အကောင့်ပြန်ရဖို့ ပိုက်ဆံပေးခဲ့ပေမယ့် ဟက်ကာတွေရဲ့ လူလည်ကျတာထပ်ခံလိုက်ရတဲ့ ခြူးစစ်ဟန်

ဇ္ဂော်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★


” ခြူးစစ် လွန်ခဲ့တဲ့ငါးရက်လောက်က ခြူးစစ်အကောင့် Hack ခံလိုက်ရပါတယ်ရှင့်… မနေ့ကမှ ထုံးစံအတိုင်း ငွေညစ်ခံရတော့ hacker နဲ့ညှိပြီးမှ အကောင့်ကိုမနေ့က ပြန်ရခဲ့တာပါ… ခြူးစစ်က ဒီ page လေးကို ခြူးစစ်ကိုယ်တိုင် admin one only ထဲ ကိုင်ထားတာပါ… ခြူးစစ်အကောင့်ကော page ကော ဆုံးရှုံးမခံနိုင်လို့ hacker ဆီက သူတောင်းတဲ့ငွေကိုညှိပြီးမှ အကောင့်ကော page ကော ပြန်ရဖို့ သဘောတူညီချက်ယူပြီးမှယုံကြည်စွာ သူပေးတဲ့ ဖုန်းနံပါတ်ဆီ wave money နဲ့ ငွေလွဲပေးခဲ့ပါတယ်… ငွေလွဲပြီးရော အကောင့် ပြန်ပေးတော့ ခြူးစစ်ကို ပေ့ခ်ျ ထဲက ထုတ်လိုက်ပြီး admin နေရာကနေ editor နေရာထားပြီး အကောင့်တုတွေက ယခုလက်ရှိ admin နေရာယူထားကြပါတယ်ရှင့်….Hacker ပြောပုံအရာ page ပြန်ပေးမယ် နှစ်ပတ်ထပ်စောင့်ပေးပါဆိုလို့ ခြူးစစ် စောင့်နေပါတယ်… ဒါကြောင့် page မှာ တင်စရာရှိတာ တွေမတင်နိုင်ပဲ စောင့်ဆိုင်း နေရခြင်းဖြစ်ပါတယ်ရှင့်” လို့သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာရေးသားခဲ့တာပါ။


Source – Chuu Sitt Han
Rainbow- Cele Gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

“အကောင့်ပြန်ရဖို့ ပိုက်ဆံပေးခဲ့ပေမယ့် ဟက်ကာတွေရဲ့ လူလည်ကျတာထပ်ခံလိုက်ရတဲ့ ခြူးစစ်ဟန်”

မြန်မာအိုင်ဒေါမှပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ခြူးစစ်ဟန်ကတော့ မကြာသေးခင်က အကောင့်ဟက်ခံခဲ့ရတာဖြစ်ပြီး ဟက်ကာတွေကတော့ ပြိုင်ပွဲဝင်နှင်းအိအိဝင်းထံကိုတောင် ပိုက်ဆံလှမ်းပြီးချေးခဲ့ပါသေးတယ်။ ဟက်ကာတွေရဲ့ထုံးစံအတိုင်း အကောင့်ပြန်လည်ပေးဖို့ ငွေညှစ်ခဲ့တာဖြစ်ပြီး ငွေပေးပြီးတာတောင် အကောင့်ကိုသာပေးခဲ့ပြီး Page ကိုတော့ယတိပြတ်ပြန်လည်ပေးအပ်ခြင်းမရှိသေးတာကြောင့် ခြူးစစ်ဟန်ကတော့ ဝမ်းနည်းနေခဲ့တာပါ။

” ခြူးစစ် လွန်ခဲ့တဲ့ငါးရက်လောက်က ခြူးစစ်အကောင့် Hack ခံလိုက်ရပါတယ်ရှင့်… မနေ့ကမှ ထုံးစံအတိုင်း ငွေညစ်ခံရတော့ hacker နဲ့ညှိပြီးမှ အကောင့်ကိုမနေ့က ပြန်ရခဲ့တာပါ… ခြူးစစ်က ဒီ page လေးကို ခြူးစစ်ကိုယ်တိုင် admin one only ထဲ ကိုင်ထားတာပါ… ခြူးစစ်အကောင့်ကော page ကော ဆုံးရှုံးမခံနိုင်လို့ hacker ဆီက သူတောင်းတဲ့ငွေကိုညှိပြီးမှ အကောင့်ကော page ကော ပြန်ရဖို့ သဘောတူညီချက်ယူပြီးမှယုံကြည်စွာ သူပေးတဲ့ ဖုန်းနံပါတ်ဆီ wave money နဲ့ ငွေလွဲပေးခဲ့ပါတယ်…

ငွေလွဲပြီးရော အကောင့် ပြန်ပေးတော့ ခြူးစစ်ကို ပေ့ချ် ထဲက ထုတ်လိုက်ပြီး admin နေရာကနေ editor နေရာထားပြီး အကောင့်တုတွေက ယခုလက်ရှိ admin နေရာယူထားကြပါတယ်ရှင့်….Hacker ပြောပုံအရာ page ပြန်ပေးမယ် နှစ်ပတ်ထပ်စောင့်ပေးပါဆိုလို့ ခြူးစစ် စောင့်နေပါတယ်… ဒါကြောင့် page မှာ တင်စရာရှိတာ တွေမတင်နိုင်ပဲ စောင့်ဆိုင်း နေရခြင်းဖြစ်ပါတယ်ရှင့်” လို့သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာရေးသားခဲ့တာပါ။

ပိုက်ဆံပေးပြီးတာတောင် အကောင့်ကိုယတိပြတ်မပေးဘဲ အချိန်ဆွဲနေတဲ့ ဟက်ကာတွေကိုတော့ ပရိသတ်တွေက ဒေါသထွက်နေခဲ့တာပါ။ လတ်တလောမှာ အနုပညာရှင်တွေရဲ့အကောင့်တွေကို ဟက်တဲ့သူတွေများလာပြီး ခြူးစစ်ဟန်ကတော့ ပိုက်ဆံပေးခဲ့တာတောင် Page ပြန်ရဖို့စောင့်ရသေးတယ်ဆိုတော့ ဟက်ကာတွေတော်တော်လွန်တယ်မထင်ဘူးလား ပရိသတ်ကြီးရေ…

Source – Chuu Sitt Han
Rainbow- Cele Gabar