ကိုယ်နဲ့ မလိုက်ဘူးထင်တဲ့ကာရိုက်တာမျိုးကို သရုပ်ဆောင်ချင်တယ်ဆိုတဲ့ နန်းစန္ဒာလှထွန်း

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

သူမရဲ႕ တစ္ႏွစ္တာအေတြ႕အႀကဳံေတြကို ေျပာျပလာပါတယ္။ နန္းစႏၵာလွထြန္းက အႏုပညာနဲ႔ပတ္သက္လာရင္ မလိုက္ဖက္ဘူးလို႔ထင္တဲ့ ကာ႐ိုက္တာအတြက္ ႀကိဳးစားခ်င္တဲ့ စိတ္ရွိတယ္လို႔ ဆိုပါတယ္။ သူမကိုယ္တိုင္ကလည္း တစ္ႏွစ္ၿပီးတစ္ႏွစ္ ႀကဳံေတြ႕လာခဲ့ရတဲ့ အရာေတြကို ရင္ဖြင့္ေျပာျပလာပါတယ္။

သ႐ုပ္ေဆာင္ နန္းစႏၵာလွထြန္းကေတာ့ သူမအတြက္ ႏွစ္တစ္ႏွစ္ျဖတ္သန္းမႈတိုင္းက အေၾကာင္းအရာအမ်ိဳးမ်ိဳးေတြနဲ႔ ျဖတ္သန္းခဲ့ရတယ္လို႔ ဆိုပါတယ္။ ၂၀၁၉ ခုႏွစ္မွာလည္း သူျဖတ္သန္းခဲ့ရတဲ့ အေတြ႕အႀကဳံေတြကို မီဒီယာ အင္တာဗ်ဴးကေန ေျဖဆိုခဲ့ပါတယ္။၂၀၁၉ဆိုတာ ေပ်ာ္႐ႊင္မႈ၊ ဝမ္းနည္းမႈေတြရွိခဲ့တယ္။ အလုပ္နဲ႔ပတ္သက္တာေရာ၊ Parsonal နဲ႔ပတ္သက္တာေရာ အစုံပါပဲ။ အၿမဲတမ္းေကာင္းေနတာေတာ့ ဘယ္ရွိမလဲ၊ အေကာင္းအဆိုးက ဒြန္တြဲေနတာဆိုေတာ့ ဒီႏွစ္ထဲမွာ ရသမ်ိဳးစုံ ခံစားခဲ့ရတယ္။ အဲဒီကေနလည္း သင္ခန္းစာေတြလည္း အမ်ားႀကီးရခဲ့ပါတယ္။ ခ်စ္သူလည္း မရွိပါဘူး အခုမွ ငယ္ငယ္ေလးရွိေသးတာကို” လို႔ဆိုပါတယ္။

၂၀၂၀ ခုႏွစ္မွာေတာ့ အႏုပညာအလုပ္ေတြနဲ႔ ပတ္သက္ၿပီး ထူးထူးျခားျခားလုပ္ခ်င္တာေတြရွိတယ္လို႔ နန္းစႏၵာလွထြန္းက ရင္ဖြင့္ေျပာျပခဲ့ပါတယ္။ ၂၀၂၀မွာ ပိုၿပီးေတာ့ ေအးေအးေဆးေဆးျဖစ္တဲ့ ဘဝကို ျဖတ္သန္းခ်င္တယ္။ အခုလည္း ေအးေအးေဆးေဆးပါပဲ။ ၿပီးေတာ့ ကိုယ္နဲ႔မလိုက္ဘူးလို႔ထင္တဲ့ ကာ႐ိုက္တာမ်ိဳးကို ႐ိုက္ခ်င္တယ္။ ညီမလုံးဝ မ႐ိုက္ရေသးတဲ့ ကာ႐ိုက္တာရွိတယ္ ဗီလိန္ ပုံစံေပါ့။ ဗီလိန္ ဆန္ဆန္ ကာ႐ိုက္တာမ်ိဳးေလး ေတြလည္း႐ိုက္ခ်င္တယ္” ဆိုၿပီးေတာ့ ဒီဇင္ဘာလ ၂၄ ရက္ေန႔က ေၾကာက္ေၾကာက္ေၾကာက္ ၂ ႐ုပ္ရွင္ကားႀကီး အထူးျပပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

နန္းစႏၵာလွထြန္းဟာ သူ ဝါသနာပါတဲ့ အႏုပညာအလုပ္ကို လုပ္ေနရတာျဖစ္လို႔ ေပ်ာ္ပါတယ္တဲ့။ ရည္မွန္းခ်က္ႀကီးတဲ့ သူမအတြက္ေတာ့ အၿမဲတမ္းႀကိဳးစားသြားဦးမွာပါလို႔ သူကေျပာပါတယ္။“ သူမ်ားက ကိုယ့္ကိုမလိုက္ဘူးလို႔ထင္ထားတဲ့ဟာကို ကိုယ္ကပိုႀကိဳးစားခ်င္တာ။ ဥပမာ ပုံစံ သမ႐ိုးက်ႀကီးေတာ့ သြားလို႔မရဘူး။ နန္း ပုံစံက ဗီလိန္ဇာတ္႐ုပ္ႀကီးနဲ႔ မလိုက္ဖက္လို႔ ဒီကာ႐ိုက္တာ မ႐ိုက္ရဘူး ဆိုတာမ်ိဳး မျဖစ္ဘူး။ ကိုယ့္ရဲ႕ ပုံစံနဲ႔လိုက္တဲ့ ဗီလိန္မ်ိဳး ကိုယ္လုပ္လိုက္မယ္။

အဲဒီဟာကို ေျပာခ်င္တာ” လို႔ သူကဆိုပါတယ္။နန္းစႏၵာလွထြန္းဟာ Miss Myanmar world 2015 2nd Runner up ရရွိထားသူလည္း ျဖစ္ပါတယ္။အခု ဆိုရင္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ႐ိုက္ကူးေနၿပီ ျဖစ္ပါတယ္။ သူမဟာ သ႐ုပ္ေဆာင္နဲ႔ ပတ္သက္ၿပီး ကိုယ့္ကိုယ္ကိုယ္ အၿမဲတမ္းႀကိဳးစားေနတာျဖစ္သလို စီနီယာေကာင္းေတြရဲ႕ လက္တြဲေခၚယူျခင္းကိုလည္း ခံရတယ္လို႔ဆိုပါတယ္။ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ၊ ႐ုပ္သံဇာတ္လမ္းတြဲေတြလည္း႐ိုက္ကူးေနရတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ပါ။

Unicode ဖြင့်ဖတ်ပါ
★★★★★

သူမရဲ့ တစ်နှစ်တာအတွေ့အကြုံတွေကို ပြောပြလာပါတယ်။ နန်းစန္ဒာလှထွန်းက အနုပညာနဲ့ပတ်သက်လာရင် မလိုက်ဖက်ဘူးလို့ထင်တဲ့ ကာရိုက်တာအတွက် ကြိုးစားချင်တဲ့ စိတ်ရှိတယ်လို့ ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း တစ်နှစ်ပြီးတစ်နှစ် ကြုံတွေ့လာခဲ့ရတဲ့ အရာတွေကို ရင်ဖွင့်ပြောပြလာပါတယ်။

သရုပ်ဆောင် နန်းစန္ဒာလှထွန်းကတော့ သူမအတွက် နှစ်တစ်နှစ်ဖြတ်သန်းမှုတိုင်းက အကြောင်းအရာအမျိုးမျိုးတွေနဲ့ ဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။ ၂၀၁၉ ခုနှစ်မှာလည်း သူဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို မီဒီယာ အင်တာဗျူးကနေ ဖြေဆိုခဲ့ပါတယ်။၂၀၁၉ဆိုတာ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေရှိခဲ့တယ်။ အလုပ်နဲ့ပတ်သက်တာရော၊ Parsonal နဲ့ပတ်သက်တာရော အစုံပါပဲ။ အမြဲတမ်းကောင်းနေတာတော့ ဘယ်ရှိမလဲ၊ အကောင်းအဆိုးက ဒွန်တွဲနေတာဆိုတော့ ဒီနှစ်ထဲမှာ ရသမျိုးစုံ ခံစားခဲ့ရတယ်။ အဲဒီကနေလည်း သင်ခန်းစာတွေလည်း အများကြီးရခဲ့ပါတယ်။ ချစ်သူလည်း မရှိပါဘူး အခုမှ ငယ်ငယ်လေးရှိသေးတာကို” လို့ဆိုပါတယ်။

၂၀၂၀ ခုနှစ်မှာတော့ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ထူးထူးခြားခြားလုပ်ချင်တာတွေရှိတယ်လို့ နန်းစန္ဒာလှထွန်းက ရင်ဖွင့်ပြောပြခဲ့ပါတယ်။ ၂၀၂၀မှာ ပိုပြီးတော့ အေးအေးဆေးဆေးဖြစ်တဲ့ ဘဝကို ဖြတ်သန်းချင်တယ်။ အခုလည်း အေးအေးဆေးဆေးပါပဲ။ ပြီးတော့ ကိုယ်နဲ့မလိုက်ဘူးလို့ထင်တဲ့ ကာရိုက်တာမျိုးကို ရိုက်ချင်တယ်။ ညီမလုံးဝ မရိုက်ရသေးတဲ့ ကာရိုက်တာရှိတယ် ဗီလိန် ပုံစံပေါ့။ ဗီလိန် ဆန်ဆန် ကာရိုက်တာမျိုးလေး တွေလည်းရိုက်ချင်တယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၂၄ ရက်နေ့က ကြောက်ကြောက်ကြောက် ၂ ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

နန်းစန္ဒာလှထွန်းဟာ သူ ဝါသနာပါတဲ့ အနုပညာအလုပ်ကို လုပ်နေရတာဖြစ်လို့ ပျော်ပါတယ်တဲ့။ ရည်မှန်းချက်ကြီးတဲ့ သူမအတွက်တော့ အမြဲတမ်းကြိုးစားသွားဦးမှာပါလို့ သူကပြောပါတယ်။“ သူများက ကိုယ့်ကိုမလိုက်ဘူးလို့ထင်ထားတဲ့ဟာကို ကိုယ်ကပိုကြိုးစားချင်တာ။ ဥပမာ ပုံစံ သမရိုးကျကြီးတော့ သွားလို့မရဘူး။ နန်း ပုံစံက ဗီလိန်ဇာတ်ရုပ်ကြီးနဲ့ မလိုက်ဖက်လို့ ဒီကာရိုက်တာ မရိုက်ရဘူး ဆိုတာမျိုး မဖြစ်ဘူး။ ကိုယ့်ရဲ့ ပုံစံနဲ့လိုက်တဲ့ ဗီလိန်မျိုး ကိုယ်လုပ်လိုက်မယ်။

အဲဒီဟာကို ပြောချင်တာ” လို့ သူကဆိုပါတယ်။နန်းစန္ဒာလှထွန်းဟာ Miss Myanmar world 2015 2nd Runner up ရရှိထားသူလည်း ဖြစ်ပါတယ်။အခု ဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းကြိုးစားနေတာဖြစ်သလို စီနီယာကောင်းတွေရဲ့ လက်တွဲခေါ်ယူခြင်းကိုလည်း ခံရတယ်လို့ဆိုပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေလည်းရိုက်ကူးနေရတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။