ဒိတ်ဒိတ်ကြဲမင်းသားမြင့်မြတ်အပေါ် ပရိသတ်တွေရဲ့အကယ်ဒမီမျှော်မှန်းမှု အများဆုံးရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး(၂)ကား

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




DarDar-CeleGabar

Unicode ဖြင့်ဖတ်ပါ
★★★★★

နိုင်ငံကျော်ဒိတ်ဒိတ်ကြဲမင်းသား မြင့်မြတ်ကတော့ အနုပညာလောကထဲကိုဝင်ရောက်ခဲ့တာ ကြာပြီဖြစ်ပေမယ့် “အမှောင်တွေရွာချတဲ့မိုးတိမ်” ရုပ်ရှင်ဇာတ်ကားကြီးဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ရရှိခဲ့သူလည်းဖြစ်ပါတယ်။ သူကတော့ ကျရာဇာတ်ကောင်ကိုအကောင်းဆုံး ပုံဖော်ရာမှာ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တာကြောင့် သူ့ရဲ့ရုံတင်သမျှဇာတ်ကားတွေကတော့ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုရရှိထားပါသေးတယ်။

မြင့်မြတ်ကတော့ ဒီနှစ်ထဲမှာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာထွက်ရှိထားတာကြောင့် ပရိသတ်တွေမှ အကယ်ဒမီ ကြိုတင်ရင်ခုန်မှုမှာတော့ ဝေခွဲရခက်နေတာလည်းဖြစ်ပါတယ်။အဲဒီထဲကမှ ပရိသတ်တွေရဲ့ ထင်ကြေးပေးမှုများတဲ့ ရုပ်ရှင်ဇာတ်ကား(၂)ကားကတော့ “ချိုးရုပ်”နဲ့ “ရိုးမပေါ်ကြတဲ့မျက်ရည်” ရုပ်ရှင်ဇာတ်ကားကြီးတွေဖြစ်ပြီး “ချိုးရုပ်”ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ ဘဝပေးအခြေအနေကြောင့် ညဏ်ရည်မမီပေမယ့် အကိုကြီးဖြစ်သူရဲ့ ချစ်ခြင်းမေတ္တာတွေကြားက ဖြူစင်လွန်းတဲ့ ကောင်လေး ဖိုးရှုပ်လေးရဲ့ ဘဝကိုပရိသတ်တွေရဲ့ရင်ထဲရောက်အောင်အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။နောက်ထပ်ပရိသတ်တွေထင်ကြေးပေးတာအများဆုံးခံထားရတဲ့ “ရိုးမပေါ်ကြတဲ့ မျက်ရည်”ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ (၁၉၈၀)ဝန်းကျင်းက ပဲခူးရိုးမ ရှိန်းခါးရွာမှာ သွာရောက်သင်ကြားခဲ့တဲ့ ကျောင်းဆရာတစ်ယောက်ရဲ့ ဖြစ်ရပ်မှန် အနစ်နာခံကိုယ်ကျိုးစွန့်မှု ၊ လူသားဆန်မှုများကို ကျောင်းဆရာတင်မောင်ဝင်းနေရာမှ ပရိသတ်တွေကို အကောင်းဆုံးချပြနိုင်ခဲ့ပါတယ်။

CeleGabar ပရိသတ်ကြီးရေ ရုပ်ရှင်ဇာတ်ကားတစ်ကားလုံးကို ဦးဆောင်ပြီ ပရိသတ်ရင်ထဲရောက်အောင် အကောင်းဆုံးချပြနိုင်ဖို့ဆိုတာ မလွယ်ပေမယ့် နိုင်ငံကျော်ဒိတ်ဒိတ်ကြဲမင်းသား မြင့်မြတ်ကတော့ “ချိုးရုပ်”ရုပ်ရှင်ဇာတ်ကားကြီးထဲမှ ဖိုးရှုပ်၊ “ရိုးမပေါ်ကြတဲ့ မျက်ရည်”ရုပ်ရှင်ဇာတ်ကားကြီးထဲမှ ကျောင်းဆရာတင်မောင်ဝင်း အဖြစ်ပရိသတ်တွေရင်ထဲရောက်ခဲ့တာမို့ ပရိသတ်တွေကတော့ အကယ်ဒမီအတွက် မျှော်မှန်းနေကြတာလည်းဖြစ်ပါတယ်။

DarDar-CeleGabar