ခပ်မိုက်မိုက်ပုံရိပ်လေးတွေနဲ့ နှစ်သစ်ကို ကြိုဆိုခဲ့တဲ့ အိချောပို

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Myint Myat

Unicode ဖြင့်ဖတ်ပါ
★★★★★

လှရက်လွန်းလို့ ပုရိသတွေရဲ့ နှလုံးသားကို အပိုင်သိမ်းထားနိုင်တဲ့ မင်းသမီးချောလေး အိချောပိုကတော့ ညှို့အားပြင်းတဲ့အလှတရားနဲ့ သူမရဲ့အနုပညာကြောင့် အားပေးတဲ့ ပရိသတ်အခိုင်အမာရနေတဲ့ မင်းသမီးတစ်ဉီးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ဝန်းရံမှုကြောင့် ပိုပိုပြီး အောင်မြင်လာတဲ့ အိချောပိုကတော့ လတ်တလောမှာ စွဲမက်ဖွယ်ဖက်ရှင်လေးနဲ့ New Year ကို ကြိုဆိုခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာဝေမျှပေးထားတာတွေ့ရပါတယ်။ အနက်ရောင်ဖက်ရှင်လေးနဲ့ အသည်းယားဖွယ်ကောင်းအောင်လှနေတဲ့ အိချောပိုရဲ့ပုံရိပ်တွေကတော့ အရမ်းလန်းနေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ပရိသတ်တွေကို နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်တဲ့ အိချောပိုရဲ့အလန်းစားပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

အိချောပိုကတော့ “Happy New Year Love you all ” ဆိုပြီး နှစ်သစ်ကို ကြိုဆိုတဲ့ စာလေးနဲ့အတူ သူမရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကိုဝေမျှပေးထားတာပါ။

မင်းသမီးချောလေး အိချောပိုကတော့ လတ်တလောမှာ အနုပညာမောင်နှမတစ်ဦးဖြစ်တဲ့ မြင့်မြတ်နဲ့ ရုပ်ရှင်ရိုက်ကူးဖြစ်နေပြီး၊ Event ပွဲတွေလည်း တောက်လျှောက် တက်ဖြစ်နေတာပါ။ သရုပ်ဆောင်ကောင်းလွန်းတဲ့ အိချောပိုကိုတော့ သူမရဲ့ပရိသတ်တွေက အကယ်ဒမီ ရစေချင်နေကြပါပြီ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်လေးနဲ့ လှချင်တိုင်းလှနေတဲ့ အိချောပိုကို ချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Ei Chaw Po’s Facebook