သိန်း ၁ သောင်းခွဲဆုရှင်ပြောပြတဲ့ ပေါက်နာပါတ်ထိုးဖြစ်တဲ့အကြောင်း သားနေမကောင်းလို့ ဗေဒင်သွားမေးတုန်း …

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

၁၁ ႀကိမ္ေျမာက္မွာ ဖြင့္လွစ္ေပးခဲ့တဲ့ ေအာင္ဘာေလထီဆုရဲ႕ အျမင့္ဆုံးဆုျဖစ္တဲ့ သိန္း ၁ ေသာင္းခြဲဆုကို ၿမိတ္ၿမိဳ႕ ခ႐ူေတာရပ္ ဗိုလ္ဗထူးလမ္းသြယ္ (၃) လမ္းမွာေနထိုင္တဲ့ မိသားစုက ဆုခူးရရွိခဲ့ပါတယ္။ ရတနာသိန္းထိုက္ေအာင္ ထီဆိုင္ကေန (င) အကၡရာ ၂၀၄၅၈၈ နံပါတ္နဲ႔ သိန္း ၁ ေသာင္းခြဲဆု ဆုခူးရရွိခဲ့တာျဖစ္ၿပီး သုံးေစာင္တြဲ ၄ အုပ္ထဲကေန အထူးဆုရရွိခဲ့တာျဖစ္တယ္လို႔ေျပာပါတယ္။

“ထီကို လတိုင္းထိုးျဖစ္တယ္ အရင္စထိုးခါစကေတာ့ ငါးေသာင္းဆု ၂ ခါေပါက္ဖူးတယ္ အခုေနာက္ပိုင္း မေပါက္တာ ေတာ္ေတာ္ၾကာေနၿပီ ဒီေန႔မနက္ ထီဆိုင္က ေကာင္မေလးေတြ လာေျပာမွ ေပါက္မွန္းသိရတယ္ ။ အလႉတန္းေတြလဲလုပ္သြားမယ္ မိဘမဲ့ေဂဟာတို႔ အ႐ူးေထာင္တို႔ လမ္းေဘးမွာ စားေသာက္မဲ့ျဖစ္ေနသူတို႔ ႀကဳံရင္ႀကဳံသလိုလႉမယ္ ေနာက္ၿပီး လမ္းေဘးေဈးမွာ အရင္းျပဳတ္တဲ့သူ အရင္းမရွိတဲ့သူ အဲဒီလိုလူေတြကို ကူညီေပးမယ္ ေနတာကေတာ့ ဒီမွာပဲဆက္ေနသြားမယ္ အလုပ္ကေတာ့ ထီအထည္ေရာင္းတဲ့လုပ္ငန္းကိုပဲ တိုးခ်ဲ႕ၿပီးဆက္လုပ္သြားမယ္” လို႔ ေအာင္ဘာေလထီရဲ႕ အထူးဆု ဆြတ္ခူးရရွိခဲ့သူ ဦးသန္းေထြး ေခၚ ဦးဂ်ပန္က ေျပာပါတယ္။

“သားေနမေကာင္းလို႔ ေဗဒင္သြားေမးတုန္းကေတာ့ ထီေပါက္ကိန္းရွိတယ္လို႔ေတာ့ေျပာဖူးတယ္ သားသမီးေတြကိုလည္း ကိုယ့္ဘဝမွာ မျဖစ္ခဲ့ဖူးတာေတြ သူတို႔ဘဝမွာျဖစ္ေအာင္လုပ္ေပးမယ္ ကိုယ့္မိသားစုနဲ႔ ခရီးထြက္မယ္ ကြၽန္မေယာက်ၤားက ပိုက္ဆံလည္းသိပ္မသုံး ကတ္ေစးလဲနည္းေတာ့ အဲဒီပိုက္ဆံနဲ႔ လမ္းလည္မယ္ မထြက္ဖူးေသးတဲ့ခရီးေတြလည္းထြက္မယ္” လို႔ သိန္း ၁ ေသာင္းခြဲဆု ဆြတ္ခူးရရွိခဲ့သူရဲ႕ ဇနီးျဖစ္သူကေျပာပါတယ္။

ထီမေပါက္ခင္အခ်ိန္က ဘိတ္ေတာင္ေက်း႐ြာက တိုးခ်ဲ႕ေဈးမွာ အမ်ိဳးသမီးဝတ္ အထည္ေရာင္းခ်တာျဖစ္ၿပီး အခုလက္ရွိလုပ္ေနတဲ့လုပ္ငန္းကိုပဲ ဆက္လက္ တိုးခ်ဲ႕လုပ္ကိုင္သြားမွာျဖစ္တယ္လို႔ အထူးဆုႀကီး ဆြတ္ခူးခဲ့သူ မိသားစုကေျပာပါတယ္။ ေအာင္ဘာေလရဲ႕ ၁၀၀၀ က်ပ္တန္ထီလက္မွတ္ရဲ႕ ၃ ႀကိမ္ေျမာက္မွာ ၿမိတ္ၿမိဳ႕က သိန္း ၅ ေထာင္ဆု ဆြတ္ခူးခဲ့ၿပီး အခု ၁၁ ႀကိမ္ေျမာက္မွာေတာ့ အထူးဆုႀကီး သိန္း ၁ ေသာင္းခြဲကို ဆြတ္ခူးရရွိခဲ့တာလည္းျဖစ္ပါတယ္။

ေလးစားစြာျဖင့္ခရစ္ဒက္ — SouthernerTVNews

Unicode ဖြင့်ဖတ်ပါ
★★★★★

၁၁ ကြိမ်မြောက်မှာ ဖွင့်လှစ်ပေးခဲ့တဲ့ အောင်ဘာလေထီဆုရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ သိန်း ၁ သောင်းခွဲဆုကို မြိတ်မြို့ ခရူတောရပ် ဗိုလ်ဗထူးလမ်းသွယ် (၃) လမ်းမှာနေထိုင်တဲ့ မိသားစုက ဆုခူးရရှိခဲ့ပါတယ်။ ရတနာသိန်းထိုက်အောင် ထီဆိုင်ကနေ (င) အက္ခရာ ၂၀၄၅၈၈ နံပါတ်နဲ့ သိန်း ၁ သောင်းခွဲဆု ဆုခူးရရှိခဲ့တာဖြစ်ပြီး သုံးစောင်တွဲ ၄ အုပ်ထဲကနေ အထူးဆုရရှိခဲ့တာဖြစ်တယ်လို့ပြောပါတယ်။

“ထီကို လတိုင်းထိုးဖြစ်တယ် အရင်စထိုးခါစကတော့ ငါးသောင်းဆု ၂ ခါပေါက်ဖူးတယ် အခုနောက်ပိုင်း မပေါက်တာ တော်တော်ကြာနေပြီ ဒီနေ့မနက် ထီဆိုင်က ကောင်မလေးတွေ လာပြောမှ ပေါက်မှန်းသိရတယ် ။ အလှူတန်းတွေလဲလုပ်သွားမယ် မိဘမဲ့ဂေဟာတို့ အရူးထောင်တို့ လမ်းဘေးမှာ စားသောက်မဲ့ဖြစ်နေသူတို့ ကြုံရင်ကြုံသလိုလှူမယ် နောက်ပြီး လမ်းဘေးဈေးမှာ အရင်းပြုတ်တဲ့သူ အရင်းမရှိတဲ့သူ အဲဒီလိုလူတွေကို ကူညီပေးမယ် နေတာကတော့ ဒီမှာပဲဆက်နေသွားမယ် အလုပ်ကတော့ ထီအထည်ရောင်းတဲ့လုပ်ငန်းကိုပဲ တိုးချဲ့ပြီးဆက်လုပ်သွားမယ်” လို့ အောင်ဘာလေထီရဲ့ အထူးဆု ဆွတ်ခူးရရှိခဲ့သူ ဦးသန်းထွေး ခေါ် ဦးဂျပန်က ပြောပါတယ်။

“သားနေမကောင်းလို့ ဗေဒင်သွားမေးတုန်းကတော့ ထီပေါက်ကိန်းရှိတယ်လို့တော့ပြောဖူးတယ် သားသမီးတွေကိုလည်း ကိုယ့်ဘဝမှာ မဖြစ်ခဲ့ဖူးတာတွေ သူတို့ဘဝမှာဖြစ်အောင်လုပ်ပေးမယ် ကိုယ့်မိသားစုနဲ့ ခရီးထွက်မယ် ကျွန်မယောင်္ကျားက ပိုက်ဆံလည်းသိပ်မသုံး ကတ်စေးလဲနည်းတော့ အဲဒီပိုက်ဆံနဲ့ လမ်းလည်မယ် မထွက်ဖူးသေးတဲ့ခရီးတွေလည်းထွက်မယ်” လို့ သိန်း ၁ သောင်းခွဲဆု ဆွတ်ခူးရရှိခဲ့သူရဲ့ ဇနီးဖြစ်သူကပြောပါတယ်။

ထီမပေါက်ခင်အချိန်က ဘိတ်တောင်ကျေးရွာက တိုးချဲ့ဈေးမှာ အမျိုးသမီးဝတ် အထည်ရောင်းချတာဖြစ်ပြီး အခုလက်ရှိလုပ်နေတဲ့လုပ်ငန်းကိုပဲ ဆက်လက် တိုးချဲ့လုပ်ကိုင်သွားမှာဖြစ်တယ်လို့ အထူးဆုကြီး ဆွတ်ခူးခဲ့သူ မိသားစုကပြောပါတယ်။ အောင်ဘာလေရဲ့ ၁၀၀၀ ကျပ်တန်ထီလက်မှတ်ရဲ့ ၃ ကြိမ်မြောက်မှာ မြိတ်မြို့က သိန်း ၅ ထောင်ဆု ဆွတ်ခူးခဲ့ပြီး အခု ၁၁ ကြိမ်မြောက်မှာတော့ အထူးဆုကြီး သိန်း ၁ သောင်းခွဲကို ဆွတ်ခူးရရှိခဲ့တာလည်းဖြစ်ပါတယ်။
လေးစားစွာဖြင့်ခရစ်ဒက် — SouthernerTVNews