မေသန်းနု ထောင်ဒဏ်ချမှတ်ခံရတဲ့ သတင်းနဲ့ပတ်သတ်ပြီး စင်ရော်မောင်မောင် ထုတ်ပြော

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Myint Myat

Unicode ဖြင့်ဖတ်ပါ
★★★★★

လွန်ခဲ့တဲ့ နှစ်တွေက မြန်မာနိုင်ငံရဲ့ အလှဆုံးမင်းသမီးတစ်ဦးအနေနဲ့ ရပ်တည်ခဲ့တဲ့ အကယ်ဒမီများရှင်မေသန်းနုကတော့ လက်ရှိမှာ ငွေ သိန်းပေါင်း (၁၂၀၀) လိမ်လည်မှုနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁နှစ် ချမှတ်ခံခဲ့ရတာကြောင့် ပရိသတ်တွေအားလုံး စိတ်မကောင်းဖြစ်နေကြတာပါ။ အဆိုပါသတင်းနဲ့ပတ်သတ်ပြီး မေသန်းနုရဲ့ ခင်ပွန်းဟောင်း စင်ရော်မောင်မောင်က သူ့ရဲ့လူမှုကွန်ယက်မှာ ခံစားချက်တစ်ချို့ကို ထုတ်ဖော်ပြောလာတာ တွေ့ရပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် သားလေးရဲ့မိခင်ဖြစ်သူရဲ့အဖြစ်အပျက်ကြောင့် ဝမ်းနည်းစိတ်မကောင်းဖြစ်နေတဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်ရဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်နော်။

စင်ရော်မောင်မောင်ကတော့ “ကျွန်တော် ဧ။် သားဖြစ်သူအတွက် သား၏မိခင်နှင့် ပတ်သက်၍ ရင်နှင့်အမျှ သားရော ကျွန်တော်ရော ခံစားမိပါတယ်။ သို့ဖြစ်ပါ၍ လိုအပ်သောအချိန်ကျမှသာလျှင် မီဒီယာများနှင့် ကျွန်တော် တို့ သားအဖနှစ်ယောက် တွေ့ဆုံမည် ဖြစ်ပါသည်။ ယခုအချိန်အခါတွင် သားဖြစ်သူဧ။် မိခင်အတွက် ကျွန်တော် အကောင်းဆုံးကြိုးစား ဆောင်ရွက်လျှက်ရှိပါကြောင်း အသိပေးမေတ္တာရပ်ခံအပ်ပါသည်။စင်ရော်မောင်မောင် နှင့် သား မင်းသန့်မောင်မောင်” ဆိုပြီး ဇနီးဟောင်း မေသန်းနုရဲ့သတင်းအပေါ် သားဖြစ်သူနဲ့အတူ စိတ်မကောင်းဖြစ်နေတဲ့အကြောင်းနဲ့ သားရဲ့မိခင်အတွက် အကောင်းဆုံးကြိုးစားနေကြောင်း ပြောထားတာပါ။

မိုမိုလေးချစ်ပရိသတ်တွေလည်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်နှစ် ချမှတ်ခံလိုက်ရတဲ့ မေသန်းနုတစ်ယောက် အဆင်ပြေပါစေလို့ ဆုတောင်းပေးခဲ့ဖို့ မမေ့ပါနဲ့နော်။

Myint Myat
Photo:Zin Yaw Mg Mg’s Facebook