သွားကိုက်သွားယိုင်မဖြစ်တော့ပါ ..အသက်ကြီးရင်တောင် ပဲကြီးလှော်စားလို့ရအောင် သွားကောင်းစေတဲ့ ဆေးနည်း

Zawgyi ျဖင့္ဖတ္၇န္

လူအေတာ္မ်ားမ်ားၾကံဳေတြ႔ရေသာ ေ၀ဒနာမ်ားထဲတြင္ သြားကိုက္၊သြားနာႏွင့္သြားမခိုင္သြားေျခယိုင္စေသာသြားေရာဂါလည္းပါ၏။
ထိုသြားေရာဂါကား အသက္ၾကီးသည္ငယ္သည္လည္းမဆိုင္ပါ။ ႏွစ္စဥ္ႏွစ္တိုင္း သြားဆရာ၀န္ထံႏွစ္ၾကိမ္သံုးၾကိမ္သြားႀကရတတ္ ပါသည္။ ကြ်န္ေတာ္ကိုယ္တိုင္လည္းသြားခဲ႔ရဖူးပါသည္။

ကိုယ္တိုင္ အေတာ္စိတ္ပ်က္ဖြယ္ သြားေရာဂါခံစားေနရစဥ္ တိုင္းရင္းသမားေတာ္ၾကီး ဦးၾကြယ္မွ “မင္းယံုယံုၾကည္ၾကည္လုပ္ပါ ..
သြားေတြျပန္ခိုင္းရံုသာမကဘူး…အသက္ၾကီးရင္ေတာင္ ပဲၾကီးေလွာ္စား လို႔ရေအာင္ သြားေကာင္းေစတဲ႔ ေဆးေပးမည္” ဆိုကာ ေအာက္ပါေဆးနည္းအား ေပးခဲ႔ပါသည္။

ဆရာၾကီးေပးေသာေဆးနည္းမွာ
★★★
★★★★★★★
★★★★★★★★★★

ေက်ာက္ခ်ဥ္ (၁)က်ပ္သား
ငရုတ္ေကာင္းမွဳန္႔(၁)က်ပ္သား
မာလကာေစ႔ အေျခာက္မွဳန္႔(၃) က်ပ္သား

ထို္အမွဳန္႔သံုးမ်ိဳးကို ေရာစပ္ျပီး ေန႔စဥ္ နံနက္ည သြားတိုက္ေပးျခင္းျဖစ္ပါသည္။ ဆရာၾကီးမိန္႔မွာသည္မွာ “မင္းသြားကိုက္မွ ထမလုပ္နဲ႔ ေန႔တိုင္းသြားတစ္ၾကိမ္ေတာ့တိုက္ေပး၊ ေနာက္ျပီး သြားအေျခမခိုင္ရင္သြားအေျခမွာ ေဆးမွဳန္႔ကို သိပ္ေပး ေသခါနီးေတာင္ ပဲၾကီးေလွာ္၀ါးနိုင္မယ္မွတ္ဟု ခပ္ေနာက္ေနာက္ ”ေျပာဖူးပါသည္။
ယခုအခါ ကြ်န္ေတာ္အတြက္ သြားေရာဂါမျဖစ္ေတာ့ပါ။ သြားယိုင္နဲ႔ျခင္းလည္းမရွိေတာ့ပါ။

လိုသူယူသံုးေစတနာအျပံဳးျဖင့္ စိတ္ရႊင္လန္းၾကပါေစ
ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)

Unicodeဖြင့်ဖတ်ရန်
လူအတော်များများကြုံတွေ့ရသော ဝေဒနာများထဲတွင် သွားကိုက်၊သွားနာနှင့်သွားမခိုင်သွားခြေယိုင်စသောသွားရောဂါလည်းပါ၏။
ထိုသွားရောဂါကား အသက်ကြီးသည်ငယ်သည်လည်းမဆိုင်ပါ။ နှစ်စဉ်နှစ်တိုင်း သွားဆရာဝန်ထံနှစ်ကြိမ်သုံးကြိမ်သွားကြရတတ် ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်းသွားခဲ့ရဖူးပါသည်။

ကိုယ်တိုင် အတော်စိတ်ပျက်ဖွယ် သွားရောဂါခံစားနေရစဉ် တိုင်းရင်းသမားတော်ကြီး ဦးကြွယ်မှ “မင်းယုံယုံကြည်ကြည်လုပ်ပါ ..
သွားတွေပြန်ခိုင်းရုံသာမကဘူး…အသက်ကြီးရင်တောင် ပဲကြီးလှော်စား လို့ရအောင် သွားကောင်းစေတဲ့ ဆေးပေးမည်” ဆိုကာ အောက်ပါဆေးနည်းအား ပေးခဲ့ပါသည်။

ဆရာကြီးပေးသောဆေးနည်းမှာ
★★★
★★★★★★★
★★★★★★★★★★

ကျောက်ချဉ် (၁)ကျပ်သား
ငရုတ်ကောင်းမှုန့်(၁)ကျပ်သား
မာလကာစေ့ အခြောက်မှုန့်(၃) ကျပ်သား

ထိုအမှုန့်သုံးမျိုးကို ရောစပ်ပြီး နေ့စဉ် နံနက်ည သွားတိုက်ပေးခြင်းဖြစ်ပါသည်။ ဆရာကြီးမိန့်မှာသည်မှာ “မင်းသွားကိုက်မှ ထမလုပ်နဲ့ နေ့တိုင်းသွားတစ်ကြိမ်တော့တိုက်ပေး၊ နောက်ပြီး သွားအခြေမခိုင်ရင်သွားအခြေမှာ ဆေးမှုန့်ကို သိပ်ပေး သေခါနီးတောင် ပဲကြီးလှော်ဝါးနိုင်မယ်မှတ်ဟု ခပ်နောက်နောက် ”ပြောဖူးပါသည်။
ယခုအခါ ကျွန်တော်အတွက် သွားရောဂါမဖြစ်တော့ပါ။ သွားယိုင်နဲ့ခြင်းလည်းမရှိတော့ပါ။

လိုသူယူသုံးစေတနာအပြုံးဖြင့် စိတ်ရွှင်လန်းကြပါစေ
ရဲမျိုးသူ(ဗောဓိမြိုင်)