ငွေဆယ်သိန်းနဲ့ လာကန်တော့တဲ့ ရဲနောင်ကို နှစ်သစ်မှာ အောင်မြင်တိုးတက်ဖို့ ဆုတောင်းပေးလိုက်တဲ့ ပိုးမီ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Poe Mi’s fb,CRD-Rowena

Unicode ဖြင့်ဖတ်ပါ
★★★★★

အဆိုတော် ပိုးမီဟာဆိုရင် Myanmar Idol Season 2 မှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း သူမရဲ့ ကြည်လင်ပြတ်သားတဲ့ အသံချိုလေးကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးချစ်ခင်မှုကို လက်ခံရရှိထားခဲ့ရတာပဲဖြစ်ပါတယ်။ပိုးမီနဲ့ Myanmar Idol Season 2 မှာ အတူတူပါဝင်ခဲ့တဲ့ ရဲနောင်ကလည်း ပိုးမီနဲ့ တော်တော်လေး ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။ နွေးထွေးပြီး တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်တဲ့ ပိုးမီနဲ့ ရဲနောင်တို့ သူငယ်ချင်းနှစ်ယောက်ကို ပရိသတ်တွေကလည်း သဘောကျကြပါတယ်။

ပိုးမီနဲ့ ရဲနောင်တို့ သူငယ်ချင်းနှစ်ယောက်က ဒီနှစ် Myanmar Idol Season 4 မှာ Winner ဟာ မိန်းကလေးဖြစ်မလား ယောကျာ်းလေးဖြစ်မလားဆိုပြီး ငွေဆယ်သိန်းနဲ့ လောင်းကြေးစားကြေး လုပ်ခဲ့ကြပါတယ်။နောက်ဆုံးမှာ Winner က မိန်းကလေးဖြစ်နေခဲ့တာကြောင့် ရဲနောင်က ပိုးမီကို ငွေဆယ်သိန်းနဲ့ ပိုးမီရဲ့အိမ်ထိ သွားရောက် အရှုံးပေးခဲ့ရပါတယ်။

Lပိုးမီက “စိတ်တောင် မကောင်းဘူးးး မောင်ရဲနူလေးရယ်. ခုလို ဆယ်သိန်းနဲ့ အိမ်တိုင်ရာရောက်လာကန်တော့တဲ့အတွက် နှစ်သစ်မှာ ခုထက်ပိုပြီး အောင်မြင်တိုးတက်ပါစေ ခ်ခ်.နာက်နှစ် season 5 မှာ ထပ်လောင်းကြမယ် ဟီးးဟီးးး” ဆိုပြီး စနောက်ထားပါတယ်။ ပိုးမီကတော့ ရဲနောင်ကို အနိုင်ရပြီး လေတိုက်နေတယ်လို့ သိရပါတယ်။ ပရိသတ်ကြီးလည်း ပိုးမီနဲ့ ရဲနောင်တို့ သူငယ်ချင်းနှစ်ယောက်အဖြစ်ကို သဘောကျနေကြမယ် ထင်ပါတယ်နော်။