မိဘကိုလုပ်ကျွေးရန် အခွင့်အရေး (၅) ပါး နှင့် မိဘကို လုပ်ကျွေးသော သားသမီးတိုင်း လက်တွေ့ခံစားရမည့်အကျိုးတရား (၁၂)ပါး

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

သားသမီးတိုင္း မိဘကို လုပ္ေကၽြးရန္ အခြင့္အေရး (၅) ပါး

၁။ မိဘကို ေကၽြးေမြး ျပဳစုရန္ မိမိမွာ ျဖဴစင္ေသာ ေစတနာရွိျခင္း။

၂။ မိမ္ိမွာ ေကၽြးေမြးနုိင္ေသာ အင္အားရွိျခင္း။

၃။ ကုိယ့္ကို မ္ိဘက အားကုိးျခင္း။

၄။ မိဘမ်ား အသက္ရွင္လွ်က္ရွိျခင္း။

၅။ မိဘမ်ား က်န္းမာသာယာစြာရွိျခင္း။

မိဘကုိ လုပ္ေက်ြးေသာ သားသမီးတိုင္း လက္ေတြ႔ခံစားရမည့္အက်ဳိးတရား (၁၂)ပါး

၁။လူတိုင္းခ်ီးမႊမ္းမႈကိုခံရသည္

၂။ အသိလိမၼာဉာဏ္ပညာတိုးပြားမယ္

၃။ လူအမ်ားတို႔၏ ၾကည္ၿငိဳပူေဇာ္မႈခံရမည္

၄။ အေခြၽအရံေပါမ်ားမည္

၅။ ေက်ာ္ေဇာထင္႐ွားမည္

၆။ စီးပြားဥစၥာရတနာေန႔တိုင္း တိုးတက္မည္

၇။ ေရာဂါေဘးအႏၱရာယ္ကင္းမည္

၈။ က်က္သေရမဂၤလာေန႔တိိုင္းတိုးမည္

၉။ အသက္ရာေက်ာ္ေနရမည္

၁၀။ နတ္တို႔ခ်စ္ခင္ေစာင့္ေ႐ွာက္မည္

၁၁။ ေလာက၏အျမင့္ဆံုးခ်မ္းသာက္ိုခံစားရမည္

၁၂။ တမလြန္ဘဝတြင္ နတ္ခ်မ္းသာကိုခံစားရမည္။

အ႐ွင္ေခမာဓိပတိ

အမိအဖ ကို လုပ္ေကၽြး ျပဳစုျခင္း၏ ယခုဘဝ ႏွင့္ ေႏွာင္ဘဝ အက်ိဳး
ရဟန္းတို႔ အၾကင္ အမ်ဳိးတို႔၏ သားသမီးတို႔သည္ မိမိအိမ္၌ အမိအဖတို႔ကို လုပ္ေကြၽးပူေဇာ္ အပ္ကုန္၏၊

ထို အမ်ဳိးတို႔သည္ ”ျဗဟၼာ”ႏွင့္တကြ ေနသည္ မည္ကုန္၏။

ရဟန္းတို႔ အၾကင္ အမ်ဳိးတို႔၏ သားသမီးတို႔သည္ မိမိအိမ္၌ အမိအဖတို႔ကို လုပ္ေကြၽးပူေဇာ္အပ္ကုန္၏၊ ထို အမ်ဳိးတို႔သည္ ”လက္ဦး ဆရာ” ႏွင့္တကြ ေနသည္မည္ကုန္၏။

ရဟန္းတို႔ အၾကင္ အမ်ဳိးတို႔၏ သားသမီးတို႔သည္ မိမိအိမ္၌ အမိ့အဖတို႔ကို လုပ္ေကြၽးပူေဇာ္အပ္ကုန္၏၊

အမ်ဳိးတို႔သည္ ”အေဝးမွ ေဆာင္ယူလာေသာ အလွဴကို ခံယူ ထိုက္သူ” ႏွင့္တကြ ေနသည္မည္ကုန္၏။

ရဟန္းတို႔ ျဗဟၼာဟူေသာ ဤအမည္သည္ အမိအဖတို႔၏ အမည္တည္း။ ရဟန္းတို႔ လက္ဦးဆရာဟူေသာ ဤအမည္သည္ အမိအဖတို႔၏ အမည္တည္း။ ရဟန္းတို႔ အေဝးမွ ေဆာင္ယူလာေသာ အလွဴကို ခံယူထိုက္သူဟူေသာ ဤအမည္သည္ အမိအဖတို႔၏ အမည္တည္း။ ထိုသို႔ မည္ျခင္းသည္ အဘယ္အေၾကာင္းေၾကာင့္နည္း။

ရဟန္းတို႔ အမိအဖတို႔သည္ သားသမီးတို႔အား မ်ားစြာ ေက်းဇူးရွိကုန္၏၊ အသက္ကို ေစာင့္ေရွာက္တတ္ကုန္၏၊ ေကြၽးေမြးတတ္ကုန္၏၊ ဤေလာကကို ညႊန္ျပတတ္ကုန္၏ဟု (မိန္႔ေတာ္မူ၏)။

အမိအဖတို႔ကို သားသမီးတို႔၏ ”ျဗဟၼာ”ဟူ၍လည္းေကာင္း၊ ”လက္ဦးဆရာ”ဟူ၍လည္းေကာင္း၊

သားသမီးတို႔၏ ”အေဝးမွ ေဆာင္ယူလာေသာ အလွဴကို ခံယူ ထိုက္သူ”ဟူ၍လည္းေကာင္း ဆိုအပ္ကုန္၏၊ (အမိ အဖတို႔သည္) သားသမီးတို႔အား အစဥ္သနားတတ္ကုန္၏။

ထို႔ေၾကာင့္သာလွ်င္ ပညာရွိေသာ သားသမီးတို႔သည္ ထို အမိအဖတို႔ကို ကိုင္းၫြတ္ ရွိခိုးရာ၏၊ ထမင္း ဟင္းျဖင့္လည္းေကာင္း၊ ထို႔ျပင္ အေဖ်ာ္ ယမကာျဖင့္လည္းေကာင္း အဝတ္အ႐ံုျဖင့္လည္းေကာင္း၊

အိပ္ရာေနရာျဖင့္လည္းေကာင္း၊ အေမႊးနံ႔သာ လိမ္း က်ံေပးျခင္းျဖင့္လည္းေကာင္း၊ ေရခ်ဳိးေပးျခင္းျဖင့္လည္းေကာင္း၊ ေျခတို႔ကို ေဆးေၾကာေပးျခင္းျဖင့္လည္းေကာင္း ေကာင္းစြာ ျပဳစုလုပ္ေကြၽးရာ၏၊

အမိအဖတို႔၌ ထိုသို႔ လုပ္ေကြၽးျခင္းေၾကာင့္ ထို သားသမီးကို မ်က္ေမွာက္ဘဝ၌ပင္ ပညာရွိတို႔သည္ ခ်ီးမြမ္းကုန္၏၊

ထို သားသမီးသည္ တမလြန္ဘဝသို႔ ေရာက္ေသာ္ နတ္ျပည္၌ ေမြ႕ေလ်ာ္ရ၏။

ပဌမသုတ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

သားသမီးတိုင်း မိဘကို လုပ်ကျွေးရန် အခွင့်အရေး (၅) ပါး

၁။ မိဘကို ကျွေးမွေး ပြုစုရန် မိမိမှာ ဖြူစင်သော စေတနာရှိခြင်း။

၂။ မိမိမှာ ကျွေးမွေးနိုင်သော အင်အားရှိခြင်း။

၃။ ကိုယ့်ကို မိဘက အားကိုးခြင်း။

၄။ မိဘများ အသက်ရှင်လျှက်ရှိခြင်း။

၅။ မိဘများ ကျန်းမာသာယာစွာရှိခြင်း။

မိဘကို လုပ်ကျွေးသော သားသမီးတိုင်း လက်တွေ့ခံစားရမည့်အကျိုးတရား (၁၂)ပါး

၁။လူတိုင်းချီးမွှမ်းမှုကိုခံရသည်

၂။ အသိလိမ္မာဉာဏ်ပညာတိုးပွားမယ်

၃။ လူအများတို့၏ ကြည်ငြိုပူဇော်မှုခံရမည်

၄။ အချွေအရံပေါများမည်

၅။ ကျော်ဇောထင်ရှားမည်

၆။ စီးပွားဥစ္စာရတနာနေ့တိုင်း တိုးတက်မည်

၇။ ရောဂါဘေးအန္တရာယ်ကင်းမည်

၈။ ကျက်သရေမင်္ဂလာနေ့တိုင်းတိုးမည်

၉။ အသက်ရာကျော်နေရမည်

၁၀။ နတ်တို့ချစ်ခင်စောင့်ရှောက်မည်

၁၁။ လောက၏အမြင့်ဆုံးချမ်းသာကိုခံစားရမည်

၁၂။ တမလွန်ဘဝတွင် နတ်ချမ်းသာကိုခံစားရမည်။

အရှင်ခေမာဓိပတိ

အမိအဖ ကို လုပ်ကျွေး ပြုစုခြင်း၏ ယခုဘဝ နှင့် နှောင်ဘဝ အကျိုး
ရဟန်းတို့ အကြင် အမျိုးတို့၏ သားသမီးတို့သည် မိမိအိမ်၌ အမိအဖတို့ကို လုပ်ကျွေးပူဇော် အပ်ကုန်၏၊

ထို အမျိုးတို့သည် ”ဗြဟ္မာ”နှင့်တကွ နေသည် မည်ကုန်၏။

ရဟန်းတို့ အကြင် အမျိုးတို့၏ သားသမီးတို့သည် မိမိအိမ်၌ အမိအဖတို့ကို လုပ်ကျွေးပူဇော်အပ်ကုန်၏၊ ထို အမျိုးတို့သည် ”လက်ဦး ဆရာ” နှင့်တကွ နေသည်မည်ကုန်၏။

ရဟန်းတို့ အကြင် အမျိုးတို့၏ သားသမီးတို့သည် မိမိအိမ်၌ အမိ့အဖတို့ကို လုပ်ကျွေးပူဇော်အပ်ကုန်၏၊

အမျိုးတို့သည် ”အဝေးမှ ဆောင်ယူလာသော အလှူကို ခံယူ ထိုက်သူ” နှင့်တကွ နေသည်မည်ကုန်၏။

ရဟန်းတို့ ဗြဟ္မာဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း။ ရဟန်းတို့ လက်ဦးဆရာဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း။ ရဟန်းတို့ အဝေးမှ ဆောင်ယူလာသော အလှူကို ခံယူထိုက်သူဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း။ ထိုသို့ မည်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း။

ရဟန်းတို့ အမိအဖတို့သည် သားသမီးတို့အား များစွာ ကျေးဇူးရှိကုန်၏၊ အသက်ကို စောင့်ရှောက်တတ်ကုန်၏၊ ကျွေးမွေးတတ်ကုန်၏၊ ဤလောကကို ညွှန်ပြတတ်ကုန်၏ဟု (မိန့်တော်မူ၏)။

အမိအဖတို့ကို သားသမီးတို့၏ ”ဗြဟ္မာ”ဟူ၍လည်းကောင်း၊ ”လက်ဦးဆရာ”ဟူ၍လည်းကောင်း၊

သားသမီးတို့၏ ”အဝေးမှ ဆောင်ယူလာသော အလှူကို ခံယူ ထိုက်သူ”ဟူ၍လည်းကောင်း ဆိုအပ်ကုန်၏၊ (အမိ အဖတို့သည်) သားသမီးတို့အား အစဉ်သနားတတ်ကုန်၏။

ထို့ကြောင့်သာလျှင် ပညာရှိသော သားသမီးတို့သည် ထို အမိအဖတို့ကို ကိုင်းညွတ် ရှိခိုးရာ၏၊ ထမင်း ဟင်းဖြင့်လည်းကောင်း၊ ထို့ပြင် အဖျော် ယမကာဖြင့်လည်းကောင်း အဝတ်အရုံဖြင့်လည်းကောင်း၊

အိပ်ရာနေရာဖြင့်လည်းကောင်း၊ အမွှေးနံ့သာ လိမ်း ကျံပေးခြင်းဖြင့်လည်းကောင်း၊ ရေချိုးပေးခြင်းဖြင့်လည်းကောင်း၊ ခြေတို့ကို ဆေးကြောပေးခြင်းဖြင့်လည်းကောင်း ကောင်းစွာ ပြုစုလုပ်ကျွေးရာ၏၊

အမိအဖတို့၌ ထိုသို့ လုပ်ကျွေးခြင်းကြောင့် ထို သားသမီးကို မျက်မှောက်ဘဝ၌ပင် ပညာရှိတို့သည် ချီးမွမ်းကုန်၏၊

ထို သားသမီးသည် တမလွန်ဘဝသို့ ရောက်သော် နတ်ပြည်၌ မွေ့လျော်ရ၏။

ပဌမသုတ်။