သွားကျိုးလေးတွေအဖြစ် နှစ်ယောက်သားရုပ်ပြောင်ပြီး ဆော့ကစားထားတဲ့ စိုးပြည့်သဇင်နဲ့စံထိပ်ထားရဲ့ဗီဒီယိုလေး

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး စိုးျပည့္သဇင္ကေတာ့ အႏုပညာေလာကမွာ ဇာတ္ကားေတြ႐ိုက္ကူးရင္း နာမည္ရေအာင္ျမင္ေနတဲ့ ပရိသတ္အခ်စ္ေတာ္အႏုပညာရွင္တစ္ဦးပဲ ျဖစ္ပါတယ္။ ခ်စ္စရာေကာင္းတဲ့ အၿပဳံးခ်ိဳခ်ိဳေလးေတြနဲ႔အတူ ႐ိုးသားျဖဴစင္တဲ့ ႏွလုံးသားအလွပိုင္ရွင္ေလးျဖစ္တဲ့ စိုးျပည့္က ေယာက္်ားေလးပရိသတ္ေတြရဲ႕အားေပးဝန္းရံမႈသာမက မိန္းကေလးပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈကိုလည္း ရရွိပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္။

စိုးျပည့္သဇင္က ျပင္ဆင္ျခယ္သမႈေတြမရွိရင္ေတာင္မွ ပကတိအလွတရားေတြနဲ႔ ႐ိုး႐ိုးေလးလွေနလြန္းသူေလးျဖစ္ပါတယ္။ အခုအခ်ိန္အထိ ဆယ္ေက်ာ္သက္ေလးတစ္ေယာက္လို အ႐ြယ္တင္ႏုပ်ိဳလွပေနတဲ့ စိုးျပည့္ကိုေတာ့ ပရိသတ္ေတြက ခ်စ္ၿပီးရင္း ခ်စ္ေနရတာ ျဖစ္ပါတယ္။ အခုလည္း စိုးျပည့္က ခိုင္သင္းၾကည္ရဲ႕ သမီးေခ်ာေလး စံထိပ္ထားဦးနဲ႔ေတြ႕ဆုံတုန္းမွာ အမွတ္တရေလးေတြ အတူဖန္တီးျဖစ္ခဲ့ၾကပါတယ္။

စိုးျပည့္သဇင္နဲ႔ စံထိပ္ထားတို႔ႏွစ္ေယာက္ကေတာ့ Snapchat က Camera Effects ေတြနဲ႔ ဓာတ္ပုံေလးေတြ႐ိုက္ရင္း ေပ်ာ္႐ႊင္ေနၾကတာပဲ ျဖစ္ပါတယ္။ သြားက်ိဳးေလးေတြအျဖစ္ ႏွစ္ေယာက္သား႐ုပ္ေျပာင္ၿပီး ေဆာ့ကစားထားတဲ့ ဗီဒီယိုေလးကိုလည္း စိုးျပည့္သဇင္က သူမရဲ႕ Facebook မွာတင္ထားတာ ျဖစ္ပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ စိုးျပည့္သဇင္နဲ႔ စံထိပ္ထားတို႔ႏွစ္ေယာက္ရဲ႕ခ်စ္စရာေကာင္းတဲ့ဗီဒီယိုေလးကို ေအာက္မွာျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Photo & Video Credit-Soe Pyae Thazin’s FB & San Htate Htar Oo’s FB ,CRD-Myanmarload

Unicode ဖြင့်ဖတ်ပါ
★★★★★

သရုပ်ဆောင် မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ အနုပညာလောကမှာ ဇာတ်ကားတွေရိုက်ကူးရင်း နာမည်ရအောင်မြင်နေတဲ့ ပရိသတ်အချစ်တော်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေနဲ့အတူ ရိုးသားဖြူစင်တဲ့ နှလုံးသားအလှပိုင်ရှင်လေးဖြစ်တဲ့ စိုးပြည့်က ယောက်ျားလေးပရိသတ်တွေရဲ့အားပေးဝန်းရံမှုသာမက မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်မှုကိုလည်း ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

စိုးပြည့်သဇင်က ပြင်ဆင်ခြယ်သမှုတွေမရှိရင်တောင်မှ ပကတိအလှတရားတွေနဲ့ ရိုးရိုးလေးလှနေလွန်းသူလေးဖြစ်ပါတယ်။ အခုအချိန်အထိ ဆယ်ကျော်သက်လေးတစ်ယောက်လို အရွယ်တင်နုပျိုလှပနေတဲ့ စိုးပြည့်ကိုတော့ ပရိသတ်တွေက ချစ်ပြီးရင်း ချစ်နေရတာ ဖြစ်ပါတယ်။ အခုလည်း စိုးပြည့်က ခိုင်သင်းကြည်ရဲ့ သမီးချောလေး စံထိပ်ထားဦးနဲ့တွေ့ဆုံတုန်းမှာ အမှတ်တရလေးတွေ အတူဖန်တီးဖြစ်ခဲ့ကြပါတယ်။

စိုးပြည့်သဇင်နဲ့ စံထိပ်ထားတို့နှစ်ယောက်ကတော့ Snapchat က Camera Effects တွေနဲ့ ဓာတ်ပုံလေးတွေရိုက်ရင်း ပျော်ရွှင်နေကြတာပဲ ဖြစ်ပါတယ်။ သွားကျိုးလေးတွေအဖြစ် နှစ်ယောက်သားရုပ်ပြောင်ပြီး ဆော့ကစားထားတဲ့ ဗီဒီယိုလေးကိုလည်း စိုးပြည့်သဇင်က သူမရဲ့ Facebook မှာတင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စိုးပြည့်သဇင်နဲ့ စံထိပ်ထားတို့နှစ်ယောက်ရဲ့ချစ်စရာကောင်းတဲ့ဗီဒီယိုလေးကို အောက်မှာပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။