အဆိုတော် နေဝင်းက ချစ်သူလေးကို ဘယ်လိုပုံစံနဲ့ လက်ထပ်ခွင့် တောင်းလိုက်တာလဲနော်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★







Unicode ဖြင့်ဖတ်ပါ
★★★★★

လူငယ်ကြိုက်အဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Snare အဖွဲ့မှ နေဝင်းက ငယ်စဉ်ကတည်းက အခုချိန်ထိတိုင် အချိန်တော်ကြာ အောင်မြင်ခဲ့သူပါ။ နေဝင်းက အခုဆိုရင် အဆိုတော်အလုပ်အပြင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကိုပါ လုပ်ကိုင်နေလျက်ရှိပါတယ်။ နေဝင်းက လက်ရှိအချိန်ထိတိုင် သူဝါသနာပါရာ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေလျက်ရှိပါတယ်။

နေဝင်းက ဒီနေ့ ဒီဇင်ဘာလ (၃၁) ရင်နေ့ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်တဲ့ New Year CountDown ပွဲ မှာ သူ့ရဲ့ Snare အဖွဲ့နဲ့ သီချင်းဆိုရင်း ဖျော်ဖြေနေတာပဲ ဖြစ်ပါတယ်။

နေဝင်းက New Year Countdown ပွဲမှာ သီချင်းဆိုပြီး သူ့ရဲ့ချစ်သူ ခရီးသွားဘလော့ဂါလေး အိမ့်ချစ်ချောကို စတိတ်စင်ပေါ်မှာပဲ ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။

နေဝင်းနဲ့ သူ့ရဲ့ချစ်သူကောင်မလေး အိမ့်ချစ်ချောတို့က ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၅) ရက်နေ့မှာ ချစ်သူသက်တမ်း (၁၀) နှစ်ပြည့်ခဲ့တာဖြစ်ပြီး ဒီနေ့ ဒီဇင်ဘာ (၃၁)ရက်နေ့မှာ လက်ထပ်ခွင့်တောင်းခဲ့တာ ဖြစ်ပါတယ်၊

နေဝင်းရဲ့ မမျှော်လင့်ထားတဲ့ စီစဉ်ထားမှုကြောင့် အိမ့်ချစ်ချောက တော်တော်ကြီး အံ့အားသင့်ပြီး ပျော်သွားမှာ သေချာပါတယ်။ ပရိသတ်ကြီးလည်း နေဝင်းတို့ စုံတွဲလေးအတွက် ဝမ်းသာဂုဏ်ယူစကားလေးတွေ ပြောခဲ့ကြပါဦးနော်။

အဆိုတော် နေဝင်းက ချစ်သူလေးကို ဘယ်လိုပုံစံနဲ့ လက်ထပ်ခွင့် တောင်းလိုက်တာလဲဆိုတာကို သိချင်ရင် ဒီဗီဒီယိုလေးကို ကြည့်လိုက်ပါနော် ။