ဆေးဖက်ဝင် သင်္ဘောမဲဇလီပင်၏ ကျန်းမာရေးကောင်းကျိုးများ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အာနိသင္။  ။ျမန္မာေဆးက်မ္းမ်ားအလိုအရ သေဘၤာမဲဇလီအေစ့သည္ ဖန္၏။ ေလကို ပယ္တတ္၏။ ယားယံျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ပန္းနာ၊ ေပြးနာ၊ အေရျပား ေရာဂါတို႔ကို ေပ်ာက္ကင္းေစ၏။ ေရာဂါ ျဖစ္ေစတတ္ေသာ ပိုးကို ေသေစႏိုင္၏။ ပၪၥငါးပါးသည္ ဝမ္းသက္ေစ၍ သလိပ္ကို ပယ္၏။ ဆီးမ်ားေစ၏။ ႏူနာ ကို ေပ်ာက္ကင္းေစႏိုင္သည္။

-အသုံးဝင္ပုံ။ ။ အျမစ္၊ အပြင့္၊ အ႐ြက္။

-အျမစ္အသုံးျပဳပုံ။ ။ လက္ခ်ားမႈန႔္ ႏွင့္ ဖန္ခါးသီးမႈန႔္ကို မဲဇလီျမစ္ ေသြးရည္ႏွင့္ ေဖ်ာ္လိမ္းက ေပြးနာေပ်ာက္၏။

-အပြင့္အသုံးျပဳပုံ။ ။ အပြင့္ကို ညက္ညက္ႀကိတ္၍ လိမ္းေသာ္ အေရျပားေရာဂါ ေပ်ာက္၏။


-အ႐ြက္အသုံးျပဳပုံ

၁။ အ႐ြက္မႈန႔္ကို ပ်ားရည္ ႏွင့္ ေတ၍ လ်က္ေသာ္ ေသြးသားစင္ၾကယ္၍ အသားအေရ ဝၿဖိဳးၿပီးအားအင္တိုးေစ၏။

၂။ အ႐ြက္ျဖင့္ ေပြး၊ ဝဲ၊ ႏွင္းခူ စေသာ အေရျပားေရာဂါမ်ားကို ေန႔၌ ၂ ႀကိမ္ မွန္မွန္ ရက္အတန္ၾကာ ပြတ္ေပးေသာ္ ေပ်ာက္၏။

၃။ အ႐ြက္ကို ႀကိတ္၍ အဆိပ္ရွိေသာ သတၱဝါမ်ားကိုက္ေသာ ေနရာသို႔ အုံေပးေသာ္ အဆိပ္ေျပ၏။

၄။ အ႐ြက္ႀကိတ္ညႇစ္ရည္ျဖင့္ လူပ်ိဳနာမ်ားေပၚတြင္ လိမ္းေပးက ေပ်ာက္၏။

၅။ အ႐ြက္ကို က်က်ျပဳတ္၍ ခပ္ေႏြးေႏြး အုံေပးေသာ္ ခံတြင္း၌ အနာအဖုမ်ား ေပါက္ျခင္း၊ ေရာင္ရမ္းျခင္းမ်ားေပ်ာက္၏။

၆။ ၎အ႐ြက္ႏွင့္ မုရားႀကီး႐ြက္ ေရာ၍ ၿမဳံ႔ျခင္း၊ အရည္ကို မ်ိဳေပးျခင္းျဖင့္ ေခ်ာင္းေျခာက္ ေရာဂါ ေပ်ာက္၏။

၇။ အ႐ြက္ကို သံပရာရည္ ႏွင့္ ႀကိတ္၍ လိမ္းျခင္း၊ ယင္းျပဳတ္ရည္ႏွင့္ ဖန္ရည္ေဆးေပးျခင္းျဖင့္ ႏွင္းခူႀကီးနာ ေပ်ာက္၏။

၈။ အ႐ြက္ကို ေထာင္း၍ တမာ႐ြက္ရည္ ႏွင့္ လိမ္းက်ံ ေပးေသာ္ ဝဲနာ၊ ႏူနာမ်ား ေပ်ာက္ကင္း၏။

၉။ အဖူးႏွင့္ အ႐ြက္ကို ျပဳတ္ေသာက္ပါက အသက္ရွဴ ႁပြန္ေခ်ာင္းေရာင္ေသာေရာဂါ ႏွင့္ ပန္းနာ ေရာဂါကို သက္သာေစ၍ ဝမ္းကို သက္ေစၿပီး ဆီးကို မ်ားေစသည္။ သလိပ္ကိုလည္း က်ေစႏိုင္၏။

ျမန္မာေဆးစြမ္းေကာင္းမ်ား

Unicode ဖြင့်ဖတ်ပါ
★★★★★

အာနိသင်။  ။မြန်မာဆေးကျမ်းများအလိုအရ သင်္ဘောမဲဇလီအစေ့သည် ဖန်၏။ လေကို ပယ်တတ်၏။ ယားယံခြင်း၊ ချောင်းဆိုးခြင်း၊ ပန်းနာ၊ ပွေးနာ၊ အရေပြား ရောဂါတို့ကို ပျောက်ကင်းစေ၏။ ရောဂါ ဖြစ်စေတတ်သော ပိုးကို သေစေနိုင်၏။ ပဉ္စငါးပါးသည် ဝမ်းသက်စေ၍ သလိပ်ကို ပယ်၏။ ဆီးများစေ၏။ နူနာ ကို ပျောက်ကင်းစေနိုင်သည်။

-အသုံးဝင်ပုံ။ ။ အမြစ်၊ အပွင့်၊ အရွက်။

-အမြစ်အသုံးပြုပုံ။ ။ လက်ချားမှုန့် နှင့် ဖန်ခါးသီးမှုန့်ကို မဲဇလီမြစ် သွေးရည်နှင့် ဖျော်လိမ်းက ပွေးနာပျောက်၏။

-အပွင့်အသုံးပြုပုံ။ ။ အပွင့်ကို ညက်ညက်ကြိတ်၍ လိမ်းသော် အရေပြားရောဂါ ပျောက်၏။

-အရွက်အသုံးပြုပုံ

၁။ အရွက်မှုန့်ကို ပျားရည် နှင့် တေ၍ လျက်သော် သွေးသားစင်ကြယ်၍ အသားအရေ ဝဖြိုးပြီးအားအင်တိုးစေ၏။

၂။ အရွက်ဖြင့် ပွေး၊ ဝဲ၊ နှင်းခူ စသော အရေပြားရောဂါများကို နေ့၌ ၂ ကြိမ် မှန်မှန် ရက်အတန်ကြာ ပွတ်ပေးသော် ပျောက်၏။

၃။ အရွက်ကို ကြိတ်၍ အဆိပ်ရှိသော သတ္တဝါများကိုက်သော နေရာသို့ အုံပေးသော် အဆိပ်ပြေ၏။

၄။ အရွက်ကြိတ်ညှစ်ရည်ဖြင့် လူပျိုနာများပေါ်တွင် လိမ်းပေးက ပျောက်၏။

၅။ အရွက်ကို ကျကျပြုတ်၍ ခပ်နွေးနွေး အုံပေးသော် ခံတွင်း၌ အနာအဖုများ ပေါက်ခြင်း၊ ရောင်ရမ်းခြင်းများပျောက်၏။

၆။ ၎င်းအရွက်နှင့် မုရားကြီးရွက် ရော၍ မြုံ့ခြင်း၊ အရည်ကို မျိုပေးခြင်းဖြင့် ချောင်းခြောက် ရောဂါ ပျောက်၏။

၇။ အရွက်ကို သံပရာရည် နှင့် ကြိတ်၍ လိမ်းခြင်း၊ ယင်းပြုတ်ရည်နှင့် ဖန်ရည်ဆေးပေးခြင်းဖြင့် နှင်းခူကြီးနာ ပျောက်၏။

၈။ အရွက်ကို ထောင်း၍ တမာရွက်ရည် နှင့် လိမ်းကျံ ပေးသော် ဝဲနာ၊ နူနာများ ပျောက်ကင်း၏။

၉။ အဖူးနှင့် အရွက်ကို ပြုတ်သောက်ပါက အသက်ရှူ ပြွန်ချောင်းရောင်သောရောဂါ နှင့် ပန်းနာ ရောဂါကို သက်သာစေ၍ ဝမ်းကို သက်စေပြီး ဆီးကို များစေသည်။ သလိပ်ကိုလည်း ကျစေနိုင်၏။

မြန်မာဆေးစွမ်းကောင်းများ