ဒီဇင်ဘာအားလပ်ရက်မှာ ခရီးအတူတူသွားနေကြတဲ့ လွှမ်းပိုင်နဲ့ Bobby Soxer

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






Rowena

Unicode ဖြင့်ဖတ်ပါ
★★★★★

လူငယ်ကြိုက်အဆိုတော်နှစ်ဦးဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer က ဂီတလောကမှာ အောင်မြင်မှုတွေကိုယ်စီရရှိနေတဲ့ ကြယ်ပွင့်လေးတွေပဲ ဖြစ်ပါတယ်။ အနုပညာလုပ်ငန်းတွေ အတူတူလုပ်ကိုင်ရုံသာမက စိတ်ရောကိုယ်ပါတူလွန်းတဲ့ လွှမ်းပိုင်နဲ့ Bobby Soxer က ဝါသနာတူ၊ အကြိုက်တူသူတွေ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သူတို့နှစ်ယောက်ရဲ့ အချစ်ရေးလေးက အခုဆိုရင် ဆယ်စုနှစ်တစ်စုတောင်ရှိပြီ ဖြစ်ပါတယ်။

ဘယ်သွားသွား ဘာလုပ်လုပ် တပူးပူးတတွဲတွဲ တွေ့ရတတ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ စုံတွဲလေးက အခု ဒီဇင်ဘာအားလပ်ရက်လေးမှာ ခရီးအတူတူ သွားနေကြတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် လွှမ်းပိုင်နဲ့ Bobby Soxer တို့ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

လွှမ်းပိုင်နဲ့ Bobby Soxer က ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်ကို အတူတူ သွားရောက်ခဲ့ကြတာဖြစ်ပြီး အခုလည်း ခရီးတစ်ခုကို အတူတူ သွားနေတာပဲ ဖြစ်ပါတယ်။

လွှမ်းပိုင်က လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေရိုက်ကူးနေပြီး သီချင်းအသစ်တွေလည်း တစ်လတစ်ပုဒ် ထွက်ရှိနေတာ ဖြစ်ပါတယ်။ Bobby Soxer ကတော့ အနုပညာလုပ်ငန်းတွေ အရင်လောက်မလုပ်ကိုင်တော့ပဲ ချစ်သူအနားမှာသာနေပြီး လိုအပ်ချက်တွေကို ဖြည့်စည်းပေးနေတာ ဖြစ်ပါတယ်။

လွှမ်းပိုင်နဲ့ Bobby Soxer တို့စုံတွဲလေးကတော့ အမြဲတမ်း အထာကျနေတာပဲနော်။ ပရိသတ်ကြီးလည်း လွှမ်းပိုင်နဲ့ Bobby Soxer တို့ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Hlwan Paing & Bobby Soxer’s fb