မြန်မာအိုင်ဒေါပြိုုင်ပွဲကြီးရဲ့ဒိုင် ဦးအောင်ကိုလတ်ရဲ့ အနုပညာမြောက်ရုပ်ရှင်ဇာတ်ကားကြီး Teaser

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Gandaba
DarDar-CeleGabar

Unicode ဖြင့်ဖတ်ပါ
★★★★★

“မြန်မာအိုင်ဒေါပြီုင်ပွဲကြီးရဲ့ဒိုင် ဦးအောင်ကိုလတ်ရဲ့ အနုပညာမြောက်ရုပ်ရှင်ဇာတ်ကားကြီး Teaser”

မြန်မာအိုင်ဒေါပြိုင်ပွဲကြီးမှာ ဒိုင်တစ်ဦးအဖြစ် တာဝန်ယူထားတဲ့ စွယ်စုံရပညာရှင် အောင်ကိုလတ်ကတော့ မြန်မာနိုင်ငံရဲ့ဂန္တဝင်တေးဂီတ တူရိယာတစ်ခုဖြစ်တဲ့ စောင်း တူရိယာအကြောင်းကို ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ဂျပန်နိုင်ငံမှရုပ်ရှင်ပညာရှင်တွေနဲ့ ပူးပေါင်းပုံဖော်ထားတာလည်းဖြစ်ပါတယ်။မြန်မာ့ဂန္တဝင်တေးဂီတတူရီယာ စောင်း တူရီယာအကြောင်းရိုက်ကူးထားတဲ့ “ဂန္ဓဗ္ဗ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Teaser ကတော့ ဒီဇင်ဘာလ(၂၃)ရက်နေ့မှာ ထွက်ရှိခဲ့ပါတယ်။

စွယ်စုံရအနုပညာရှင် အောင်ကိုလတ်ရဲ့ အနုပညာမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ဂန္ဓဗ္ဗ” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ (၂၀၁၅)ခုနှစ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့ရာမှ သရုပ်ဆောင်မင်းသမီးချောလေးအဖြစ် ပရိသတ်တွေရဲ့အားပေးမှုကိုရရှိခဲ့တဲ့ ရွှေသွန်းခ ကတော့ Donnaa Layla ဆိုကာအနုပညာနာမည်ပြောင်းကာ ပါဝင်သရုပ်ဆောင်ထားတာမို့ သူ့ရဲ့သရုပ်ဆောင်ချက်တွေကို ပြန်လည်မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေနဲ့လည်း ပရိသတ်အားပေးမှုကို ရရှိနေတဲ့ မင်းသားတစ်လက်ဖြစ်တဲ့ Shunya Shiraishi ကလည်း ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

CeleGabar ပရိသတ်ကြီးရေ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးရဲ့ဒိုင်တစ်ဦးဖြစ်တဲ့ စွယ်စုံရပညာရှင် အောင်ကိုလတ်ရဲ့ အနုပညာမြောက်လက်ရာတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ဂန္တဝင်တေးဂီတ တူရိယာတစ်ခုဖြစ်တဲ့ စောင်း တူရိယာအကြောင်းကို ဂျပန်နိုင်ငံမှရုပ်ရှင်ပညာရှင်တွေနဲ့ ပူးပေါင်းပုံဖော်ထားတဲ့ “ဂန္ဓဗ္ဗ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Teaserလေးကို ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။