ဆေးစွမ်းထက်သော ပျားသံပုရာ ရေနွေးကြမ်း ပြုလုပ်နည်း
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
ခရက်ဒစ်ရွှေချစ်သူ
Unicode ဖြင့်ဖတ်ပါ
★★★★★
ပျားရည်နှင့် သံပုရာသီးတို့ကို ရေနွေးနှင့်အတူ စိမ်ထားပြီး ၎င်းရေကိုသောက်သုံးပါက တစ်နေ့လုံးလန်းဆန်းစေပြီး အမောပြေစေနိုင်ပါတယ်။ သံပုရာသီးမှာပါဝင်တဲ့ အက်စစ်ဓါတ်ကြောင့် ခေါင်းမူးခေါင်းကိုက်များကိုလည်း ပျောက်စေပါတယ်။
အခွံမှာပါဝင်တဲ့ အခါးဓါတ်နဲ့ ပျားရည်တို့ကြောင့် ခန္ဓာကိုယ်မှာပိုလျှံနေတဲ့ အဆီဓါတ်များကို လျှော့ချပေးနိုင်ပါသည်။ သွေးတိုးရောဂါကိုလည်း လျှော့ချပေးနိုင်ပါတယ်။
အဆိပ်အတောက်များကိုလည်း ပြေပျောက်စေသည့်အတွက် သွေး၊ လေ၊ ဝမ်းမှန်စေပြီး အသားအရေကိုလည်း စိုပြေဝင်းပလာစေပါတယ်။
ပျားသံပုရာ ရေနွေးကြမ်း လုပ်နည်း
၁။ သံပုရာသီးကို အလုံးလိုက် ဆားနဲ့ပွတ်ပြီး ရေဆေးလိုက်ပါ။
၂။ သံပုရာသီး တစ်လုံးကို ၄ ကွင်းရအောင် ပုံထဲကအတိုင်း လှီးလိုက်ပါ။
၃။ ရေနွေးခွက် တစ်ခုထဲသို့ ထည့်ပါ။
၄။ ပျားရည် လက်ဖက်ဇွန်း ၂ ဇွန်းခန့် ထည့်ပါ။
၅။ ရေနွေး လောင်းထည့်၍ အဖုံး အုပ်ထားပါ။
နာရီဝက်ခန့်နှပ်ထားပြီးလျှင် ၎င်းရေကျက်အေးကို သောက်နိုင်ပါပြီ။ အရသာက ချဉ်ခါးလေးဖြစ်နေမည်။ အခါး မသောက်နိုင်ပါက ပျားရည်အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။ သကြားမထည့်ရပါ။ ပထမတစ်ရေကုန်သွားလျှင် အချဉ်ဓါတ်နှင့် အခါးဓါတ်
မကုန်သေးလျှင် နောက်ထပ်တစ်ရေထပ်ထည့်ပြီး ပြန်နှပ်ထားနိုင်ပါတယ်။ သံပုရာသီးတစ်လုံးကို ရေနွေး ၃ ခါလောက်စိမ်ပြီး သောက်နိုင်ပါတယ်။ သံပုယိုသီးကိုလည်း အလားတူသုံးနိုင်ပါတယ်။ အနောက်တိုင်းမှာတော့ သံပုယိုသီးကို ပိုမိုသုံးစွဲကြပါတယ်။
ခရက်ဒစ်ရွှေချစ်သူ