ကိုယ်တိုင်က နေမကောင်းဖြစ်နေပေမဲ့ အဖွားတစ်ယောက်ကို အနွေးထည်ချွတ်ပေးခဲ့တဲ့ ပိုပို

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ပိုပိုကေတာ့ သီခ်င္းေကာင္းေလးေတြကို ကိုယ္တိုင္ဖန္တီးေရးသားသီဆိုၿပီး ပရိသတ္ေတြရဲ႕ ရင္ထဲကအခ်စ္ေတြကို သိမ္းပိုက္ထားႏိုင္တဲ့ လူငယ္အမ်ိဳးသမီးအဆိုေတာ္တစ္ေယာက္ပဲျဖစ္ပါတယ္။လက္ရွိမွာေတာ့ ေတးစီရီးအယ္ဘမ္ေတြလည္း ထြက္ရွိထားတဲ့ အထိကို ေအာင္ျမင္မႈေတြရရွိေနၿပီး ျမန္မာႏိုင္ငံတြင္းမွာသာမက ျပည္ပႏိုင္ငံေတြအထိပါ သြားေရာက္ေဖ်ာ္ေျဖေနရတဲ့ အဆိုေတာ္တစ္ေယာက္လည္းျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ ပိုပိုဟာ ျမန္မာႏိုင္ငံရဲ႕အဖိုးတန္ ကမာၻ႔ယဥ္ေက်းမႈစာရင္းဝင္ျဖစ္တဲ့ ပုဂံေ႐ႊၿမိဳ႕ေတာ္ႀကီးကို အလည္ေရာက္ရွိေနပါတယ္။ပိုပိုကေတာ့ ပုဂံကိုေရာက္ေနတုန္း ပုဂံဘုရားေတြကိုလိုက္လံဖူးေဖ်ာ္ေနခ်ိန္မွာေတာ့ ကိုယ္တိုင္ႏွာေစးၿပီးေနမေကာင္းျဖစ္ေနေပမဲ့လည္း အဖြားတစ္ေယာက္ကို သူ႔ထက္ပိုခ်မ္းေနမယ္ထင္တာေၾကာင့္ သူ႔ရဲ႕ အေႏြးထည္ေလးခြၽတ္ၿပီး လႉခဲ့ပါတယ္။

“အရမ္းေအးတတ္တဲ့ ကြၽန္မ ႏွာေတြေစးေနေပမဲ့လည္း အဘြားက ပိုခ်မ္းေနမယ္ထင္လို႔ ဝတ္ထားတဲ့ အေႏြးထည္ ခြၽတ္လႉခဲ့တယ္။ပိုနဲ႔ ေတြ႕တဲ့သူေတြတိုင္း ကို စိတ္ခ်မ္းသာေစခ်င္တယ္။”ဆိုၿပီး အဖြားကို လႉဒါန္းေပးခဲ့တဲ့ အေၾကာင္းနဲ႔ သူနဲ႔ ေတြ႕တဲ့သူတိုင္းကို စိတ္ခ်မ္းသာေစခ်င္တဲ့အေၾကာင္းကို သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန ေဖာ္ျပလာခဲ့တာပါ။CeleGabar ပရိသတ္ႀကီးေရ ပိုပိုရဲ႕ မြန္ျမတ္ၿပီး သန႔္ရွင္းလွစိတ္ထားေလးကေတာ့ မခ်ီးက်ဴးပဲ မေနႏိုင္ေလာက္ေအာင္ပါပဲေနာ္။

Source – Po Po
Chilli – CeleGabar

Unicode ဖြင့်ဖတ်ပါ
★★★★★

ပိုပိုကတော့ သီချင်းကောင်းလေးတွေကို ကိုယ်တိုင်ဖန်တီးရေးသားသီဆိုပြီး ပရိသတ်တွေရဲ့ ရင်ထဲကအချစ်တွေကို သိမ်းပိုက်ထားနိုင်တဲ့ လူငယ်အမျိုးသမီးအဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။လက်ရှိမှာတော့ တေးစီရီးအယ်ဘမ်တွေလည်း ထွက်ရှိထားတဲ့ အထိကို အောင်မြင်မှုတွေရရှိနေပြီး မြန်မာနိုင်ငံတွင်းမှာသာမက ပြည်ပနိုင်ငံတွေအထိပါ သွားရောက်ဖျော်ဖြေနေရတဲ့ အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။

လတ်တလောမှာတော့ ပိုပိုဟာ မြန်မာနိုင်ငံရဲ့အဖိုးတန် ကမ္ဘာ့ယဉ်ကျေးမှုစာရင်းဝင်ဖြစ်တဲ့ ပုဂံရွှေမြို့တော်ကြီးကို အလည်ရောက်ရှိနေပါတယ်။ပိုပိုကတော့ ပုဂံကိုရောက်နေတုန်း ပုဂံဘုရားတွေကိုလိုက်လံဖူးဖျော်နေချိန်မှာတော့ ကိုယ်တိုင်နှာစေးပြီးနေမကောင်းဖြစ်နေပေမဲ့လည်း အဖွားတစ်ယောက်ကို သူ့ထက်ပိုချမ်းနေမယ်ထင်တာကြောင့် သူ့ရဲ့ အနွေးထည်လေးချွတ်ပြီး လှူခဲ့ပါတယ်။

“အရမ်းအေးတတ်တဲ့ ကျွန်မ နှာတွေစေးနေပေမဲ့လည်း အဘွားက ပိုချမ်းနေမယ်ထင်လို့ ဝတ်ထားတဲ့ အနွေးထည် ချွတ်လှူခဲ့တယ်။ပိုနဲ့ တွေ့တဲ့သူတွေတိုင်း ကို စိတ်ချမ်းသာစေချင်တယ်။”ဆိုပြီး အဖွားကို လှူဒါန်းပေးခဲ့တဲ့ အကြောင်းနဲ့ သူနဲ့ တွေ့တဲ့သူတိုင်းကို စိတ်ချမ်းသာစေချင်တဲ့အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့တာပါ။CeleGabar ပရိသတ်ကြီးရေ ပိုပိုရဲ့ မွန်မြတ်ပြီး သန့်ရှင်းလှစိတ်ထားလေးကတော့ မချီးကျူးပဲ မနေနိုင်လောက်အောင်ပါပဲနော်။

Source – Po Po
Chilli – CeleGabar