သမီးလေး သဇင်ထူးမြင့်ကို မွေးချင်လွန်းလို့ ခင်လှိုင်နဲ့ ဇနီးဖြစ်သူတို့ ဘယ်လိုမျိုးကြိုးစားခဲ့ရတာဆိုတာ ………. ( ဗီဒီယိုဖိုင် )

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

သဇင္ထူးျမင့္ကို ေမြးလာဖို႔ ခင္လႈိင္နဲ႔ ဇနီးျဖစ္သူတို႔ဟာ တ႐ုတ္ဘုံေက်ာင္းမွာ သြားဆုေတာင္းခဲ့ရတယ္လို႔ မငယ္ေလးက ေျပာပါတယ္။ တကယ္ေမြးလာေတာ့လည္း ခင္လႈိင္တစ္ေယာက္ အေပ်ာ္ေတြလြန္ၿပီး ပဲခူးကေန ရန္ကုန္ကို ခ်က္ခ်င္းျပန္ေျပးလာခဲ့တာပါပဲတဲ့။

သဇင္ထူးျမင့္ ကေတာ့ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ တစ္ေယာက္သာမက မိသားစု တစ္စုလုံးရဲ႕ အသည္းေက်ာ္မေလးတစ္ေယာက္ပါ။ မိဘေတြက သမီးမိန္းကေလး လိုခ်င္လြန္းလို႔ ႐ူးမတတ္ျဖစ္ခဲ့ရတဲ့ အေၾကာင္းကိုလည္း သ႐ုပ္ေဆာင္ခင္လႈိင္ရဲ႕ ဇနီးျဖစ္သူ မငယ္ေလးက မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

“ အန္တီငယ္မွာက သားႏွစ္ေယာက္ရွိၿပီးသားဆိုေတာ့ ေနာက္ထပ္သာ ေယာက်္ားေလးတစ္ေယာက္ထပ္ေမြးမယ္ဆိုရင္ ေဖေဖက ဘုန္းႀကီးဝတ္မယ္ေတာင္ လုပ္တာ။ သဲကို မေမြးခင္က မိန္းကေလးျဖစ္ပါေစ ဆိုၿပီးေတာ့ ဘုံေက်ာင္းေတြမွာလိုက္ဆုေတာင္းခဲ့ဖူးတယ္။ အဲဒါေၾကာင့္လားမသိဘူး ဒီပုံစံေလး ထြက္လာတာ။ တကယ္ကိုလည္း သမီးေလး လိုခ်င္လြန္းလို႔ ႐ူးရပါတယ္” လို႔ ဆိုပါတယ္။

အဲဒီေနာက္ သဇင္ထူးျမင့္က သူမကို ေမြးေနတဲ့အခ်ိန္မွာ ဖခင္ျဖစ္သူရဲ႕ အေပ်ာ္ႀကီးေပ်ာ္ေနပုံက တကယ္ကို ခ်စ္စရာေကာင္းတယ္လို႔ ဆိုပါတယ္။ ဟာသတစ္ခုလိုလည္း ျဖစ္ခဲ့ရတယ္လို႔ သူကေျပာပါတယ္။

“ ေဖေဖ ဆိုရင္ေလ ပဲခူးမွာ ပြဲကေနတာ ေမေမက သမီးေလးေမြးတယ္လို႔လည္းၾကားေရာ အိမ္သာထဲကေန ေရမေဆးပဲ ထြက္ေျပးလာတာ။ ပဲခူးကေနၿပီးေတာ့ ရန္ကုန္ကိုေရာက္လာတာ။ သူ႔ကိုယ္သူေတာင္ လုံးဝေမ့သြားတာတဲ့။ လိုခ်င္တာက မိန္းကေလးလည္းဆိုေတာ့ အရမ္းေပ်ာ္သြားတာေလ” လို႔ ေျပာျပရင္း သေဘာက်ရယ္ေမာခဲ့ၾကပါေသးတယ္။

ခင္လႈိင္ရဲ႕ ဇနီးျဖစ္သူ မငယ္ေလးကေတာ့ အငယ္ဆုံး သမီးေလးျဖစ္တဲ့ သဇင္ထူးျမင့္ရဲ႕ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး ေျပာျပလာပါတယ္။ မိဘေတြအေနနဲ႔ အခ်စ္ေရးမွာ ကန႔္ကြက္ထားတာေတြမရွိပါဘူးတဲ့။

“ ကိုယ္ေတြတုန္းကလည္း ကိုယ္ႀကိဳက္တာ ကိုယ္ယူခဲ့တာေလ။ ဘယ္ဟာက ေကာင္းတယ္၊ ဘယ္ဟာက ဆိုးတယ္ ဆိုတာကိုပဲ အစ္မတို႔က ေျပာျပမယ္။ ဒါေပမယ့္ သမီးတို႔ကို လမ္းမွားမေရာက္ေအာင္ ဆုံးမေပးမယ္။ သားသမီးအကုန္လုံးကိုေတာ့ လမ္းမွားမေရာက္ေအာင္ပဲ ထိန္းေက်ာင္းရတာေပါ့” ဆိုၿပီးေတာ့ ဒီဇင္ဘာလ ၃၁ ရက္ေန႔က သဇင္ထူးျမင့္ရဲ႕ ေမြးေန႔အလႉမွာ ေျဖဆိုခဲ့တာျဖစ္ပါတယ္။

ခင္လႈိင္ကိုေတာ့ ဟာသသ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ ပရိသတ္ေတြ သိရွိခဲ့တာပါ။ အခုခ်ိန္မွာေတာ့ ဒါ႐ိုက္တာ တစ္ေယာက္အျဖစ္႐ုပ္ရွင္ကားႀကီးေတြ ႐ိုက္ကူးေနရၿပီျဖစ္ပါတယ္။ ခင္လႈိင္နဲ႔ ဇနီးျဖစ္သူ မငယ္ေလးတို႔မွာေတာ့ သားသမီး ၃ ေယာက္ရွိပါတယ္။ ေယာက်္ားေလး ႏွစ္ေယာက္၊ သမီးေလး တစ္ေယာက္ပါ။ သားအလတ္ျဖစ္သူ ေနရဲ နဲ႔ သမီးငယ္ေလး သဇင္ထူးျမင့္ကေတာ့ အႏုပညာအလုပ္ေတြ လုပ္ေနတာကို ေတြ႕ရပါတယ္။ သားအႀကီးဆုံးကေတာ့ အိမ္ေထာင္က်ၿပီး စီးပြားေရးအလုပ္လုပ္ေနတယ္လို႔ သိရပါတယ္။

ေလးစားစြာျဖင့္ခရစ္ဒက္ — cele ရပ္ကြက္

Unicode ဖြင့်ဖတ်ပါ
★★★★★

သဇင်ထူးမြင့်ကို မွေးလာဖို့ ခင်လှိုင်နဲ့ ဇနီးဖြစ်သူတို့ဟာ တရုတ်ဘုံကျောင်းမှာ သွားဆုတောင်းခဲ့ရတယ်လို့ မငယ်လေးက ပြောပါတယ်။ တကယ်မွေးလာတော့လည်း ခင်လှိုင်တစ်ယောက် အပျော်တွေလွန်ပြီး ပဲခူးကနေ ရန်ကုန်ကို ချက်ချင်းပြန်ပြေးလာခဲ့တာပါပဲတဲ့။

သဇင်ထူးမြင့် ကတော့ ပရိသတ်တွေရဲ့ အချစ်တော် တစ်ယောက်သာမက မိသားစု တစ်စုလုံးရဲ့ အသည်းကျော်မလေးတစ်ယောက်ပါ။ မိဘတွေက သမီးမိန်းကလေး လိုချင်လွန်းလို့ ရူးမတတ်ဖြစ်ခဲ့ရတဲ့ အကြောင်းကိုလည်း သရုပ်ဆောင်ခင်လှိုင်ရဲ့ ဇနီးဖြစ်သူ မငယ်လေးက မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ အန်တီငယ်မှာက သားနှစ်ယောက်ရှိပြီးသားဆိုတော့ နောက်ထပ်သာ ယောကျ်ားလေးတစ်ယောက်ထပ်မွေးမယ်ဆိုရင် ဖေဖေက ဘုန်းကြီးဝတ်မယ်တောင် လုပ်တာ။ သဲကို မမွေးခင်က မိန်းကလေးဖြစ်ပါစေ ဆိုပြီးတော့ ဘုံကျောင်းတွေမှာလိုက်ဆုတောင်းခဲ့ဖူးတယ်။ အဲဒါကြောင့်လားမသိဘူး ဒီပုံစံလေး ထွက်လာတာ။ တကယ်ကိုလည်း သမီးလေး လိုချင်လွန်းလို့ ရူးရပါတယ်” လို့ ဆိုပါတယ်။

အဲဒီနောက် သဇင်ထူးမြင့်က သူမကို မွေးနေတဲ့အချိန်မှာ ဖခင်ဖြစ်သူရဲ့ အပျော်ကြီးပျော်နေပုံက တကယ်ကို ချစ်စရာကောင်းတယ်လို့ ဆိုပါတယ်။ ဟာသတစ်ခုလိုလည်း ဖြစ်ခဲ့ရတယ်လို့ သူကပြောပါတယ်။

“ ဖေဖေ ဆိုရင်လေ ပဲခူးမှာ ပွဲကနေတာ မေမေက သမီးလေးမွေးတယ်လို့လည်းကြားရော အိမ်သာထဲကနေ ရေမဆေးပဲ ထွက်ပြေးလာတာ။ ပဲခူးကနေပြီးတော့ ရန်ကုန်ကိုရောက်လာတာ။ သူ့ကိုယ်သူတောင် လုံးဝမေ့သွားတာတဲ့။ လိုချင်တာက မိန်းကလေးလည်းဆိုတော့ အရမ်းပျော်သွားတာလေ” လို့ ပြောပြရင်း သဘောကျရယ်မောခဲ့ကြပါသေးတယ်။

ခင်လှိုင်ရဲ့ ဇနီးဖြစ်သူ မငယ်လေးကတော့ အငယ်ဆုံး သမီးလေးဖြစ်တဲ့ သဇင်ထူးမြင့်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပြောပြလာပါတယ်။ မိဘတွေအနေနဲ့ အချစ်ရေးမှာ ကန့်ကွက်ထားတာတွေမရှိပါဘူးတဲ့။

“ ကိုယ်တွေတုန်းကလည်း ကိုယ်ကြိုက်တာ ကိုယ်ယူခဲ့တာလေ။ ဘယ်ဟာက ကောင်းတယ်၊ ဘယ်ဟာက ဆိုးတယ် ဆိုတာကိုပဲ အစ်မတို့က ပြောပြမယ်။ ဒါပေမယ့် သမီးတို့ကို လမ်းမှားမရောက်အောင် ဆုံးမပေးမယ်။ သားသမီးအကုန်လုံးကိုတော့ လမ်းမှားမရောက်အောင်ပဲ ထိန်းကျောင်းရတာပေါ့” ဆိုပြီးတော့ ဒီဇင်ဘာလ ၃၁ ရက်နေ့က သဇင်ထူးမြင့်ရဲ့ မွေးနေ့အလှူမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ခင်လှိုင်ကိုတော့ ဟာသသရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေ သိရှိခဲ့တာပါ။ အခုချိန်မှာတော့ ဒါရိုက်တာ တစ်ယောက်အဖြစ်ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။ ခင်လှိုင်နဲ့ ဇနီးဖြစ်သူ မငယ်လေးတို့မှာတော့ သားသမီး ၃ ယောက်ရှိပါတယ်။ ယောကျ်ားလေး နှစ်ယောက်၊ သမီးလေး တစ်ယောက်ပါ။ သားအလတ်ဖြစ်သူ နေရဲ နဲ့ သမီးငယ်လေး သဇင်ထူးမြင့်ကတော့ အနုပညာအလုပ်တွေ လုပ်နေတာကို တွေ့ရပါတယ်။ သားအကြီးဆုံးကတော့ အိမ်ထောင်ကျပြီး စီးပွားရေးအလုပ်လုပ်နေတယ်လို့ သိရပါတယ်။

လေးစားစွာဖြင့်ခရစ်ဒက် — cele ရပ်ကွက်