လေဆိပ်မှာ တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ကြတဲ့ ဆုန်ကြီးနဲ့ ဆုန်လေး

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အဆိုေတာ္ၾကီး ဆုန္သင္းပါရ္ဟာဆိုရင္ ျမန္မာအုိင္ေဒါလ္မွာ Winner ဆုရွင္ျဖစ္သြားတဲ႔ သူမနဲ႔လူမ်ိဳးတူ ခ်င္းတိုင္းရင္းသူေလး အက္စတာေဒါ့သ္ခ်င္းဆုန္ရ္ကို အားေပးသူတစ္ဦးပါ။

သူမတို႔ႏွစ္ဦးဟာ ျပီးခဲ႔တဲ႔ ျမန္မာအုိင္ေဒါလ္ျပိဳင္ပြဲအတြင္း ဆုန္သင္းပါရ္က ဧည့္သည္အဆိုေတာ္အေနနဲ႔ လာေရာက္သီဆိုစဥ္က ဆံုေတြ႔ဖူးၾကသူေတြျဖစ္ပါတယ္။

အခုလည္း ဆုန္သင္းပါရ္တစ္ေယာက္ တမူးျမိဳ႔ကိုသြားဖို႔ ေလဆိပ္ကိုအလာမွာ ဇာတိျမိဳ႕ဟားခါးကိုျပန္မယ့္ အက္စတာေဒါ့သ္ခ်င္းဆုန္ရ္ နဲ႔ ေလဆိပ္မွာ လာဆံုခဲ႔ရတာျဖစ္ပါတယ္။ ဆုန္သင္းပါရ္က အဆိုပါ တိုက္တိုက္ဆုိင္ဆုိင္ျဖစ္ရပ္ေလးနဲ႔ ပတ္သက္ျပီး တမူးျမိဳ႔သြားမယ့္ဆုန္ၾကီး ဟားခါးျမိဳ႕ျပန္မယ့္ ဆုန္ေလးတို႔ ဆံုၾက ဆိုျပီး ခ်စ္စဖြယ္ေရးသားထားတာပါ။

အက္စတာေဒါ့သ္ခ်င္းဆုန္ရ္ဟာ ဒီေန႔ လြတ္လပ္ေရးေန႔မွာ သူမရဲ႕ ေမြးရပ္ေျမကို ျပန္လည္သြားေရာက္မွာျဖစ္ျပီး သူမကို ေဒသခံေတြက အထူးအစီအစဥ္ေတြနဲ႔ ၾကိဳဆိုဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

အဆိုတော်ကြီး ဆုန်သင်းပါရ်ဟာဆိုရင် မြန်မာအိုင်ဒေါလ်မှာ Winner ဆုရှင်ဖြစ်သွားတဲ့ သူမနဲ့လူမျိုးတူ ချင်းတိုင်းရင်းသူလေး အက်စတာဒေါ့သ်ချင်းဆုန်ရ်ကို အားပေးသူတစ်ဦးပါ။

သူမတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲအတွင်း ဆုန်သင်းပါရ်က ဧည့်သည်အဆိုတော်အနေနဲ့ လာရောက်သီဆိုစဉ်က ဆုံတွေ့ဖူးကြသူတွေဖြစ်ပါတယ်။

အခုလည်း ဆုန်သင်းပါရ်တစ်ယောက် တမူးမြို့ကိုသွားဖို့ လေဆိပ်ကိုအလာမှာ ဇာတိမြို့ဟားခါးကိုပြန်မယ့် အက်စတာဒေါ့သ်ချင်းဆုန်ရ် နဲ့ လေဆိပ်မှာ လာဆုံခဲ့ရတာဖြစ်ပါတယ်။ ဆုန်သင်းပါရ်က အဆိုပါ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ရပ်လေးနဲ့ ပတ်သက်ပြီး တမူးမြို့သွားမယ့်ဆုန်ကြီး ဟားခါးမြို့ပြန်မယ့် ဆုန်လေးတို့ ဆုံကြ ဆိုပြီး ချစ်စဖွယ်ရေးသားထားတာပါ။

အက်စတာဒေါ့သ်ချင်းဆုန်ရ်ဟာ ဒီနေ့ လွတ်လပ်ရေးနေ့မှာ သူမရဲ့ မွေးရပ်မြေကို ပြန်လည်သွားရောက်မှာဖြစ်ပြီး သူမကို ဒေသခံတွေက အထူးအစီအစဉ်တွေနဲ့ ကြိုဆိုဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။