သူ့ဓာတ်ပုံကို သုံးပြီး ပြောင်နောက်နေကြတာနဲ့ ပတ်သက်ပြီး ရင်ဖွင့်လာတဲ့ လူမင်း

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ဗီဒီယို ဇာတ္ကားတကားရဲ႕ ဇာတ္ဝင္ခန္းတခုမွာ ဒိုင္ယာေလာ့ စကားမွားတာကို Facebook မွာ ပရိသတ္မ်ားက ဝိုင္းၿပီး စေနာက္ေနၾကတဲ့ အေပၚ သ႐ုပ္ေဆာင္ လူမင္းက စိတ္မဆိုးဘူးလို႔ ေျပာပါတယ္။

“က်ေနာ့္ကို Facebook မွာ Troll ေနၾကတာ ေတြ႕တယ္။ တခုကေတာ့ တကယ္မွားတာ။ ေနာက္တခုကေတာ့ ငါ့ဓားထဲမွာ လက္ရွိတယ္ ဆိုတာ “ေအာင္ေစ ပိုင္ေစ”ဆိုတဲ့ ကားထဲ ဟာသ လုပ္ထားတာပါ။ တကယ္မွားတဲ့ဟာကေလ ဒါ႐ိုက္တာ Edit လုပ္တာ မေတြ႕ဘူးလား မသိဘူး။ စျဖန႔္ကတည္းက သိတယ္။

အခုလိုအင္တာနက္ေတြ ေခတ္မစားေသးေတာ့ မသိဘူး။ အခုလို အင္တာနက္ေတြ ေခတ္စားေတာ့ တေက်ာ့ျပန္ Troll ခံရတာေပါ့။ စိတ္မဆိုးပါဘူး။ အဲ့တုန္းက Mood ထည့္ေျပာလိုက္တာ ရႈတင္က လူေတြလည္း သတိမထားမိၾကဘူး။ ကားထြက္ေတာ့မွ ျပင္လို႔လည္း မရေတာ့ဘူး”လို႔ လူမင္းက ေျပာပါတယ္။

လူမင္းကေတာ့ လတ္တေလာမွာ “ေအာင္ဆန္း” ဇာတ္ကားကို ဒါ႐ိုက္တာအေနနဲ႔ ႐ိုက္ကူး ပုံေဖာ္ေနၿပီး သ႐ုပ္ေဆာင္ ဒီဇာတ္ကားအတြက္ အႀကံေကာင္း၊ ဉာဏ္ေကာင္းေတြလည္း ရရွိတဲ့အေၾကာင္းကိုလည္း အခုလိုပဲ ဆိုပါတယ္။

“၂၀၂၀ မွာ က်ေနာ္ ႐ိုက္ေနတဲ့ ေအာင္ဆန္း႐ုပ္ရွင္ဇာတ္ကားႀကီးကို အျမန္ဆုံး လက္စသတ္ ႐ုံေပၚ တင္ႏိုင္တဲ့ အဆင့္က်န္ေသးတယ္။ အဲ့ဒါပဲ အေရးႀကီးဆုံး အလုပ္တခုအေနနဲ႔ လုပ္ေနပါတယ္။ က်န္တာကေတာ့ ကိုယ္ပိုင္အႏုပညာ ဖန္တီးမႈေတြလည္း ဆက္လုပ္သြားဖို႔ ရွိပါတယ္။

အႀကံေကာင္း ဉာဏ္ေကာင္းေတြလည္း အမ်ားႀကီးရပါတယ္။ ကူညီေဆာင္မမယ့္သူေတြလည္း အမ်ားႀကီး ေတြ႕ရပါတယ္။ စိတ္ပါလက္ပါ ဝိုင္းဝန္းကူညီၾကသူေတြလည္း အမ်ားႀကီး ေတြ႕ရတယ္”

“တကယ္တမ္း အစပိုင္းမွာ ေဝဖန္တိုက္ခိုက္ေနတယ္လို႔ပဲ အျပင္ပန္းထင္ရေပမယ့္ အလုပ္ကို လက္ေတြ႕ တကယ္လည္း လုပ္ျပလိုက္တဲ့အခါမွာ တကယ္ကို လႈိက္လႈိက္လွဲလွဲ အႀကံေပးသူေတြ အမ်ားႀကီးေတြ႕ရတယ္။ ေရွ႕ဆက္မယ့္ ေျခလွမ္းေတြအတြက္ အင္အားရွိပါတယ္။ က်ေနာ္တို႔ကို အႀကံေပးတဲ့အတြက္လည္း အခ်ိန္မီ ျပင္ဆင္လိုက္ႏိုင္တာေတြ ရွိတယ္။

အႀကံျပဳခ်က္ေတြကိုလည္း ေကာင္းသည္ျဖစ္ေစ၊ ဆိုးသည္ျဖစ္ေစ လက္ခံပါတယ္။ ၅၃ ကတ္ ႐ိုက္ၿပီးသြားပါၿပီ။ ပိတ္ကားေပၚ အျမန္ဆုံး ေရာက္ႏိုင္ေအာင္ ႀကိဳးစားေနပါတယ္”လို႔ လူမင္းက ေျပာပါတယ္။

လူမင္း ႐ိုက္ကူးေနတဲ့ “ေအာင္ဆန္း” ႐ုပ္ရွင္ကိုေတာ့ ၂၀၁၉ ခုႏွစ္ထဲမွာ ႐ိုက္ကူးေနၿပီး ၂၀၂၀ ခုႏွစ္မွာ ႐ုံတင္ျပသႏိုင္ဖို႔အတြက္ စီစဥ္ထားတယ္လို႔ သိရပါတယ္။ “ေအာင္ဆန္း” ႐ုပ္ရွင္မွာေတာ့ အဘက္ဘက္က ျပည့္စုံဖို႔အတြက္ ေဆာင္႐ြက္ေနၾကတယ္လို႔ သိရပါတယ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

ဗီဒီယို ဇာတ်ကားတကားရဲ့ ဇာတ်ဝင်ခန်းတခုမှာ ဒိုင်ယာလော့ စကားမှားတာကို Facebook မှာ ပရိသတ်များက ဝိုင်းပြီး စနောက်နေကြတဲ့ အပေါ် သရုပ်ဆောင် လူမင်းက စိတ်မဆိုးဘူးလို့ ပြောပါတယ်။

“ကျနော့်ကို Facebook မှာ Troll နေကြတာ တွေ့တယ်။ တခုကတော့ တကယ်မှားတာ။ နောက်တခုကတော့ ငါ့ဓားထဲမှာ လက်ရှိတယ် ဆိုတာ “အောင်စေ ပိုင်စေ”ဆိုတဲ့ ကားထဲ ဟာသ လုပ်ထားတာပါ။ တကယ်မှားတဲ့ဟာကလေ ဒါရိုက်တာ Edit လုပ်တာ မတွေ့ဘူးလား မသိဘူး။ စဖြန့်ကတည်းက သိတယ်။

အခုလိုအင်တာနက်တွေ ခေတ်မစားသေးတော့ မသိဘူး။ အခုလို အင်တာနက်တွေ ခေတ်စားတော့ တကျော့ပြန် Troll ခံရတာပေါ့။ စိတ်မဆိုးပါဘူး။ အဲ့တုန်းက Mood ထည့်ပြောလိုက်တာ ရှုတင်က လူတွေလည်း သတိမထားမိကြဘူး။ ကားထွက်တော့မှ ပြင်လို့လည်း မရတော့ဘူး”လို့ လူမင်းက ပြောပါတယ်။

လူမင်းကတော့ လတ်တလောမှာ “အောင်ဆန်း” ဇာတ်ကားကို ဒါရိုက်တာအနေနဲ့ ရိုက်ကူး ပုံဖော်နေပြီး သရုပ်ဆောင် ဒီဇာတ်ကားအတွက် အကြံကောင်း၊ ဉာဏ်ကောင်းတွေလည်း ရရှိတဲ့အကြောင်းကိုလည်း အခုလိုပဲ ဆိုပါတယ်။

“၂၀၂၀ မှာ ကျနော် ရိုက်နေတဲ့ အောင်ဆန်းရုပ်ရှင်ဇာတ်ကားကြီးကို အမြန်ဆုံး လက်စသတ် ရုံပေါ် တင်နိုင်တဲ့ အဆင့်ကျန်သေးတယ်။ အဲ့ဒါပဲ အရေးကြီးဆုံး အလုပ်တခုအနေနဲ့ လုပ်နေပါတယ်။ ကျန်တာကတော့ ကိုယ်ပိုင်အနုပညာ ဖန်တီးမှုတွေလည်း ဆက်လုပ်သွားဖို့ ရှိပါတယ်။

အကြံကောင်း ဉာဏ်ကောင်းတွေလည်း အများကြီးရပါတယ်။ ကူညီဆောင်မမယ့်သူတွေလည်း အများကြီး တွေ့ရပါတယ်။ စိတ်ပါလက်ပါ ဝိုင်းဝန်းကူညီကြသူတွေလည်း အများကြီး တွေ့ရတယ်”

“တကယ်တမ်း အစပိုင်းမှာ ဝေဖန်တိုက်ခိုက်နေတယ်လို့ပဲ အပြင်ပန်းထင်ရပေမယ့် အလုပ်ကို လက်တွေ့ တကယ်လည်း လုပ်ပြလိုက်တဲ့အခါမှာ တကယ်ကို လှိုက်လှိုက်လှဲလှဲ အကြံပေးသူတွေ အများကြီးတွေ့ရတယ်။ ရှေ့ဆက်မယ့် ခြေလှမ်းတွေအတွက် အင်အားရှိပါတယ်။ ကျနော်တို့ကို အကြံပေးတဲ့အတွက်လည်း အချိန်မီ ပြင်ဆင်လိုက်နိုင်တာတွေ ရှိတယ်။

အကြံပြုချက်တွေကိုလည်း ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လက်ခံပါတယ်။ ၅၃ ကတ် ရိုက်ပြီးသွားပါပြီ။ ပိတ်ကားပေါ် အမြန်ဆုံး ရောက်နိုင်အောင် ကြိုးစားနေပါတယ်”လို့ လူမင်းက ပြောပါတယ်။

လူမင်း ရိုက်ကူးနေတဲ့ “အောင်ဆန်း” ရုပ်ရှင်ကိုတော့ ၂၀၁၉ ခုနှစ်ထဲမှာ ရိုက်ကူးနေပြီး ၂၀၂၀ ခုနှစ်မှာ ရုံတင်ပြသနိုင်ဖို့အတွက် စီစဉ်ထားတယ်လို့ သိရပါတယ်။ “အောင်ဆန်း” ရုပ်ရှင်မှာတော့ အဘက်ဘက်က ပြည့်စုံဖို့အတွက် ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။