သားလေးသိဒ္ဓိစစ်အားပေးတဲ့ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲဝင်ကို ပြောပြလာတဲ့ မယ်လိုဒီ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ေမေမမယ္လိုဒီကေတာ့ သားေလး သိဒၶိစစ္တစ္ေယာက္ ျမန္မာအိုင္ေဒါလ္ျပိဳင္ပြဲကို အားေပးေၾကာင္းနဲ႔ သူအားေပးတဲ႔ ျပိဳင္ပြဲဝင္ေလးရဲ႕အေၾကာင္းကို ေျပာျပလာတာ ေတြ႔ရပါတယ္ မယ္လိုဒီက သူမကိုယ္တိုင္ေတာင္ ျမန္မာအုိင္ေဒါလ္ကိုပံုမွန္မၾကည့္ျဖစ္ေပမယ့္ သားသားက အျမဲၾကည့္ေၾကာင္း၊ သားသားအရမ္းၾကိဳက္တဲ႔ ျပိဳင္ပြဲဝင္က အက္စတာျဖစ္ေၾကာင္း ေျပာျပခဲ႔တာ ျဖစ္ပါတယ္။ အက္စတာကို ဘယ္လို Vote ေပးရမလဲ ေမေမလို႔ ေမးဖူးေၾကာင္းလည္း မယ္လိုဒီက ဆိုပါတယ္။

မယ္လိုဒီအားေပးတဲ႔ ျမန္မာအုိင္ေဒါလ္ျပိဳင္ပြဲဝင္ေတြက အက္စတာနဲ႔ ေအးျမျဖဴျဖစ္ျပီး သူမသားေလးကေတာ့ အက္စတာနဲ႔ မူးလာကို ၾကိဳက္ေၾကာင္း မယ္လိုဒီက ေျပာပါတယ္ သိဒၶိစစ္ေလးက အက္စတာနဲ႔ မူးလာရဲ႕ Voting နံပါတ္ေတြကိုေတာင္သိေနတာပါတဲ႔ေနာ္။ ျပီးေတာ့ သူက ငယ္ငယ္တည္းက ဝိုင္းစုခိုင္သိန္း သီခ်င္းေတြနဲ႔ အိပ္ေလ့ရွိတာျဖစ္ျပီး ေက်ာ္ထက္ေအာင္၊ နီနီခင္ေဇာ္ ဝိုင္းစုခိုင္သိန္း နဲ႔ ခင္စုစုႏုိင္ တို႔ကိုၾကိဳက္ႏွစ္သက္ အားေပးသူေလးျဖစ္တယ္လို႔လည္း သိရပါတယ္။

ကဲ ေမေမ့လိုပဲ အႏုပညာပိုးအျပည့္အဝပါတဲ႔ သားေလး သိဒၶိစစ္ကေတာ့ ၾကီးလာရင္ မင္းသားျဖစ္ဖို႔က ရာခုိင္ႏႈန္းမ်ားေနပါျပီေနာ္။

CRD– YLLT(Cele Star)

Unicode ဖြင့်ဖတ်ပါ
★★★★★

မေမေမယ်လိုဒီကတော့ သားလေး သိဒ္ဓိစစ်တစ်ယောက် မြန်မာအိုင်ဒေါလ်ပြိုင်ပွဲကို အားပေးကြောင်းနဲ့ သူအားပေးတဲ့ ပြိုင်ပွဲဝင်လေးရဲ့အကြောင်းကို ပြောပြလာတာ တွေ့ရပါတယ် မယ်လိုဒီက သူမကိုယ်တိုင်တောင် မြန်မာအိုင်ဒေါလ်ကိုပုံမှန်မကြည့်ဖြစ်ပေမယ့် သားသားက အမြဲကြည့်ကြောင်း၊ သားသားအရမ်းကြိုက်တဲ့ ပြိုင်ပွဲဝင်က အက်စတာဖြစ်ကြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။ အက်စတာကို ဘယ်လို Vote ပေးရမလဲ မေမေလို့ မေးဖူးကြောင်းလည်း မယ်လိုဒီက ဆိုပါတယ်။

မယ်လိုဒီအားပေးတဲ့ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲဝင်တွေက အက်စတာနဲ့ အေးမြဖြူဖြစ်ပြီး သူမသားလေးကတော့ အက်စတာနဲ့ မူးလာကို ကြိုက်ကြောင်း မယ်လိုဒီက ပြောပါတယ် သိဒ္ဓိစစ်လေးက အက်စတာနဲ့ မူးလာရဲ့ Voting နံပါတ်တွေကိုတောင်သိနေတာပါတဲ့နော်။ ပြီးတော့ သူက ငယ်ငယ်တည်းက ဝိုင်းစုခိုင်သိန်း သီချင်းတွေနဲ့ အိပ်လေ့ရှိတာဖြစ်ပြီး ကျော်ထက်အောင်၊ နီနီခင်ဇော် ဝိုင်းစုခိုင်သိန်း နဲ့ ခင်စုစုနိုင် တို့ကိုကြိုက်နှစ်သက် အားပေးသူလေးဖြစ်တယ်လို့လည်း သိရပါတယ်။

ကဲ မေမေ့လိုပဲ အနုပညာပိုးအပြည့်အဝပါတဲ့ သားလေး သိဒ္ဓိစစ်ကတော့ ကြီးလာရင် မင်းသားဖြစ်ဖို့က ရာခိုင်နှုန်းများနေပါပြီနော်။