ချစ်သူသစ်ရနေပြီဆိုတဲ့ ကောလာဟလတွေအပေါ် တုံ့ပြန်လိုက်တဲ့ နန်းစုရတီစိုး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Cele Star

Unicode ဖြင့်ဖတ်ပါ
★★★★★

သရုပ်ဆောင်နဲ့အဆိုတော် နန်းဆုရတီစိုးတစ်ယောက် ချစ်သူ အဆိုတော် G-Fatt နဲ့ ပြတ်သွားခဲ့ပြီလို့ G-Fatt ဘက်က စတင်ပြီး တရားဝင်ထုတ်ဖော်ပြောကြားအပြီးမှာ သူမနဲ့ လက်တွဲထားတဲ့ မော်ဒယ်လ်ကောင်လေး တစ်ယောက်ရဲ့ ဗီဒီယိုလေး ပေါ်ထွက်လာခဲ့ပါတယ်။

ဒီဗီဒီယိုကို စည်သူနှင်းမိုး ဆိုတဲ့အဆိုပါ မော်ဒယ်လ်ကောင်လေးရဲ့ story မှာ တင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေက သို့လောသို့လော ဖြစ်ခဲ့ကြတာပါ။ ပရိသတ်တွေထဲက တချို့က G-Fatt ကို လှောင်ပြောင်တဲ့ Me Me တွေ ပြုလုပ်ခဲ့ကြတာကို တွေ့ရပြီး G-Fatt တစ်ယောက်ကျန်ရစ်ဖြစ်ခဲ့ရပြီလို့လည်း ပြောဆိုနေကြပါတယ်။

သူတို့နှစ်ယောက်ပြတ်စဲသွားရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး G – Fatt က ပြောကြားရာမှာတော့ သူနဲ့ နန်းဆုတို့ နှစ်ဦးက ဖူးစာမဆုံပဲ ကွဲသွားတဲ့ အတွဲလေးဖြစ်ကြောင်း၊ လုံးဝလမ်းခွဲလိုက်ပြီဖြစ်ကြောင်း၊ သူငယ်ချင်းလို ဆက်ဆံမှုလည်း မရှိတော့ကြောင်း ဖြေဆိုထားပါတယ်။

နန်းဆုရဲ့ ပရိသတ်တစ်ယောက်ကတော့ နန်းဆုကို အဆိုပါ ဗီဒီယိုလေးနဲ့ ပတ်သက်တဲ့ ကောလာဟလတွေအတွက် သွားရောက်မေးမြန်းခဲ့ရာမှာတော့ နန်းဆုက ဒါဟာ MTV ရိုက်ကူးမှုတစ်ခုလို့ ပြန်ဖြေခဲ့တာ တွေ့ရပါတယ်။ ပြီးတော့ နန်းဆုရဲ့ ဖေ့ဘုတ်မှာ သူမနဲ့ G-Fatt ရဲ့ စုံတွဲပုံလေးတွေကိုလည်း အခုချိန်ထိ မဖျက်သေးပါဘူး။ ပရိသတ်တချို့က G-Fatt ကိုသနားနေကြသလို တချို့ကတော့ နန်းဆုက ပိုချစ်ရဲ့သားနဲ့ G-Fatt ဘက်က အဆင်မပြေတာပါလို့လည်း ဆိုနေကြပါတယ်။ ဘာပဲဖြစ်ဖြစ် အရမ်းလိုက်ဖက်ညီတဲ့ သူတို့စုံတွဲလေးကို ပရိသတ်ကတော့ ပြန်ပြီး နီးစပ်စေချင်နေကြတာ အမှန်ပါပဲ။

Cele Star