အကောင့်တုတွေကို သတိထားဖို့ ပြောလာတဲ့ မင်းသားချောဟိန်းထက်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Hein Htet
DarDar-CeleGabar

Unicode ဖြင့်ဖတ်ပါ
★★★★★

လက်ရှိပြသနေဆဲဖြစ်တဲ့ “လိပ်ပြာနှောင်ကြိုး” ရုပ်သံဇာတ်လမ်းတွဲမှာ လရိပ်ထူးဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေအချစ်ပိုနေရတဲ့ မင်းသားချော ဟိန်းထက်ကတော့ အယောင်ဆောင် အကောင့်အတုတွေကို သတိထားဖို့ ချစ်ရတဲ့ပရိသတ်တွေကို သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

ဟိန်းထက်ကတော့ ပရိသတ်တွေချစ်ကြတဲ့ ရုပ်သံဇာတ်လမ်းတွဲမင်းသား တစ်လက်အဖြစ် အားပေးသူ ပရိသတ်အခိုင်အမာ ရရှိထားသူလည်းဖြစ်ပြီး သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်သံဇာတ်လမ်းတွဲတိုင်းက ပရိသတ်တွေကြား တော်တော်လေး နာမည်ကြီးပြီး လူကြိုက်များခဲ့တာကို တွေ့ရပါတယ်။ဟိန်းထက်ကတော့ “မမထိပ်နှင့်အမွှေစံအိမ်” ရုပ်သံဇာတ်လမ်းတွဲကြီးမှာတော့ ဂျစ်ကန်ကန်ကောင်လေး “ဖိုးထူး”၊ “အရိပ်” ရုပ်သံဇာတ်ကားကြီးမှာလည်း အဓိကကျတဲ့ ခေါင်းဆောင်မင်းသားနေရာဖြစ်တဲ့ “ညီလင်းညို”၊ “ငွေစက္ကူ (၇)ရွက်” ရုပ်သံဇာတ်လမ်းမှာဆိုရင်လည်း “ကိုအောင်ဝေ”၊ “တတိယမြောက် ဆုံမှတ်” ရုပ်သံဇာတ်လမ်းတွဲကြီးမှာတော့ ဒုရဲအုပ် စေတမန် ဆိုတဲ့ ဇာတ်ကောင်တွေနဲ့ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုရရှိခဲ့ပါသေးတယ်။

CeleGabar ပရိသတ်ကြီးရေ ပရိသတ်အခိုင်အမာရရှိထားတဲ့ မင်းသားချောတစ်ယောက်ဖြစ်တာကြောင့် အယောင်ဆောင် အကောင့်တုတွေရှိပြီး သတင်းအမှားတွေတင်ကာ ပရိသတ်တွေ အထင်အမြင်လွဲမှားမှုတွေမရှိစေဖို့ ဟိန်းထက်ကတော့ အယောင်ဆောင်အကောင့်တုတွေကို သတိထားဖို့ ပြောထားပါတယ်နော်။

Source: Hein Htet
DarDar-CeleGabar