ကြည်နူးပျော်ရွှင်စရာကောင်းလွန်းတဲ့ သဇင်ထူးမြင့်ရဲ့မွေးနေ့အလှူလေး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Photi Credit – Khin Hlaing’s Facebook & Thazin Htoo Myint’s Facebook,CRD- Myanmarload

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်ကြီးရေ.. အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်မျိုးဆက်သစ်တွေထဲမှာ ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားသူလေးကတော့ ဝါရင့်သရုပ်ဆောင်ခင်လှိုင်ရဲ့ ချစ်စရာသမီးချောလေး သဇင်ထူးမြင့်ကလည်း အပါအဝင်ပါပဲ..။ ချစ်စရာကောင်းတဲ့ဟန်ပန်လေးတွေနဲ့ အားလုံးရဲ့ရင်ထဲနေရာယူထားတဲ့ သဇင်ထူးမြင့်ကတော့ ယောက်ျားလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးချစ်ခင်ကြသလို မိန်းကလေးပရိသတ်တွေကပါ အားပေးဝန်းရံကြသူလေးပဲ ဖြစ်ပါတယ်နော်..။

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီဖြစ်တဲ့ သဇင်ထူးမြင့်ကတော့ ဒီကနေ့ ဒီဇင်ဘာ(၃၁)ရက်နေ့မှာပဲ အသက်(၂၀) ပြည့် မွေးနေ့အလှူလေး ပြုလုပ်ခဲ့ပါတယ်နော်..။ ပရိသတ်တွေရဲ့ အသည်းကျော်လေးသူမကတော့ မွေးနေ့အလှူလေးအဖြစ် အာရုဏ်ဆွမ်းကပ်အလှူလေးပြုလုပ်ပြီး နေအိမ်မှာ ဒံပေါက်၊ အအေးနဲ့ရေခဲမုန့်တွေကို စတုဒီသာ ကျွေးမွေးလှူဒါန်းခဲ့ပါတယ်နော်..။

ကြည်နူးပျော်စရာ မွေးနေ့ရက်လေးကို ချစ်ရတဲ့မိသားစုတွေအပြင် သူငယ်ချင်းတွေနဲ့အတူ ပြုလုပ်ခဲ့ပြီး မွေးနေ့လေးကို ဖြတ်သန်းနေကာ အမှတ်တရပုံရိပ်လေးတွေကိုလည်း မျှဝေထားပါသေးတယ်နော်..။ ၃၁.၁၂.၂၀၁၉..” ဆိုပြီး ခင်လှိုင်က သမီးငယ်လေးရဲ့ မွေးနေ့အလှူ အမှတ်တရလေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်..။