နှလုံးသားနဲ့ နင့်နေအောင်ခံစားပြီး ရိုက်ကူးခဲ့ရတဲ့ ဇာတ်လမ်းအကြောင်း ရင်ဖွင့်လာတဲ့ နေတိုး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

နေတိုးကတော့ အမျိုးသားဇာတ်ဆောင်ဆု (၃)ဆုကိုရရှိပိုင်ဆိုင်ထားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကိုပီပီပြင်ပြင်နဲ့အကောင်းဆုံးလုပ်ဆောင်တတ်တဲ့သူလို့ ဆိုရမှာပါ။ လက်ရှိမှာလည်း နေတိုးရဲ့ ဇာတ်ကားတွေဟာ တစ်ချိန်မှာ ရုံတင်ပြသနေတာပါ။ ပရိသတ်တွေကလည်း ဇာတ်ကားတိုင်းကို မလွတ်တမ်းအားပေးရလောက်တဲ့ထိ ပါပဲတဲ့နော်။

လက်ရှိရုံတင်နေတဲ့ ဇာတ်ကားတွေထဲက ” ချည် ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ ဇာတ်ကားတစ်ကားလို့ ဆိုရမှာပါ။ ” ချည် ” ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး နေတိုးကလည်း ” ဇာတ်ညွှန်းဖတ်ပြီးကတည်းကချစ်ခြင်းတရားရဲ့ထူးခြားတဲ့ရသနဲ့အတူနင့်နေအောင်နှလုံးသားကိုချည်နှောင်ထားခဲ့တဲ့ချည်ပါ ကျွန်တော့်ခံစားချက်နဲ့ထပ်တူဖြစ်ကြတယ်ဆိုရင်ပဲ ကျွန်တော်တို့အားလုံးကြိုးစားရကျိုးနပ်ပါပြီလေ

ထူးခြားတဲ့ခံစားမှုတွေကိုအမြဲတမ်းပေးဆပ်ကြိုးစားခွင့်ရချင်နေသူပရိသတ်များအတွက်ထာဝရ..နေတိုး ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခြ့တာပဲ ဖြစ်ပါတယ်။

နေတိုးပါဝင်ထားတဲ့ ” ချည်” ရုပ်ရှင်ဇာတ်ကားကလည်း အခုနှစ်အကယ်ဒမီ ဆန်ကာတင် စာရင်းထဲမှာပါဝင်လာမယ့် ဇာတ်ကားတစ်ကားလို့ ပရိသတ်တွေ မှတ်ချက်ပေးနေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ” ချည် ” ရုပ်ရှင်ဇာတ်ကားကို သွားရောက်ကြည့်ရှူပြီးပြီလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။