပါတယ်။ ကပ်နေတဲ့နေရာကို ဟင်းသီးဟင်းရွက်ဆီ (Vegetable oil) ရွှဲရွှဲလူးပေးထားပါ။ အဲဒါမရှိရင် ဆပ်ပြာနဲ့ရေနွေးနွေးနဲ့ စိမ်ထားပါ။

အရေပြားကို ရှေ့နောက်အသာအယာ ပွတ်ဆွဲလှိမ့်ပြီး အနားတွေကစပြီး ကပ်နေတဲ့ကော်ကို ငြင်ငြင်သာသာခွာကြည့်ပါ။ တခါနဲ့မရရင် ဆီပြန်လူးပြီး ထပ်ခါထပ်ခါ ကြိုးစားကြည့်ပါ။ ချောမွတ်တဲ့ပစ္စည်းတခုခု (ဥပမာ ခဲတံ, ဘီး) ကို ကပ်နေတဲ့ကြားကထားပြီး အသာဆွဲဟကြည့်ပါ။ ခွာလို့ရသွားပြီးရင် ခြောက်သွေ့အက်ကွဲတာကာကွယ်ဖို့ အစိုဓာတ်ထိန်းတဲ့ ခရင် တခုခုလိမ်းပေးပါ။

မျက်စိထဲ ဝင်တဲ့အခါ

မပြာပါနဲ့။မျက်ခွံကို ဇွတ်ဆွဲမခွာပါနဲ့။ ဒဏ်ရာရသွားနိုင်ပါတယ်။ကော်ဝင်သွားတဲ့မျက်စိကို ရေနွေးနွေးနဲ့ ချက်ချင်းဆေးပါ။

ရေဆွတ်ထားတဲ့အဝတ် သို့ ပတ်တီးနဲ့ အသာအုပ်ထားပြီး မျက်စိဆရာဝန်ထံ သွားပါ။ တကယ်လို့ ပြစရာမျက်စိဆရာဝန်မရှိရင်လည်း ပြာပြီး လုပ်မိလုပ်ရာမလုပ်ပါနဲ့။ များသောအားဖြင့် ၁-၄ ရက်အတွင်း အလိုလို ပြန်ပွင့်လာပါလိမ့်မယ်။

ဆံံပင်နဲ့ဦးရေပြား

ရေနွေးနွေးနဲ့ ခေါင်းလျှော်ပါ။ Vegetable oil ဟင်းသီးဟင်းရွက်ဆီ သို့ Body oil ကိုယ်လိမ်းဆီ တမျိုးမျိုး ရွှဲရွှဲလူးပေးပါ။ တရက် နှစ်ရက်နေရင် အလိုလိုကွာကျသွားပါမယ်။ သိပ်လုံးထွေးနေရင် ဆံပင်ကို အသာလေး ရိတ်ပစ်လို့ရပါတယ်။

ပါးစပ်နဲ့နှုတ်ခမ်း

ဇွတ်ဆွဲမခွာပါနဲ့။ရေနွေးများများနဲ့ အသာဆေးပါ။ ပါးစပ်ထဲကပ်နေတဲ့ကော်ကို ပါးစပ်ထဲကသွားရေနဲ့ပဲ စိုအောင်လုပ်ပြီး လျှာကပွတ်တွန်းပေးပါ။ (ကလေးငယ်တွေကတော့ မလုပ်တတ်လောက်ဘူး။) တရက်နှစ်ရက်နေလို့ ကွာလာတဲ့အခါ မြိုမချမိဖို့ သတိထားရပါမယ်။ (ဒါလည်း ကလေးငယ်တွေအဖို့ ခက်ခဲမယ်။)

ရှာဖတ်ကြည့်တဲ့အခါ …

Super glue မျက်စိထဲဝင်ပြီး မျက်ကြည်လွှာပေါက်ပြီး မျက်စိကွယ်သွားတဲ့ကလေး … ပါးစပ်အဝကပ်သွားပြီး အသက်ရှူခက်ပြီး ဆေးရုံံရောက်လာတဲ့ကလေး …

ခြောက်နေတဲ့ကော်စက လေပြွန်ထဲ ဝင်သွားပြီး အဆုတ်ရောင်ဖြစ် … လေပြွန်ထဲ မှန်ပြောင်းထည့်ပြီး ကော်ခြောက်အစအနတွေ ထုတ်ပစ်ရတဲ့ကလေး …အဲဒီလို ဇာတ်လမ်းတွေ မနည်းမနောပဲကိုး။

ဒါကြောင့်် ကလေးငယ်ရှိတဲ့ မိဘတွေအနေနဲ့ ”Safety is first” ဖြစ်ပါတယ် … အန္တရာယ်ဟာဘာလဲ မသိသေးတဲ့ ကလေးငယ်တွေအတွက် ကာကွယ်ခြင်းက အကောင်းဆုံးကုသမှုဖြစ်တယ် … ဆိုတာလေး သတိချပ်စေချင်ပါတယ်။

ချစ်စရာရင်သွေးတို့ ဘေးကင်းကြပါစေ။ ။

ဒေါက်တာသက်ထားရွှေစင်ဝင်း (ကလေးဆရာဝန်)